Friday, February 22, 2013

မြန်မာ့ရေတပ်အကြောင်း ပြောချင်တာလေးတွေ

အခုတလော ဒေသတွင်းသတင်းတွေမှာ နာမည်ကြီးနေတဲ့ တပ်မတော် (ရေ) ရဲ့ ယိုးဒယားနိုင်ငံ၊ ဖူးကပ်ကို သွားရောက်ခဲ့တာနှင့် ပတ်သက်ပြီး ကျွှန်တော်တို့အတော်များများ အားရနေကြမယ်လို့ ယူဆပါတယ်....။ အမှန်ပြောရရင် တပ်မတော် (ရေ) စာမျက်နှာမှာ တွေ့ရသလို ဒုံးမပါ၊ရေဒါတပ်ဆင်မှုအားနည်းနှင့် ဆိုရင်တော့ အားမရတာ အမှန်ဘဲဖြစ်ပါတယ်...။ ဒါပင်မဲ့ ယိုးဒယားကို တကယ်ရောက်သွားတဲ့ အချိန်မှာတော့ အမြန်တိုက်ခိုက်ရေးယာဉ်တစ်စင်းရဲ့ ရှိသင့်တဲ့ စွမ်းဆောင်ရည်များကို အပြည့်အစုံတပ်ဆင်ထားတာ တွေ့ရပါတယ်....။

တပ်မတော် (ရေ) ၏ အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်များ


တပ်မတော် (ရေ) ရေတပ်သဘောင်္ကျင်းမှာ ထုတ်လုပ်ခဲ့သည့် အဆိုပါ ရေယာဉ်တွေအနေဖြင့် နိုင်ငံတကာကိုပင် သွားရောက်လည်ပတ်နိုင်တဲ့ အထိရှိနေပြီဆိုတာ သိရတဲ့ အတွက် မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့်လည်း ဂုဏ်ယူမိပါတယ်....။ တပ်မတော် (ရေ)ရဲ့ စွမ်းဆောင်ရည်များကို ပြသခွင့်ရခဲ့တယ်လို့လည်း မြင်မိပါတယ်....။ မြန်မာ့တပ်မတော် (ရေ)တွင် အဆိုပါ စစ်ရေယာဉ်များ (၅ စီးရီး ရေယာဉ်များ) အစီးရေ ၂၀ အထိပင် ပိုင်ဆိုင်ထားပြီး ဖြစ်ရာ တပ်မတော် (ရေ)၏ စွမ်းရည်များကို လေ့လာသိရှိနိုင်မည်ဖြစ်သည်....။

စစ်ရေယာဉ်များ တိုးချဲ့သင့်၊မသင့်

ဒီခေါင်းစဉ်ကတော့ ကျွှန်တော့်အတွေးသက်သက်သာဖြစ်ပါတယ်....။ ကျွှန်တော်တို့ ရေတပ်မှာ ဖရီးဂိတ် စစ်ရေယာဉ် (၃)စင်း လက်ရှိ တပ်တော်ဝင်လျက်ရှိပြီး မကြာသေးခင်က ရေချပြီးခဲ့သည့် ကိုယ်ပျောက်နည်းပညာသုံး ဖရီးဂိတ်နှင့်ဆိုပါက (၄)စင်း ရှိလာမည်ဖြစ်ပါသည်....။ အိမ်နီးချင်း ယိုးဒယား နိုင်ငံတွင် လက်ရှိ ၈စင်းပိုင်ဆိုင်ထားပြီး မကြာသေးခင်ကမှ အမေရိကန်ဆီမှ ၂ စင်း နှင့် တရုပ်ရေတပ်၏ နောက်ဆုံးပေါ် နည်းပညာသုံး ဖရီးဂိတ် ၂ စင်း ထပ်မံဝယ်ယူ အားဖြည့်လျက်ရှိပါသည်....။ ဘင်္ဂလားသည်လည်း ဖရီးဂိတ် စစ်ရေယာဉ် ၃-၄ အထိ ဝယ်ယူထားပြီး ဖြစ်ရာ ဖရီးဂိတ် ၆-၇ စီး အထိ ပိုင်ဆိုင်လာကြမည်ဖြစ်ပါသည်....။ တပ်မတော် (ရေ)၏ ဖရီးဂိတ် ပိုင်ဆိုင်မှုနှင့် နှိုင်းယှဉ်ပါက အရေအတွက် သာလွန် နေကြပြီဖြစ်သည်...။

တပ်မတော် (ရေ)တွင်လည်း ဖရီးဂိတ် (၈) စင်း ကော်ဗတ် (၃) စင်း တည်ဆောက်မည့် စီမံကိန်း ရှိထားရာ မည်သည့် အချိန်တွင် အကော်အထည်ဖော်မည်ကို အသေချာမသိရသေးပေ....။ မြန်မာ့ရေပြင်ပိုင်ဆိုင်မှု၊ ကမ်းရိုးတန်း အကျယ်အဝန်းသည် အဆိုပါနိုင်ငံများနှင့် စာရင်အတော်လေး ကျယ်ဝန်းသည်ကို တွေ့ရမည်ဖြစ်ပါသည်....။ မိမိတို့ အနေဖြင့်လည်း နိုင်ငံစီးပွားရေးအရ အမြန်ဆုံး အကော်အထည်ဖော်သင့်သည်ဟု ယုံကြည်ပါသည်.....။ နိုင်ငံစီးပွားရေးဆိုရာတွင် ပင်လယ်ပြင်ဆိုင်ရာ စီးပွားရေးများ၊ ရေနံလုပ်ကွက်များ (မိမိတို့ ရေနံရှာဖွေရေး အဖွဲ့အား ဘင်္ဂလားရေတပ်မှ ပိုင်နက် ကျုးကျော်ကာ ရန်ရှာဘူးသည်...) စသည့်ဖြင့် ရေပေါ်၊ရေအောက် သယံဇာတများအား ကာကွယ်ပေးနိုင်စေရန် ရေတပ်သည် အမှန်တကယ်ပင် တိုးချဲ့သင့်သည်ဟု ယူဆမိပါသည်....။

ယိုးဒယားနိုင်ငံရောက် တပ်မတော် စစ်ရေယာဉ်များ


မိမိတို့နိုင်ငံအနေဖြင့်လည်း ဒေသတွင်း နိုင်ငံများနည်းတူ အဆင့်မှီစေချင်သည်မှာ ကျွှန်တော်တို့ လူငယ်များ၏ နိုင်ငံချစ်စိတ်၊ တပ်မတော်အား အင်းအားတောင့်တင်းစေလိုသော စိတ်သက်သက်ဖြင့် ကျွှန်တော် ရေးရခြင်းဖြစ်ပါသည်ခင်ဗျာ....။ အမှားရှိပါက ခွင့်လွှတ်ကြပါရန်....။


မကြာမှီတွင် ရေတပ်သင်္ဘောကျင်းထုတ် ကမ်းထိုးရေယာဉ် (တင့်၊သံချပ်ကာတင်) များလည်း တပ်တော်ဝင် အခမ်းအနား ကျင်းပမည်ဟု သိခွင့်ရသဖြင့် ရေတပ်အတွက် အားသစ်တစ်ရပ်အဖြစ် မြင်ရပါသည်....။ တပ်မတော် (ရေ)တွင် လက်ရှိအသုံးပြုနေသည့် ကမ်းထိုးရေယာဉ်များ အနေဖြင့်လည်း နိုင်ငံတော်၏ ကာကွယ်ရေးစွမ်းရည် မြင့်တင်မှုအဖြစ် ကမ်းထိုးစစ်ဆင်ရေး လေ့ကျင့်ခန်းများတွင် ပါဝင်လျက်ရှိသည်ကို တွေ့ရပါသည်....။

တပ်မတော် (ရေ) ၏ ကမ်းရိုးတန်း ကင်းစောင့်ရေယာဉ်များ

ဖရီးဂိတ်များ၊ အမြန်တိုက်ခိုက်ရေးယာဉ်များနည်းတူ၊ ကမ်းရိုးတန်း ကင်းလှည့်ယာဉ်များကိုလည်း တပြိုင်တည်း တိုးချဲ့ပေးခြင်းအားဖြင့် ရေကြောင်းမှ ဝင်ရောက်လျက်ရှိသော တိုင်းတပါးသားများအားလည်း ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်....။ လေတပ်အကြောင်းလည်း လေ့လာမိသလောက် တင်ပေးပါဦးမည်...။

Saturday, February 9, 2013

မြန်မာတပ်မတော်နှင့်ဘင်္ဂလားဒေရှ်တပ်မတော်ကိုနှိုင်းယှဉ်ခြင်း

ကို Sky Hunderရဲ့ ဆောင်းပါးလေးကို ထပ်မံဖော်ပြပေးလိုက်ရပါတယ်...။

ဘင်္ဂလားဒေရှ်တို့က စစ်ဖြစ်လျှင် မည်သူသာမည်နည်းကို ထိုသို့ဆိုပါသည်။


"...(၁)မည်သည့်နေရာ၊မည်သည့်အချိန်၊မည်ကဲ့သို့အကြောင်းကြောင့်ပေါ်မူတည်ပါသည်။


(၂)လက်နက်ခြင်းတူခဲ့ရင်တောင်MIG29,F7ခြင်းတူရင်တောင်မြန်မာနိုင်ငံသည်စီပွားရေးပိတ်ဆို့ခံရမူကြောင့်ခေတ်မှီနည်းပညာမပိုင်ဆိုင်နိုင်။ဘင်္ဂလားဒေရှ်သည်တရုပ်၊အိနိယ၊အမေရိကန်တို့နဲ့ပူးပေါင်းစစ်ဆင်ရေးများလုပ်ဖူးသည်။


(၃)ဘင်္ဂလားဒေရှ်သည်operation dessert strom ကဲ့သို့စစ်ဆင်ရေးများတွင်ပါဝင်ဆင်နွဲဖူးပြီးUNနဲ့ပူးပေါင်းစစ်ဆင်ရေးများတွင်လည်းတက်ကြွစွာပါဝင်ခဲ့ဖူးသည်။..."
ဟုဆိုထားပါတယ်။


ထိုကြောင့် သူတို့ပြောသောအရာများနှင့် တကယ်ရှိရင်းစွဲ အခြေအနေကိုက်ညီမူ ရှိမရှိပြန်စဉ်းစား ကြည့်ရမည်။ပြောတိုင်းယုံရမည်မဟုတ်ပါ။ ကျွန်တော်တို့ခွဲခြားကြည့်ရမည်။

အရင်ဦးဆုံးမြေအနေအထားအရ မြန်မာနိုင်ငံသည် အရှေတောင်အာရှရဲ့မြေဧရိယာ အကျယ်ပြန့်ဆုံး နိုင်ငံဖြစ်ပါတယ်။ လူဦးရေသန်း၆၀ခန့်ရှိပြီး တပ်မတော်ရဲ့အင်အားဟာ အရှေတောင်အာရှမှာ ဒုတိယအများဆုံးဖြစ်ပြီး တိုက်ပွဲအတွေ့ကြုံ အလွန်ပြည့်ဝသော တပ်မတော်ဖြစ်ပါတယ်။ တောတွင်းတောင်ပေါ်စစ်ဆင်ရေးများတွင် ဗီယက်နမ်နဲ့အတူ အကောင်းဆုံးတပ်မတော်ဟု သတ်မှတ်ခြင်းခံရပါတယ်။


ဘင်္ဂလားဒေရှ်နိုင်ငံဟာ Pakistan နိုင်ငံမှ၁၉ရ၀ကျော်တွင် ဘာသာရေးမတူညီမူကြောင်ခွဲထွက်ခဲ့ပါတယ်။ လူဦးရေအရမ်းထူထပ်ပြီး စစ်ကိုင်းတိုင်းခန့်သာရှိသော မြေနေရာတွင်လူဦးရေသန်းတစ်ရာကျော်နေထိုင်ပြီး လူဦးရေပေါက်ကွဲမူများ ဖြစ်ပေါ်နေပါတယ်။ထိုလူဦးရေပေါ်က်ကွဲမူသည် အိမ်နီးခြင်းဖြစ်တဲ့ indiaနဲ့မြန်မာကိုယိုစိမ့်နေပါတယ်။ မုန်တိုင်းနှင့်ရေကြီးမြေပြိုမူဒဏ်ကို ကိုနှစ်စဉ်ခံစားနေရသော တိုင်းပြည်ဖြစ်ပါတယ်။


ယခုအခါမြန်မာနှင့်ဘင်္ဂလားဒေရှ်သည် ရေပိုင်နက်ပြသာနာနှင့် လူဦးရေယိုစိမ့်မူကြောင့်ဖြစ်ပေါ်လာသော တရားမ၀င်နေထိုင်မူပြသာနာကြောင့် ရန်သူဟုမဆိုနိုင်သော်လည်း အထူးသတိထားစောင့်ကြည့်ရမည့် အခြေအနေတွင်ရှိနေပါသည်။ ထိုပြင်ဘင်္ဂလားဒေရှ်တပ်မတော်ရဲ့ လက်နက်အပြိုင်အဆိုင် တပ်ဆင်မူနှင့် မြန်မာအပေါ်ရည်ရွယ်ပြီး စစ်ပြင်ဆင်မူတွေလုပ်လာသောကြောင့် ပိုမိုသတိထားစောင့်ကြည့်သင့်ပါတယ်။


တပ်မတော်နှစ်ခုရဲ့ အဆင့်အတန်းကိုနှိုင်းယှဉ်မည်ဆိုပါက နိုင်ငံရေး၊လက်နက်အင်အား၊လူအင်အား၊ စွမ်းဆောင်နိုင်မူအရည်အချင်း၊ လေ့ကျင့်ရေး၊နည်းပညာတိုးတက်မူ၊ တိုက်ပွဲအတွေ့အကြုံ၊ ရေမြေအနေအထား၊ လက်နက်ကိုယ်တိုင်ထုတ်လုပ်နိုင်မူနှင့် တခြားနိုင်ငံများကိုရောင်းခြနိုင်မူ၊ နည်းပညာတိုးတက်ရေးကြိုးပမ်းမူစသည့် အချက်တွေပေါ်မူတည်ပါတယ်။ ထိုပြင်တပ်မတော်သားများရဲ့ ခံယူချက်နှင့် ပင်ကိုယ်စွမ်းရည်ပြည့်ဝမူလည်း လိုပါတယ်။

ထိုအချက်တွေထဲက နိုင်ငံရေးကိုလုံးဝမရေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့မြန်မာ့နိုင်ငံရေးသည် အပြောင်းအလဲမြန်လွန်းနေသောကြောင့်ဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရေးရမှာစိတ်မပါလို့လည်း ပါပါတယ်။ တခြားသောအကျိုးအကြောင်းတွေကို လျို့ဝှက်သောအရာမှ့အပ တင်ပြချင်ပါတယ်။



လေကြောင်းဆိုင်ရာ နှိုင်းယှဉ်ချက်

အရင်ဦးဆုံးလေကြောင်းကနေစပြောကြပါမယ်။ လေကြောင်းစွမ်းအားဟာ ၂၁ရာစုရဲ့ပင်မ အသက်သွေးကြော တစ်ခုဖြစ်လာပါတယ်။ အရေအတွင်အတိအကျ မဟုတ်ပင်မဲ့မြန်မာ အသာစီးမှာရှိနိုင်ပင်မဲ့ သိပ်မကွာလှပါဘူး။ ဒါပင်မဲ့အနာဂတ်စီမံကိန်းနဲ့ မြေအနေအထားမှာတော့ သိသိသာသာ ကွာဟချက်တွေ ရှိနေပါတယ်။ အထူးသဖြင့်မြေအနအထားမှာ ဘင်္ဂလားဒေရှ်နိုင်ငံဟာ သေးငယ်ပါတယ်။ ဒီအတွက်လေယာဉ်များရဲ့ လေ့ကျင့်နိုင်မူဟာ tranning aeraတောင် ကျပ်ညပ်နေပါတယ်။ ထိုပြင်မြေနေရာကျဉ်းသောကြောင့် စုပြုံနေတဲ့ရန်သူကို ခြေမှုန်းရလွယ်ပါတယ်။ 


F7 Fighters

ဒါအပြင်နေရာယူမူ အမှားတွေလည်းရှိနေပါတယ်။ ယခုနောက်ဆုံး အပူတပြင်းဖောက်လုပ်ထားတဲ လေတပ်စခန်းအသစ်ဟာ ရှုးသွက်မူသက်သက်ဖြစ်ပါတယ်။ မဟာဗျုဟာအရ front line airbaseမှန်ပင်မဲ့ နိုင်ငံကျဉ်းလေးအတွက် front line airbase ထားတာဟာ တကယ်မိုက်မဲမူပါ။ အမြောက်တကမ်းစာသာသာမှာ ထားရှိထားတဲ့လေတပ်စခန်းဟာ စစ်ဖြစ်ရင်အရင်ဆုံးခြေမှုန်းခံရပါလိမ့်မယ်။ နောက်တစ်ခုကဘင်္ဂလားဒေရှ်သည်လည်း မြန်မာကဲ့သို့ပင် တခြားစစ်မျက်နှာစာဖြစ်တဲ့ မဟာရန်သူဘက်ကိုသာ အားစိုက်ခဲ့ပြီး တကယ်တမ်းဖြစ်လာတဲ့အခါ စစ်မျက်နှာစာကို အရွေ့အပြောင်းအခုချိန်ထိ ကောင်းကောင်းမလုပ်နိုင်သေးပါ။ ဘင်္ဂလားဒေရှ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးသည်လည်း အလွန်နိမ့်ကျပြီး ရေဒါစခန်းတစ်ခုသာရှိသော နိုင်ငံဖြစ်သောကြောင့် (နောင်တွင်နှစ်ခု) မိမိတို့တပ်မတော်လေရဲ့ ထိုးစစ်ကိုခုခံနိုင်စွမ်း နည်းပါလိမ့်မယ်။

UN တွင် သယ်ပို့တာဝန်ယူနေသည့် Mi17 ရဟတ်ယာဉ်

သိုသော်မိမိဘက်မှပြန်စဉ်းစားလျှင်တော့ မိမိတို့သည်နိုင်ငံကျယ်ပြန့်ခြင်းကြောင့်၊ ပစ်မှတ်ပြန့်ကြဲမူကြောင့်၊ ပစ်ခတ်ရန်ခက်ခဲခြင်း၊ ၂၀၀၀ခုနှစ်နောက်ပိုင်း သိသိသာသာတိုးတက်လာတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်ကြောင့် ထိုးဖောက်ရန် ခက်ခဲပါလိမ့်မည်။ Air Defenceလုပ်ရန်နှင့် close support လောက်သာပြုလုပ်နိုင်မည်ဖြစ်ပြီး ထိုးစစ်အတွက်တော့ မဖြစ်နိုင်ပါ။

A5C Fantan 

 ထိုပြင်ဘင်္ဂလားဒေရှ်၌ A5၇စီးသာရှိသည်ကိုကြည့်ခြင်းနှင့် နောင်ဝယ်ယူမည့်လေယာဉ်သည် F7သာဖြစ်ခြင်းတို့ကြောင့် မြေပြင်ပစ်ကူပေးရေး အပိုင်းအကြီးအကျယ် အားနည်းလာနိုင်ပါသည်။
အနာဂတ်အစီအစဉ်ကို ပြောရရင်ဘင်္ဂလားဒေရှ်အတွက်F7သည် အလွန်အသုံးဝင်ပါတယ်။ Areal interceptorဖြစ်သောကြောင့် သေးငယ်တဲ့နိုင်ငံအဖို့ အလွန်အသုံးဝင်ပါတယ်။ ထိုကြောင့်BAF အနေဖြင့်F7ကို ထပ်မံဖြည့်ခြင်းသည်မှန်သည်ဟု ဆိုနိုင်ပါတယ်။ ဒါပင်မဲ့MAFကထိုF7နှင့်A5အစား 4th generation fighterများဖြင့် အစားထိုးမည်ဟုယူဆရသောကြာင့် အနာဂတ်တွင်ပိုမို အသာစီးရနေနိုင်ပါတယ်



ရေတပ်ဆိုင်ရာ နှိုင်းယှဉ်ချက်

ရေတပ်အနေဖြင့်ယှဉ်ထိုးကြည့်လျှင် လက်ရှိအနေအထားအရ BNက အနည်းငယ်သာသည်ဟု ထင်ရသော်လည်း အနာဂတ်စီမံကိန်း၊ပြည်တွင်းတွင်ရေယာဉ်တည်ဆောက်နိုင်မူ တို့၌ကွာခြားလှမည်။ အနာဂတ်စီမံကိန်းတွင် BNမှရေငုတ်သဘောင်္နှင့်ဖရီးဂိတ်များ ဖြည့်မည်ဆိုသောကြောင့်BNက လုံးဝအသာစီးရနိုင်သည်ဟု ထင်ရသော်လည်း MNသည်ကိုယ်တိုင်ထုတ်လုပ်နိုင်သည်။ 

 တစ်စီးတည်းသော် ခေတ်မှီ ဖရီးဂိတ်

AUNG ZAYYA CLASSဖရီးဂိတ်ကို အောင်မြင်စွာစမ်းသပ်အသုံးပြုနိုင်ပြီး နောက်တွင် ထိုအမျိုးအစားရေယာဉ်များကို အလွယ်တကူ ထပ်မံတည်ဆောက်နိုင်မည်ဖြစ်ပြီး ၀ယ်ယူမှုထက်စရိတ်စက ပိုသက်သာပါတယ်။ BN၀ယ်နိုင်ပြီပဲဆိုဦး တဖြည်းဖြည်းနဲ့တိုးတက်လာမည့် MNကိုတော့ကြာရင် ယှဉ်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါအပြင်F12လို ကိုယ်ပျောက်ဖရီးဂ်တ်တွေကိုထုတ်လုပ်နိုင်ပြီဖြစ်ရာ ရေငုတ်သဘောင်္ဝယ်ဖို့သာ အားစိုက်ရတော့မည်ဖြစ်သည်။ ထိုပြင်5seriesတွေက တော်တော်ကောင်းတယ်လို့လည်း သိရတာကြောင့် MNအတွက် အားတစ်ခုဖြစ်လာမှာပါ။

ကြည်းတပ်ဆိုင်ရာ နှိုင်းယှဉ်ချက်

ကြည်းတပ်ကတော့ ပြောစရာမလိုအောင် ကောင်းမွန်ပြီးသားပါ။ တစ်ဦးခြင်းရဲ့ အရည်အခြင်း အတွေ့အကြုံက အများကြီးသာပါတယ်။ DSAမှာပြောနေကျစကားတစ်ခုလိုပေါ့ မင်းဘာသာမင်း DSAမကလို့ ဘယ်ကဆင်းဆင်းသိပ်မကြောက်တက်ဖူးပြောပြော ပထမဆုံးတိုက်ပွဲမှာတော့ နှာခေါင်းထှယ်ထိုးတာပဲဆိုသလို တိုက်ပွဲရဲ့ဖိအားကို မသိသေးတဲ့ ဘင်္ဂလားဒေရှ်တပ်မတော်အတွက် ကြီးမားတဲ့စိန်ခေါ်မှုပါ။ 


၂၀၀၉ခုနှစ်ကမြန်မာနဲ့စစ်ပြင်ကြတဲ့အခါလစာမလုံလောက်ဟုအကြောင်းပြကာတပ်တွင်းပုန်ကန်မူကြောင့်လူ၅၀၀၀လောက်ထုတ်ပြစ်ရတာလဲBAအတွက်မေးခွန်းထုတ်စရာပါ။

မြို့တွင်းတွင် မော်တာများ အသုံးပြုခဲ့သည့် ဘင်္ဂလားစစ်တပ်

မြို့တွင်းတွင် လေယာဉ်ပစ်စက်အမြောက်အသုံးပြုသည့် ဘင်္ဂလားစစ်တပ်

ပူးပေါင်းစစ်ဆင်ရေးတွေလုပ်သည်ပဲထားဦးတော့ လေယာဉ်တွေကguidedများဖြင့်တော့ပြစ်ဖူးမည်မထင်။ သဘောင်္များကလည်း SSAဒုံးများတော့ပြစ်မည်မထင်။ ထိုကြောင့်လေ့ကျင့်မူသည်ကွာမည်လို့ဆိုနိုင်မည်လော။ Operation dessert STROM တွင် ပါဝင်သည်ဆိုတာကလည်း MEDICALအဖွဲ့နှင့် နောက်ပိုင်းလုံခြုံရေးလောက်သာ။ UN missionတွင်ပါဝင်သည်ဆိုတာကလည်း လုံခြုံရေးယူပေးခြင်းနှင့် လူသားခြင်းစာနာထောက်ထားမူအတွက်သက်သက်သာ။ မိမိတို့ဆီမှာထားလျှင် ကုန်ကျစရိတ်ရှိနေမည့်အတွက် အတွေ့အကြုံရအောင်နှင် ကုန်ကျစရိတ်သက်သာအောင် ထမ်းဆောင်ခိုင်းခြင်းဖြစ်သည်။ ထိုသို့ထမ်းဆောင်ရသည်မှာလည်းရဟတ်ယာဉ်သာဖြစ်သည်။ မည်သို့ပင်ဆိုဆိုထိုမှ အတွေ့အကြုံကောင်းတွေရမည်မှာ အမှန်ပင်။

ဘင်္ဂလားဒေ့်၏ ခေတ်အမှီဆုံးတာတိုပစ် ဒုံးစနစ်

မြန်မာ့ခြေလျှင်နှင့်အမြောက်၏ တိုက်စွမ်းရည်ကအလွန်ကောင်းပြီးသားဖြစ်ပင်မဲ့ ခေတ်မှီနည်းစနစ်များ ပြောင်းလဲအသုံးပြုခြင်းနှင့်  ထိုခေတ်မှီနည်းပညာများကိုတိုက်ပွဲဝင် အသင့်ဖြစ်အောင်လုပ်ရမည်။မြန်မာတပ်မတော်၏ ၇၅ရာခိုင်နှုန်းသောလက်နက်များသည်
 ပြည်တွင်းကထုတ်ခြင်းကြောင့် အများကြီးပိုမိုသာစေပါတယ်။
လေကြောင်းရန်ကာကွယ်ရေး ပဲ့ထိန်းမဲ့ အမြောက်စနစ်


မည်သို့ပင်ဆိုစေကာမူ စစ်ပွဲများဖြစ်လျှင် ရန်သူကိုလျော့တွက်ခြင်းဟာ အရှုံးရဲ့အစပါ။ သူတို့ဘယ်လိုပဲလုပ်လုပ် ကိုယ်တပ်ဖွဲ့ကောင်းဖို့ ခေတ်မှီဖို့လိုပါတယ်။ ဒီအတွက်ရန်သူကို အထင်မသေးဖို့လိုပါတယ်။ ဒီpostက ဘင်္ဂလားဒေရှ်ဘက်ကသာနေပြီလို့ ထင်ပြီးစိတ်ဓာတ်ကျ နေမှာစိုးလို့ပါ။


(တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ သုံးသပ်ချက်တစ်ခုဖြစ်ပါတယ်...။ အသုံးပြုခွင့်ပြုတဲ့ ကို Sky Hunder ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ...။ နောက်လည်း လေတပ်ရဲ့ တိုက်စွမ်းရည်ကဲ့သို့သော အချက်များနှင့် မြန်မာ့တပ်မတော်၏ ဂုဏ်ယူဖွယ် စွမ်းဆောင်ရည်များအား လေ့လာမိစေရန် ဖော်ပြပေးပါဦးမည်....။)

Friday, February 8, 2013

တပ်မတော် (ရေ)၏ ဒေသတွင်း ခရီးစဉ်များ

 Myanmar Navy တွင် ဖ်ာပြထားသော ရေတပ်ဆိုင်ရာ သတင်းတစ်ပ်အား ဖော်ပြပေးအပ်ပါသည်...

တပ်မတော်(ရေ)မှ FAC Missile စစ်ရေယာဉ်နှစ်စီးသည် ဖေဖဝါရီလလယ်ခန့်တွင် ထိုင်းနိုင်ငံသို့ တရားဝင် Ship Visit သွားရောက်မည်ဟု သိရှိရပါသည်။ထို့ပြင် အခြားစစ်ရေယာဉ် အချို့သည်လည်း များမကြာမီ အချိန်ကာလများအတွင်း မလေးရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ သွားရောက်မည်ဟု ကြားသိရပါသည်။

Diplomatic Role သည် ရေတပ်တစ်ခု၏ အဓိက Role (၄)ခု အနက် မရှိမဖြစ် လိုအပ်သော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေပါသည်။ မြန်မာ့တပ်မတော်(ရေ) အနေဖြင့်လည်း သံရေးတမန်ရေး လုပ်ငန်းစဉ်များကို ပတ်ဝန်းကျင် ရေတပ်များနှင့်သာမက ဒေသတွင်း ရေတပ်များအထိပါ မျက်နှာစာ ဖွင့်လှစ်၍ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြောင်း သိရှိရပါသည်။ ယင်းအနက် Ship Visit သွားခြင်း၊ Port Call ပေးခြင်းများသည် သံတမန်ရေး ကြွယ်စေသည့်အပြင် အတွေ့အကြုံ၊ ယုံကြည်မှု နှင့် ပညာရပ်ပိုင်းဆိုင်ရာများအတွက်လည်း များစွာအထောက်အကူ ရစေပါသည်။

တပ်မတော်(ရေ)သည် အကြောင်းအမျိုးမျိုးကြောင့် ဒီဘက်ခေတ်ကာလများအတွင်း အိန္ဒိယနိုင်ငံ ပို့ဘလဲယားတွင် ကျင်းပပြုလုပ်သော MILAN မှလွဲ၍ အခြားသို့ စစ်ရေယာဉ်များ စေလွှတ်မှု မရှိသလောက် နည်းပါးခဲ့ပါသည်။ထို့ကြောင့် ယခု FAC Missile စစ်ရေယာဉ်နှစ်စီး ခရီးစဉ်သည် တပ်မတော်(ရေ)၏ Diplomatic Role အတွက် ခြေလှမ်းသစ် တစ်ရပ်ဟု ခိုင်ခိုင်မာမာ ယုံကြည်နိုင်ပါသည်။
 

 သတိပြုရန်မှာ စစ်ရေယာဉ်တစ်စီး၏ လက်တွေ့အမှန်ရှိနေသော Routine Organization ၊ ကိုယ်ပိုင်စံနူန်း ဓလေ့ထုံးများဖြင့်သာ Mission Accomplish ဖြစ်အောင် တစ်စတစ်စ လေ့ကျင့်ပြင်ဆင်သွားရန် ဖြစ်ပါသည်။တဘက်တွင်လည်း အများသုံး နိုင်ငံတကာစံနူန်းများကိုလည်း နားလည်သိရှိထားရပါမည်။ယာယီသဘောမျှသာ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှအပ အခြားလုပ်ငန်းစဉ်အားလုံးသည် ပုံမှန်ရှိနေကျ ဖွဲ့စည်းမှု အင်အားဖြင့်သာ ခေါက်ရိုးကျိုးလည်ပတ်နိုင်သော Routine များ ဖြစ်သင့်ပါသည်။ 
အမျိုးမျိုးသော အခြေအနေများကြောင့် ချက်ချင်းလက်ငင်း ပြောင်းလဲပစ်ရန် ခဲယဉ်းသေးသော်လည်း စနစ်တကျအစီအမံပြုလုပ်၍ ယခုအချိန်ကတည်းက ဆောင်ရွက်သင့်ပါသည်။ယင်း Plan တွင် HRM နှင့် HRD သည် အဓိကနေရာမှ ပါဝင်နေပြီး Middle Management (eg. ဗျုဟာ)နှင့် First Line Management (eg. ရေယာဉ်) တွင်ရှိနေသော Commander များမှ ကျွမ်းကျွမ်းကျင်ကျင် နားလည်သိရှိ ဆောင်ရွက်တတ်ရန် အရေးကြီးပါသည်။

အထူးသဖြင့် မိမိတို့၏ မဟာဗျုဟာနှင့် နည်းဗျုဟာအရ ဦးစားပေးမူ ထိပ်စည်းတွင် ရှိနေပြီး To Float ၊ To Move ၊To Fight သတ်မှတ်ချက်ရာခိုင်နူန်း အဆင့်မီသည့် စစ်ရေယာဉ်များအတွက် မြန်မြန်ဆန်ဆန်ဆောင်ရွက်ရမည်ဟု နားလည်မိပါသည်။

မောင်ဝါဆို
Credit- Myanmar Navy

မြန်မာ့တပ်မတော် (လေ)ရှိ တိုက်လေယာဉ်များ

ကျွှန်တော်လည်း ဒီဆိုက်နှင့်အဆက်ပြတ်နေတာကြာပြီးနော်... ဒီနေ့တော့ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးစွမ်းရည်၊စစ်ဆင်ရေးစွမ်းရည်တွေကို မိမိလေ့လာမိသလောက်နှင့် တဆင့်ကြားသိရတဲ့ အချက်လက်တွေကို ပေါင်းပြီးတင်ပေးပါ့မယ်ခင်ဗျာ.....။

အခုတလော ကျွှန်တော်သိခွင့်ရတာကတော့ မြန်မာ့တပ်မတော် (လေ)နှင့် ပတ်သက်တဲ့ သတင်းတွေဘဲဖြစ်ပါတယ်....။ မြန်မာ့တပ်မတော် (လေ)ရဲ့ တိုက်လေယာဉ်များအနက် လေတပ်ရဲ့ ပင်မကျောရိုးတစ်ခုဖြစ်ခဲ့တဲ့ အက်ဖ်-၇ တိုက်လေယာဉ်များကို အဆင့်မြှင့်တင်မှု၊ မြေပြင်တိုက်ခိုက်ရေး၊ပစ်ကူပေးရေး တိုက်လေယာဉ်အမျိုးအစားဖြစ်တဲ့ အေ-၅ တိုက်လေယာဉ်များအကြောင်းဘဲဖြစ်ပါတယ်.....။
တပ်မတော် (လေ)၏ ကေ-၈ အမောင်းသင် ဂျက်လေယာဉ်များ
K8W Light Attack Jets

လေသူရဲများအတွက် အထူးလိုအပ်သည့် လေ့ကျင့်ရေးသုံး K8W ဂျက်လေယာဉ်များ

ကေ-၈ဒဗလူ အမောင်းသင်နှင့် အပေါ့စားတိုက်လေယာဉ်များရဲ့ စွမ်းဆောင်ရည်ကတော့ အတော်များများ သိပြီးဖြစ်လို့ မရေးတော့ပါဘူး....။


အက်ဖ်-၇ တိုက်လေယာဉ်များ

အက်ဖ်-၇ တိုက်လေယာဉ်များအနေနှင့် မြန်မာ့ဝေဟင်ကို ဆယ်စုနှစ် (၂)ခုကျော်ကြာ ကာကွယ်ပေးခဲ့တယ်ဆိုတာ အားလုံးအသိဘဲဖြစ်ပါတယ်....။ ပြည်ပကျူးကျော်မှုရန်ကဲ့သို့သော ဖြစ်စဉ်များကိုလည်း အက်ဖ်-၇ တိုက်လေယာဉ်များဟာ ကာကွယ်နိုင်ခဲ့ပါတယ်....။ တရားဝင်ထုတ်ပြန်မှုမရှိသေးပင်မဲ့ ရရှိထားတဲ့ မှတ်တမ်းများအရဆိုရင် အက်ဖ်-၇ တိုက်လေယာဉ်များဟာ မူလဝယ်ယူသည့် အဆင့်မှသည် နောက်ဆုံးခေတ်မှီနည်းပညာသုံး တိုက်လေယာဉ်များအဖြင့် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်.....။

မြန်မာ့တပ်မတော် (လေ)၏ အက်ဖ်-၇ IIK အမျိုးအစားတိုက်လေယာဉ်များ

တိုက်လေယာဉ်၏ ရန်သူ့တိုက်လေယာဉ်များအား ချေမှုန်းရာတွင် အထူးလိုအပ်လျက်ရှိသော ပစ်မှတ်ရှာစနစ်များအပြင် တိုက်လေသူရဲများ၏ စွမ်းဆောင်ရည်များသည် ယခုနောက်ပိုင်းတွင် သိသိသာသာ တိုးတက်လျှက်ရှိသည်ဟု သိရပါသည်...။ လေ့ကျင့်မှုးအားကောင်းခြင်းနှင့် ခေတ်မှီနည်းပညာများပေါင်းစပ်ထားသည့် တပ်မတော် (လေ)သည် မြန်မာ့ဝေဟင်ပိုင်နက်အား အပြည့်အဝကာကွယ်ပေးလျက်ရှိပါသည်....။

အေ-၅ မြေပြင်ပစ်ကူပေး၊ချေမှုန်းရေး တိုက်လေယာဉ်များ

တပ်မတော် (လေ)ရဲ့ အေ-၅ တိုက်လေယာဉ်များကို အဆင့်မြှင့်တင်ပေးနိုင်မှုဟာလည်း ဂုဏ်ယူစရာကောင်းပါတယ်....။ အက်ဖ်-၇ တိုက်လေယာဉ်များနည်းတူ လေတပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။....။ အစောပိုင်းကာလက အေ-၅ တိုက်လေယာဉ်များကို အနားပေးလျက် JH-7 မြေပြင်တိုက်ခိုက်ရေးယာဉ်များမှာယူထားတယ်လို့ သိရပင်မဲ့ ယခုတော့ အဆိုပါ အေ-၅ များကို အနားပေးခြင်းမဟုတ်ဘဲ အဆင့်မြှင့်တင်ထားပြီးဖြစ်ကာ JH-7 တိုက်လေယာဉ်များသာ ထပ်မံအားဖြည့်ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်....။

အဆင့်မြှင့်တင်မှု့ ပြုလုပ်ထားသည့် A5 JK တိုက်လေယာဉ်


နောက်ဆက်တွဲ
နိုင်ငံတော်အား ကာကွယ်ရန် သင့်အား တပ်မတော် (လေ)မှ အလိုရှိသည်

မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ) ၏ နိုင်ငံတော်ကို အကာကွယ်ပေးနေတော စစ်လက်နက်များ၊ စွမ်းရည်များကို ဖော်ပြပေးခြင်းအားဖြင့် မျိုးဆက်သစ်လူငယ်များအနေဖြင့်လည်း မိမိနိုင်ငံအား ကာကွယ်ပေးမည့်ဟူသော စိတ်ဓါတ်များ၊ တပ်မတော်၏ ဂုဏ်ယူဖွယ် ကာကွယ်ရေးစွမ်းရည်များကို သိရှိလာစေမည့်အပြင် စစ်လက်နက်များ စိတ်ဝင်စားသူ မည်သူမဆို လေ့လာနိုင်စေရန် ရည်ရွှယ်ပါသည်ခင်ဗျာ....။ မြန်မာ့ မြေပြင်၊ရေပြင်၊ဝေဟင် ပိုင်နက်အား အကာကွယ်ပေးခြင်းမှာ နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်ပါသည်....။

ဒီနေ့တော့ အစမ်းပေါ့ဗျာ မရေးတာကြာလို့ပါ.... ထပ်ရေးပေးပါဦးမယ်ခင်ဗျာ...။ အားလုံးကို ကျေးဇူးပါ....။