Saturday, December 29, 2012

ရေတပ်သတင်း စုံစုံလင်လင်

မြန်မာ့တပ်မတော် (ရေ) နှင့် ပတ်သက်တဲ့ သတင်းတွေ၊ဓါတ်ပုံတွေကို အဓိကတင်ဖြစ်တဲ့ဆိုက်ဖြစ်တာမို့ အခုလည်း ရေတပ်ဆိုင်ရာ မိမိလေ့လာမိတာတွေကို အနည်းငယ်ပြန်လည်မျှဝေချင်ပါတယ်.....။

တပ်မတော် (ရေ)၏ စစ်ရေယာဉ်သစ်များ တပ်တော်ဝင်အခမ်းအနား

တပ်မတော် (ရေ) အနေဖြင့် ရေယာဉ် ကြီး၊ငယ် မျိုးစုံအား ပြည်တွင်းတွင်ပင် တပ်ဆင်ထုတ်လုပ်နိုင်နေပြီဆိုတာ အားလုံးလည်း သိကြမှာဖြစ်ပါတယ်.....။ စစ်ရေယာဉ်တွေ တည်ဆောက်မှု့ သမိုင်းများအရဆိုရင်တော့ အခုနောက်ဆုံး ရေချပြီး လက်နက်တပ်ဆင်မှုအပိုင်းကို ဆက်လက်လုပ်ဆောင်နေတဲ့ ကျန်စစ်သား ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်ကြီးဟာ ရေတပ်ရဲ့ သမိုင်းမှတ်တိုင်သစ်တစ်ခုလို့ ယူဆနိုင်ပါတယ်....။


ဘာကြောင့်လည်းဆိုတော့ အဆိုပါရေယာဉ်ကြီးဟာ သမာရိုးကျရေယာဉ်များထဲက ခွဲထွက်ပြီး ရေဒါပျောက်နည်းပညာသုံးထားသည့် ဖရီးဂိတ်ကြီးတစ်စင်း ဖြစ်နေလို့ပါဘဲ....။ မကြာသေးခင်ကမှ တပ်တော်ဝင် အခမ်းအနားကျင်းပခဲ့တဲ့  ၄၉ မီတာ အရှည်ရှိ ကိုယ်ပျောက်နည်းပညာသုံး တိုက်ခိုက်ရေးယာဉ်ဟာလည်း ရေဒါပျောက်နည်းပညာသုံး တိုက်ခိုက်ရေးယာဉ် တစ်စင်းဖြစ်ပြီး ယခုဖော်ပြမဲ့ ကျန်စစ်သားရေယာဉ်ဟာ တပ်မတော် (ရေ)၏ ဒုတိယမြောက် ရေဒါပျောက်နည်းပညာသုံး စစ်ရေယာဉ်ဖြစ်ပါတယ်.....။

၄၇မီတာအရှည်ရှိ ရေယာဉ်များနှင့် ပတ်သက်၍ အချက်လက်တချို့....

"....(၆၅)နှစ်မြောက် တပ်မတော်(ရေ)နေ့တွင် တပ်တော်ဝင်ခဲ့သည့် ၄၇ မီတာ စစ်ရေယာဉ် ၄ စီး သည် ယခင် 5 Series များကဲ့သို့ပင် မြန်နူန်းကောင်းသော ဒီဇိုင်းဖြစ်သော်လည်း အဆင့်အနည်းငယ် မြှင့်ထားသည့် 40 mm အမြောက်နှင့် 14.5 mm Gun များသာ တပ်ဆင်ထားကြောင်း တွေ့ရသည်။အချိန်ယူရသည့် Platform ကို ပထမအဆင့် ဦးစားပေး တည်ဆောက်၍ ဒုံပျံ၊ အခြားလက်နက်နှင့် လက်နက်စနစ်များကို အချိန်အတိုင်းအတာ တစ်ခုအတွင်း ထပ်မံ တပ်ဆင်သွားနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်။သို့ရာတွင် လက်ရှိအနေအထားအရ Constabulary Role တွင် တာဝန်ပေးအပ်နိုင်သော အခြေအနေ ရှိပါသည်။....."

 လက်နက်တပ်ဆင်မှု အရ လောလောဆယ်တွင် ဒုံးပျံများအား တပ်ဆင်မထားသေ စေကာမှု ဒုံးတပ်ဆင်မှု အပိုင်းအား ဆက်လက်လုပ်ဆောင်မည်ဟု သိရပါသည်...။ ရေယာဉ်၏အမြောက်အဖြစ် ၄၀ မမ အမြောက်စနစ်အား တပ်ဆင်ထားပြီး  ၁၄.၅မမ ၂  လက်တပ်ဆင်ထားပါသည်....။ ဒုံးစနစ်အဖြစ် စီ-၈၀၁/၈၀၂ များအား တပ်ဆင်ထားပါမည်....။

၄၉ မီတာအရှည်ရှိသည့် ရေယာဉ်၏ အချက်လက်တချို့ .....


"...၄၉ မီတာ စစ်ရေယာဉ်သည် မြန်မာ့တပ်မတော်(ရေ)၏ ကိုယ်တိုင်တည်ဆောက်သော ပထမဆုံး ကိုယ်ပျောက်နည်းပညာသုံး အမြန်သွားတိုက်ခိုက်ရေးရေယာဉ်ဖြစ်ပြီး C-802 ဒုံးပျံ ၄ စင်း၊CIWS များ၊ EW စနစ်များ နှင့် Integrated Command and Control စနစ်များ တပ်ဆင်ထားရှိမည်ဟု ခန့်မှန်းရသည်။ရေဒါဖြင့် ဖမ်းယူရန်ခက်ခဲပြီး မြန်နူန်းမြင့် စွမ်းရည်ရှိသဖြင့် ရေပြင်စစ်ဆင်ရေးနှင့် ကြားဖြတ်တိုက်ခိုက်ရေးအတွက် အထူးသင့်တော်သည်ဟု ယူဆနိုင်သည်။...."

 ၄၉ မီတာ အမြန်တိုက်ခိုက်ရေး ရေယာဉ်မှာ တပ်ဆင်ထားတဲ့ လက်နက်စနစ်တွေကို ကြည့်လိုက်မယ်ဆိုရင် ဒေသတွင်းရေတပ်များတွင် အသုံးပြုထားသည့် လက်နက်စနစ်များအား ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာ သိသာပါတယ်....။ ရေယာဉ်ရဲ့ အဓိက ဒုံးလက်နက်ဖြစ်တဲ့ စီ-၈၀၂ ပဲ့ထိန်းဒုံးစနစ်ဟာ အကွာအဝေး ကီလိုမီတာ ၁၂၀ကျော်အထိ ပစ်ခတ်နိုင်စွမ်းရှိပြီး ရန်သူ့ရေယာဉ်ကို ကောင်းကောင်းချေမှုန်းနစ်မြုပ်ပစ်နိုင်တဲ့ ဒုံးစနစ်ဖြစ်ပါတယ်....။ စီ-၈၀၂ ဒုံးစနစ်ဟာ အပြင်မှ လက်တွေ့အသုံးပြုတိုက်ခိုက်ခဲ့ဘူးတဲ့ သာဓကတွေရှိပါတယ်.....။ တကယ်ထိရောက်တဲ့စနစ်ပါ....။

စီ-၈၀၂ × ၄  စင်းဟာ အမြန်တိုက်ခိုက်ရေး ရေယာဉ်တစ်စင်းအတွက် လုံလောက်တယ်လို့ ဆိုနိုင်ပါတယ်.....။ ၅ စီးရီးရေယာဉ်တွေဖြစ်တဲ့ ၅၆၁ နှင့်အထက် စစ်ရေယာဉ်များမှာလည်း စီ-၈၀၂ ဒုံးတွေတပ်ဆင်ထားပါတယ်.....။ မြန်နှုန်းမြင့်စက်အမြောက်စနစ်ဖြစ်တဲ့ CIWS စနစ်မှာလည်း အရင်ကအသုံးပြုခဲ့တဲ့ အေကေ-၂၃၀ တွေအစား ပိုမိုပစ်အားကောင်းတဲ့ အေကေ-၆၃၀ စနစ်ကို တပ်ဆင်ထားပါတယ်....။

ကျန်စစ်သား ဖရီးဂိတ်စစ်ရေယာဉ်

ကျန်စစ်သားဖရီးဂိတ်စစ်ရေယာဉ်ကို အရမ်းစိတ်ဝင်စားမိပင်မဲ့ ရရှိထားတဲ့ အချက်လက်တွေက အနည်းငယ်ဘဲရရှိထားပါတယ်....။ အချက်လက်တွေအပေါ်မှာ အခြေခံပြီးရေးရမယ်ဆိုရင်တော့...။ ကျန်စစ်သားရေယာဉ်ကို တပ်မတော် (ရေ) ရေတပ်သင်္ဘောကျင်းမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလထဲမှာဘဲ ရေချနိုင်ခဲ့ပြီးဖြစ်ပါတယ်....။ ကိုယ်ပျောက်နည်းပညာအသုံးပြုထားကာ လက်နက်စနစ်များအရတော့ အရင် အောင်ဇေယျ F11 ကဲ့သို့ပင် ရုရှားရေတပ်၏ ခေတ်မှီနည်းပညာသုံး ပဲ့ထိန်းဒုံးစနစ် Kh-35E ဒုံးအမျိုးအစားကိုပင် တပ်ဆင်မည်ဟု ယူဆရနိုင်ပါတယ်....။ 
 ကျန်စစ်သားစစ်ရေယာဉ်၏ တည်ဆောက်မှု မှတ်တမ်း


CIWS စနစ်အဖြစ် အေကေ-၆၃၀ စနစ်များအား တပ်ဆင်ကာ ရေပေါ်ရေအောက် စစ်ဆင်နိုင်မည့် လက်နက်စနစ်များပါရှိမည်ဖြစ်ပါသည်....။ အောင်ဇေယျ စစ်ရေယာဉ်ပြီးနောက် ဒုတိယမြောက် တည်ဆောက်ခဲ့သော် ဖရီးဂိတ်စစ်ရေယာဉ်ဖြစ်ပြီး လက်ရှိ တပ်မတော် (ရေ)တွင် ဖရီးဂိတ် (၃)စင်းမှ တာဝန်ထမ်းဆောင်နေပါသည်....။

အောင်ဇေယျ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်

အောင်ဇေယျ စစ်ရေယာဉ်အနေဖြင့် အရင်က ရေပြင်မှရေပြင်ပစ် ဒုံးပျံများအား ၄ စင်းသာ တပ်ဆင်ထားသည်ကို တွေ့ရပြီး ယခုနောက်ဆုံး (တပ်တော်ဝင်အခမ်းအနား) တွင်မူ Kh-35E ဒုံးပျံ ၈ စင်း တပ်ဆင်ထားကြောင်းတွေ့ရပါသည်....။

နောက်ဆုံးအချက်လက်တွေဖော်ပြပေးပါ့မယ်....

၄၉မီတာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်

ဧရာခင်းအခမ်းအနား .............၂၁၊ မတ်လ ၂၀၁၀

ရေချအခမ်းအနား ..................၁၄၊ ဖေဖော်ဝါရီလ ၂၀၁၂

ပထမအကြိမ်စမ်းသပ်မောင်းနှင်ခြင်း............... ၂၄၊ စက်တင်ဘာလ ၂၀၁၂ (ရန်ကုန်မြစ်အတွင်းတွင် ခရီးတို စက်စမ်းသပ်မောင်းနှင်ခြင်း)

ဒုတိယအကြိမ်စမ်းသပ်မောင်းနှင်ခြင်း.............. ၂၀၊ အောက်တိုဘာလ ၂၀၁၂ ( ပင်လယ်ပြင် ခရီးရှည် စက်စမ်းသပ်မောင်းနှင်ခြင်း)

ရေယာဉ်တွင် စက်မကြီး ၄ လုံးတပ်ဆင်ထားသည်။

ရေယာဉ်သွားနှုန်း............. ၁ နာရီတွင် ရေမိုင် ၃၀နှင့်အထက်

စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရာတွင် ၁နာရီတွင် ရေမိုင် ၂၂ မိုင်နှုန်း မောင်းနှင်၍ ရေမိုင် ခရီး ၁၀၀၀ ကို ဆီ၊ရေ ထပ်မံဖြည့်တင်းစရာမလိုဘဲ အဆက်မပြတ်မောင်းနှင်နိုင်သည်။ ဒုံးပျံစနစ်များ၊လေကြောင်းရန် ကာကွယ်ရေးစနစ်များ ၊ အာရုံခံကိရိယာရေဒါစနစ်များ တပ်ဆင်ထားသဖြင့် လှိုင်းလေကြားတွင် အီလက်ထရွှန်နစ်စစ်ဆင်ရေးများအား ထိရောက်စွာတိုက်ပွဲဝင်နိုင်ပါသည်....။



မီတာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ်


ဧရာခင်းအခမ်းအနား .............ဇန်နဝါရီ နှင့် မတ်လ ၂၀၀၉

ရေချအခမ်းအနား ..................၂၁၊ မတ်လ ၂၀၁၁

ပထမအကြိမ်စမ်းသပ်မောင်းနှင်ခြင်း...............  စက်တင်ဘာလ ၂၀၁၁ မှ ဇန်နဝါရီ ၂၀၁၂ အတွင်း  (ရန်ကုန်မြစ်အတွင်းတွင် ခရီးတို စက်စမ်းသပ်မောင်းနှင်ခြင်း)

ဒုတိယအကြိမ်စမ်းသပ်မောင်းနှင်ခြင်း..............  အောက်တိုဘာလ မှ ဒီဇင်ဘာလအတွင်း ၂၀၁၁ ( ပင်လယ်ပြင် ခရီးရှည် စက်စမ်းသပ်မောင်းနှင်ခြင်း) စသည်ဖြင့် လေ့လာမှတ်သားရပါသည်....။


ရေတပ်အကြောင်းလေးတွေကတော့ ဒီနေ့အတွက် ဒီလောက်ပါဘဲခင်ဗျာ... ရေးလက်စ ပိုစ့်တွေအနေနှင့် ထပ်ပြီးလေ့လာစရာလေးတွေ ရှိနေလို့ပါ....။ အဆင်ပြေရင်တင်ပေးပါဦးမယ်ခင်ဗျာ...( အားလုံးကိုကျေးဇူး အထူးပါ.....။)

ကိုးကား- မြန်မာ့ရေတပ်
           - မြဝတီသတင်းဌါန သတင်းများ
           - ညီ၊အစ်ကို နှင့် မိတ်ဆွေများ

Sunday, December 23, 2012

ကိုယ်ပျောက် စစ်ရေယာဉ်နှင့် စနစ်သစ်

ဒီနေ့ပိုစ့်ရေးချင်စိတ်လေးရှိနေလို့ ပိုစ့်အတိုလေးရေးလိုက်ရပါတယ်....။

မြန်မာ့တပ်မတော် (ရေ)ရဲ့ (၆၅) နှစ်မြောက် မွေးနေ့ဖြစ်သလို ကျွှန်တော်အတွက်လည်း နေ့ထူးလေးတစ်နေ့ဖြစ်နေလို့ပါ.....။ ဘာကြောင့်ထူးရပါသလည်းဆိုရင်.....

မြန်မာ့တပ်မတော် (ရေ) အနေနှင့် ၄၉မီတာရှိသည့် ကိုယ်ပျောက်နည်းပညာသုံး စစ်ရေယာဉ်ထုတ်လုပ်နေပြီဆိုတာ အရင်ကလည်း ပုံတွေနှင့်တကွ တင်ပြပေးဘူးပါတယ်.... တပ်ဆင်လက်နက်များနှင့်ပတ်သက်လို့လည်း ခန့်မှန်းရေးခဲ့ဘူးပါတယ်... ဒီကနေ့မှာတော့ ရရှိထားတဲ့ ဓါတ်ပုံများအရ လေ့လာကြည့်မယ်ဆိုရင် ပင်မအမြောက်စနစ်အဖြစ် AK-630 CIWS စနစ်ကို အသုံးပြုထားပါတယ်....။

 အေကေ-၆၃၀ ဒီဇိုင်းသစ်အား ရေတပ် စစ်ရေယာဉ်ပေါ်တွင် တွေ့ရစဉ်


ဒုံးလက်နက်စနစ်ကတော့ စီ-၈၀၂ ရေပြင်မှရေပြင်ပစ် ပဲ့ထိန်းဒုံးများဘဲဖြစ်ပါတယ်.....။ ဒုံးလက်နက်ကို ၅၆၂ စစ်ရေယာဉ်များကဲ့သို့ပင် (၂)စင်း တပ်ဆင်ထားပြီး ခေတ်မှီရေဒါစနစ်တွေ ပြည့်ပြည့်စုံစုံတပ်ဆင်ထားတာ တွေ့ရမှာဖြစ်ပါတယ်....။ ဒီနေရာမှ အနည်းငယ် ထပ်ပြီးလေ့လာကြည့်လိုက်မယ်ဆိုရင်တော့ စစ်ရေယာဉ်ရဲ့ Main Gun အဖြစ်သုံးတဲ့ အေကေ-၆၃၀ စနစ်ပါ၊ အခုတွေ့ရတဲ့ အေကေ-၆၃၀ စနစ်ဟာ အရင်ကအသုံးပြုခဲ့ဘူးတဲ့ အရင်ပုံစံဒီဇိုင်းမဟုတ်ဘဲ ဒီဇိုင်းအသစ်ဖြစ်ပါတယ်....။ ဒီ ဒီဇိုင်းကို ရုရှားရဲ့ မူလ အေကေ-၆၃၀ကို တရုပ်တပ်မတော်မှ အဆင့်မြှင့်တင်ကာ ထုတ်လုပ်ထားကြောင်း သိရပါသည်....။

တပ်မတော် (ရေ)၏ ကိုယ်ပျောက်နည်းပညာသုံး စစ်ရေယာဉ်အသစ်

အဆိုပါ စနစ်ရဲ့ ပုံစံကိုလေ့လာကြည့်မယ်ဆိုရင် ရန်သူ့စစ်သင်္ဘောများ၏ ရေဒါထောက်လှမ်းမှုမှာ ရှောင်ကွင်းနိုင်စေရန် ရည်ရွှယ်ကာ ထုတ်လုပ်ထားသည်ကို တွေ့ရမှာဖြစ်ပါတယ်....။

 တရုပ်ရေတပ်၏ ပုံစံ-၂၂ စစ်ရေယာဉ်ပေါ်တွင် အသုံးပြုထား


တပ်မတော် (ရေ)အနေနှင့် ကိုယ်ပျောက်နည်းပညာသုံး စစ်သင်္ဘောများထုတ်လုပ်နိုင်မှုကို မြန်မာ့ရေတပ်မတော် အတွက်သာမက မြန်မာ့ပင်လယ်ပြင် ကာကွယ်နိုင်မှုတွင် အင်အားတစ်ရပ်အဖြစ် ရပ်တည်နေနိုင်တော့မည်ဖြစ်ကြောင်း ဒီပိုစ့်လေးနှင့် ထပ်မံဂုဏ်ပြုလိုက်ရပါသည်ခင်ဗျာ.....။

Friday, December 21, 2012

တပ်မတော် (ရေ)၏ (၆၅) နှစ်မြောက် အခမ်းအနားအား ကြိုဆိုလျက်..

ကျွှန်တော်တို့အနေနှင့် တပ်မတော် (လေ) အထိမ်းအမှတ်ပြီးတော့ ဆက်လက်ရင်ခုန်စရာကောင်းတာကတော့ တပ်မတော် (ရေ) ရဲ့ အထိမ်းအမှတ်နေ့ အခမ်းအနားဘဲဖြစ်ပါတယ်....။ အခုချိန်ထိတော့ ဘယ်လိုလာမလဲဆိုတာ အသေချာမသိရသေးပင်မဲ့ အရင်နှစ်တွေထက်တော့ ထူးမယ်လို့ မျှော်လင့်ရပါတယ်....။

"(၂၄-၁၂-၂၀၁၂)ရက်နေ့တွင် ကျရောက်မည့် (၆၅)နှစ်မြောက် တပ်မတော်(ရေ)နေ့တွင် မိမိတို့ ပြည်တွင်း၌တည်ဆောက်သော ၄၅/၄၇ မီတာ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် ၄ စီး (၅၆၇၊၅၆၈၊၅၆၉၊၅၇၀) နှင့် ၄၉ မီတာ ကိုယ်ပျောက်နည်းပညာသုံး ရေယာဉ် ၁ စီး (၄၉၁) တို့အား တပ်တော်ဝင်အခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း နှင့် ယင်းအခမ်းအနားသို့ တပ်မတော်အကြီးအကဲများ
တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ တပ်မတော်(ရေ)နေ့အား ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုဖော်ပြအပ်ပါသည်။"


မြန်မာ့တပ်မတော် (ရေ)ရဲ့ Official စာမျက်နှာတစ်ခုမဟုတ်ပင့်မဲ တိကျမှန်ကန်တဲ့ သတင်းတွေ၊ဓါတ်ပုံတွေကို တင်ပေးတတ်တဲ့ Myanmar Navy ရဲ့ ဖေ့ဘုတ်မှာ တင်ပေးထားတဲ့ အချက်လက်တွေဖြစ်ပါတယ်....။ ဒီသတင်းကို ဖတ်ပြီး ပြောမပြနိုင်လောက်အောင်ကို ဂုဏ်ယူမိပါတယ်ခင်ဗျာ... ဘာကြောင့်ဆိုရင် အခုချိန်ဟာ ကျွှန်တော်တို့ အမြဲသတိပေးနေသလိုဘဲ ရန်သူဘင်္ဂလားရေတပ်က အင်အားအဆမတန်တိုးချဲ့နေချိန်မို့လို့လည်း ဖြစ်ပါတယ်....။

 တပ်တော်ဝင်တော့မည် စစ်ရေယာဉ် ၄၉၁ (လက်နက်မတပ်ဆင်မှီက)


အမြန်သွားတိုက်ခိုက်ရေးယာဉ် ၅၅၁ မှစတင်ကာ တပ်မတော် (ရေ)၏ လိုအပ်ချက်များနှင့်အညီ ဖြည့်တင်းတည်ဆောက်လျှက်ရှိသော စစ်ရေယာဉ်များကို ယခုအခါတွင် အစီးရေ (၂၀)ကျော်ကာ ၅၇၀ အထိပင် တပ်တော်ဝင်အခမ်းအနားကျင်းပနိုင်တော့မည် ဖြစ်ပါသည်....။ ထို့ပြင် မိမိတို့ ပြည်တွင်းထုတ်   ၄၉ မီတာ ကိုယ်ပျောက်နည်းပညာသုံး ရေယာဉ် (၄၉၁) သည်လည်း တပ်မတော် (ရေ)တွင် စတင်တာဝန်ထမ်းဆောင်တော့မည်ဖြစ်ရာ မြန်မာ့တပ်မတော် (ရေ)၏ ရေပြင်ပိုင်နက်ကာကွယ်မှုအား ပိုမိုထိရောက်လာစေတော့မည်ဖြစ်ပါသည်....။ 

မြန်မာ့တပ်မတော် (ရေ)၏ အားထားဖွယ်ရာ ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်အမျိုးအစား

 မြန်မာ့တပ်မတော် (ရေ)၏ ရေပြင်ပိုင်နက်အား ကာကွယ်ပေးမှုများအနက် သမိုင်းဝင်မှတ်တမ်း ဓါတ်ပုံတချို့ဖြစ်ပါတယ်....။ မြန်မာ့ရေပြင်အား လာရောက်ကျုးကျော်နေသော ဘင်္ဂလားရေတပ်အား မောင်းထုတ်ပေးခဲ့သည့် တပ်မတော် (ရေ)မှ စစ်ရေယာဉ်များနှင့် ရန်သူ့ရေယာဉ်များ ထိတွေ့မှု.....

ရေတပ် စစ်ရေယာဉ် (၅၇) အင်ယားနှင့် ထိတွေ့မှု
 အမြန်သွား တိုက်ခိုက်ရေးယာဉ် စစ်ရေယာဉ် ၅၅၄ နှင့် ထိတွေ့မှု
ရေနံရှာဖွေရေးလုပ်ငန်းများအား ကာကွယ်ပေးထားသည့် စစ်ရေယာဉ်များ

တပ်မတော် (ရေ)ရဲ့ ကိုယ်ပျောက် နည်းပညာသုံး စစ်ရေယာဉ် F12 ကျန်စစ်သား ဖရီးဂိတ်ကြီးဟာလည်း မကြာမှီ လက်နက်တပ်ဆင်မှုအပိုင်းပြီးစီးတော့မှာ ဖြစ်လို့ ရှည်လျားသော ကမ်းရိုးတန်းပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်နှင့်အညီ အင်အားတောင့်တင်းသော တပ်မတော် (ရေ) တစ်ခုအဖြစ် မြင်တွေ့ခွင့်ရလာကြတော့မည် ဖြစ်ပါတယ်....။ အဆိုပါ ကျန်စစ်သားစစ်ရေယာဉ်ပေါ်တွင်မှု လက်ရှိတာဝန်ထမ်းဆောင်နေသော အောင်ဇေယျ ဖရီးဂိတ်ကြီးထက်ပင် အဆင့်မြှင့်သော လက်နက်စနစ်များပါဝင်လာမည်ဟု သိရပါသည်.....။ 

ယခုအချိန်တွင် မြန်မာ့တပ်မတော် (ရေ)သည် ခေတ်မှီ ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်အများပြားပိုင်ဆိုင်ထားသော အင်အားတောင့်တင်းသည့် တပ်မတော် (ရေ)ကြီး အဖြစ် မြန်မာ့ရေပြင်အား ကာကွယ်ပေးထားနိုင်ပြီးဖြစ်ပါတော့သည်ခင်ဗျာ......။


 ယခုပိုစ့်နှင့် ဆက်စပ်သည့် သတင်း၊ဓါတ်ပုံများရလာပါက ထပ်မံပေါင်းစပ် တင်ပြပေးပါဦးမည်ခင်ဗျာ......။

မြန်မာ့တပ်မတော် (ရေ) ၆၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် တင်ပြပေးလိုက်ရပါသည်.....။

Saturday, December 15, 2012

တပ်မတော် (လေ)တွင် မစ်-၂၉ တိုက်လေယာဉ် (၃၀) ကျော်ပြီလား

မြန်မာ့တပ်မတော်သည် ခေတ်အဆက်ဆက် ပြည်ပကျူးကျော်စစ်များမှသည် ပြည်တွင်းသောင်းကျန်းမှုများအထိ ကာကွယ်ရင်ဆိုင်တိုက်ခိုက်ရင်း နိုင်ငံအကျိုးကိုထမ်းဆောင်နေကြောင်း အားလုံးလည်း သိပြီးဖြစ်ပါသည်...။ တပ်မတော်တွင်( ကြည်း၊ရေ၊လေ ) ဟူ၍ တပ်ဖွဲ့ကြီးများဖြင့် ဖွဲ့စည်းထားရာ ထိုအထဲတွင်လည်း တပ်မတော် (လေ)သည်လည်း သမိုင်းဝင်တိုက်ပွဲကြီးများကို တပ်မတော် (ကြည်း) နှင့် တပ်မတော် (ရေ) နည်းတူ ပါဝင်တိုက်ပွဲဝင်ခဲ့သော တပ်ဖွဲ့ကြီးဖြစ်ပါသည်....။


မြန်မာ့တပ်မတော် (လေ)၏ လေယာဉ်မှုးများ တောင်ပံအပ်နှင်းပွဲ၊ "စွန့်လွတ်စွန့်စား လေသူရဲများ" ကဲ့သို့သော အစီအစဉ်များကို ကျွှန်တော်တို့သည် စိတ်ဝင်စားစွာနှင့် အမြဲစောင့်စားကြည့်ရှုခဲ့ကြရပါသည်....။ တပ်မတော် (လေ)၏ ဂုဏ်ပြုတေးသီချင်းများကိုလည်း မြင်တွေ့ခွင့်ရခဲ့ကြပြီဖြစ်ပါတယ်.....။

ယခုနှစ် ဒီဇင်ဘာလသည်   တပ်မတော် (လေ)၏ (၆၅) နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး အရင်နှစ်များနှင့်မတူကာ အထူးစိတ်ဝင်တစား လေ့လာမိပါသည်....။ ထိုအထဲမှ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ တပ်မတော် (လေ) ၏ ခေတ်မှီတိုက်လေယာဉ်အမျိုးအစားဖြစ်သော အမ်အိုင်ဂျီ-၂၉ (မစ်-၂၉) တိုက်လေယာဉ်များပင် ဖြစ်ပါသည်....။

မစ်-၂၉ တိုက်လေယာဉ်များသည် ၂၀၀၂ ခုနှစ်များမှ စတင်ကာ တပ်မတော် (လေ)တွင် တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၉ခုနှစ်ထဲတွင်လည်း တပ်မတော် (လေ)၏ ဝေဟင်ပိုင်နက်ကာကွယ်နိုင်မှု စွမ်းဆောင်ရည်မြှင့်တင်မှုတစ်ခုဖြစ်သည့် နောက်ထပ် တိုက်လေယာဉ် အစင်း (၂၀) ဝယ်ယူမှုများရှိခဲ့ပါသည်...။ အဆိုပါတိုက်လေယာဉ်များထဲတွင် SE ကဲ့သို့သော အဆင့်မြှင့်နည်းပညာများပေါင်းစပ်ထားသည့် တိုက်လေယာဉ်များ လက်ခံရရှိခဲ့ပါသည်....။


မစ်-၂၉ တိုက်လေယာဉ်များထဲတွင် SMT အဆင့်သည် SE အဆင့်များထက်ပင် အဆင့်မြှုင့်မားသည်ဟု သိရပါသည်....။ မြန်မာ့တပ်မတော် (လေ)တွင် အဆိုပါတိုက်လေယာဉ်များကို ဝယ်ယူရရှိထားနိုင်ပါက မစ်-၂၉ ချင်းတူလျင်ပင် လေတပ်၏ တိုက်လေယာဉ်များသည် ပို၍ပင် အစွမ်းထက်လာမည်ဟု မိမိတို့အနေဖြင့် သုံးသပ်ဘူးပါတယ်....။

တပ်မတော် (လေ)၏ လက်ရှိပိုင်ဆိုင်မှုသည် အမှန်ပင် မစ်-၂၉ အစီး (၃၀)တည်းလား...?

မစ်-၂၉ တိုက်လေယာဉ်များ၏ အမှတ်စဉ်တွေနှင့် ပုံစံတွေကို လေ့လာကြည့်ရင် အကြမ်းအားဖြင့် သိရှိနိုင်ပါတယ်....။ စိတ်ဝင်စားတဲ့သူတွေအတွက် ကျွှန်တော်လေ့လာမိသလောက် တင်ပြပေးချင်ပါတယ်....။ လေတပ်၏ မစ်-၂၉ များကို လေ့လာကြည့်ကြရအောင်လားခင်ဗျာ.....


အမှတ်စဉ် (၂၇၀၂-၂၇၁၀)
တပ်မတော် (လေ)၏ အစောဆုံးရောက်လာသော အသုတ်ဖြစ်ပါသည်....။




အမှတ်စဉ် (၂၇၁၁-၂၇၀၆)
နံပတ်စဉ်အရဆိုရင်တော့ (၁) စင်းမြောက်ဖြစ်ပါတယ်...။ (မှတ်ထားကြပါ :D) ပထမဆုံးသုတ်မှ အစီးရေ (၁၂)စင်းမို့ ၂၇-၂၂ ဟာလည်း ပထမသုတ်ပါ... ဒါပင်မဲ့ ၁၀စင်းဆီ မှတ်သားလွယ်အောင် ပြထားတာဖြစ်ပါတယ်...။


 အမှတ်စဉ် (၂၇၂၀-၂၇၃၀)
နံပတ်စဉ်အရဆိုရင် (၃၀) စင်းမြောက်ထဲက ဖြစ်ပါတယ်....။ ကျွှန်တော်ခန့်မှန်းတာ မမှားရင် ဒါဟာနောက်ဆုံးသုတ် ဖြစ်ပါမယ်...။ ၂၇-၀၁ မှ ၂၇-၃၀ ထိ (သို့) အမောင်းသင်နှင့်ဆိုရင် အစီးရေ (၂-၃) ပိုများနိုင်ပါတယ်... ဒါပင်မဲ့ ၂၇-၃၅ ထိတော့ မဖြစ်နိုင်တော့ပါဘူး....။


တပ်မတော် (လေ)ရဲ့ ဝယ်ယူမှုအတိုင်းဆိုရင် အစီးရေ (၃၀) ဖြစ်သည့်အတွက် ၂၇၃၀ သည် အမြှင့်ဆုံးဖြစ်လာမှာဖြစ်ပါတယ်....။ ဒါဆိုရင် ကျွှန်တော်တို့အခုမြင်ရတဲ့ တိုက်လေယာဉ်အမှတ် (၂၇-၃၅)ဟာ အစီးရေ (၃၀)ကျော်ဆိုတဲ့ လက္ခာဏဖြစ်ပါတယ်....။ တိုက်လေယာဉ်ကို အနည်းငယ်ထပ်လေ့လာမယ်ဆိုရင် အဆိုပါတိုက်လေယာဉ်သည် MiG-29 SMT (သို့) MiG-35 တိုက်လေယာဉ် ဖြစ်ဖို့များပါတယ်....။ တိုက်လေယာဉ်ရဲ့ ကျောခုံးကိုကြည့်ပြီး ခန့်မှန်းမိတာဖြစ်ပါတယ်.....။

တပ်မတော် (လေ) တွင် MiG-35 တိုက်လေယာဉ်ရှိပြီလား...

 အမှတ်စဉ် ၂၇-၃၅


ဒါဆိုရင်တော့ ဒီ မစ်-၂၉ တိုက်လေယာဉ်ဟာ ထူးဆန်းနေပါတော့တယ်.... သတင်းများနှင့်ပုံတွေကို လေ့လာခြင်းအားဖြင့် အဆိုပါတိုက်လေယာဉ်ဟာ အစီးရေ (၃၀)နှင့် အထက်က တိုက်လေယာဉ်ဖြစ်ပါတယ်.....။
 
 အောက်ကပုံနှင့် နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုတိုက်လေယာဉ်ဟာ MiG-29 SMT (သို့) MiG-35 တိုက်လေယာဉ် အမျိုးအစားထဲက တစ်ခုခုဖြစ်နိုင်ပါတယ်....။




MiG-29 SE လား၊ MiG-29 SMT လား၊ MiG-35 လား ဆိုတာတော့ တပ်မတော် (လေ) မှဘဲ သေချာသိမယ် ထင်ပါတော့တယ်ခင်ဗျာ....။

Saturday, December 8, 2012

တိုက်ခိုက်ရေး ရဟတ်ယာဉ်များ နှင့် တပ်မတော် (လေ)

မြန်မာ့တပ်မတော် (လေ)၏ အခုနောက်ပိုင်း တိုးတက်ပြောင်းလဲလာမှုတွေကို တွေ့နေ၊ကြားနေရပါတယ်ခင်ဗျာ....။အဲဒီထဲက ကျွှန်တော်တို့ရဲ့ စိတ်ဝင်အစားဆုံးသော တိုက်ခိုက်ရေးရဟတ်ယာဉ်အကြောင်းကို အနည်းငယ်ပြန်ပြောရမယ်ဆိုရင်.....

တပ်မတော် (လေ)၏ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်

(အထက်ပါပုံတွင် ရဟတ်ယာဉ်၏ အင်ဂျင်များအား အပူလျှော့နည်းစေနိုင်သည့် ကိရိယာများ တပ်ဆင်ထားသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရနိုင်ပါသည်....။)

တပ်မတော် (လေ)ရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ Mi-2 နှင့် Mi-35 ရဟတ်ယာဉ်များကို ရုရှားနိုင်ငံမှ ဝယ်ယူခဲ့ကြခြင်းဖြစ်သည်...။ ယခင်အချိန်က တပ်မတော် (လေ)တွင် အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များသာ ရှိခဲ့ရာမှ ယခုအခါတွင်မှု ခေတ်မှီ တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi-35 များကို ပိုင်ဆိုင်လာခဲ့ပြီဖြစ်ပါတယ်....။

တကယ်တော့ တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် မြေပြင်ပစ်ကူပေးရေး၊ ချေမှုန်းရေးအတွက်သာ အဓိကအသုံးပြုလျက်ရှိရာ လက်ရှိပိုင်ဆိုင်ထားသော Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် အဆိုပါ အင်္ဂရပ်များနှင့် အကိုက်ညီဆုံးဟူ၍ပင် သတ်မှတ်နိုင်ပါသည်.... တင့်ကားပျံများဟူ၍ပင် သတ်မှတ်ထားကြသည့် Mi-35 ရဟတ်ယာဉ်များသည် ဆိုဗီယက်တပ်မတော်မှ အာဖဂန်စစ်မြေပြင်တွင် အသုံးပြုခဲ့ရာ တာလီဘန်များကို အကူအညီပေးခဲ့သော အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ စိုးရိမ်မှုကို အများဆုံးပေးနိုင်ခဲ့သော တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြစ်ပါသည်....။

မြေပြင်ပစ်မှတ်များအား ချေမှုန်းနေစဉ်

ထို့ကြောင့်ပင် အမေရိကန်စစ်တပ်သည် တာလီဘန်သူပုန်များအား ပုခုံးထမ်းဒုံးများ အလောတကြီးတပ်ဆင်ပေးခဲ့ခြင်း ဖြစ်ပါသည်...။ ထို့ကြောင့်လည်း ဆိုဗီယက် လေတပ်၏ တိုက်ရဟတ်ယာဉ်များ အကျအဆုံးရှိခဲ့ပါသည်....။ ပုခုံးထမ်းဒုံးများသည် အပူလိုင်းရှာ၍ ပစ်ခတ်ရခြင်းဖြစ်သဖြင့် ရဟတ်ယာဉ်၏ အင်ဂျင်အပူအား ရှာဖွေပစ်ခတ်ရခြင်းဖြစ်သည်....။ ဆိုဗီယက်နှောင်းပိုင်းကာလ ရုရှားတပ်မတော်သည် အဆိုပါအားနည်းချက်များအား ရှာဖွေကာ ရဟတ်ယာဉ်၏ အင်ဂျင်အပူအား လျှော့နည်းစေနိုင်သည့် ကိရိယာများအား တပ်ဆင်ထားကြပြီးဖြစ်ပါသည်.....။ 

တပ်မတော် (လေ)ရှိ တိုက်ခိုက်ရေး ရဟတ်ယာဉ်များတွင်လည်း အဆိုပါ စနစ်များတပ်ဆင်ထားပြီး ဖြစ်ရာ ရန်သူ့ပုခုံးထမ်းဒုံးများ၏ တိုက်ခိုက်မှုမှ ကာကွယ်ထားနိုင်ပြီဖြစ်ပါသည်....။ ထို့ပြင် ရန်သူ့ဒုံးလက်နက်များအား လမ်းကြောင်းဖယ်ကွင်းသွားစေနိုင်သည့် (ပစ်မှတ်အတုများထုတ်ကာ) စနစ်များ (Jammer) စနစ်များလည်း တပ်ဆင်ပေးထားနိုင်ပြီဟု သိရပါသည်....။

မြန်မာ့တပ်မတော် (လေ)၏ ဂုဏ်ယူဖွယ် တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စင်း


ရန်သူ့တင့်များအား ချေမှုန်းရာတွင်လည်း နာမည်ကျော်လက်ရှိရာ ရန်သူ့ဘင်္ဂလားဒေ့်စစ်တပ်၏ တင့်များအားလည်း ချေမှုန်းရာတွင် အသုံးဝင်ပေလိမ့်မည်.... ရန်သူ့တပ်များ၏ လက်ရှိဝယ်ယူထားသည့် MBT-2000 တင့်များကိုလည်း ကောင်းကောင်းလက်စွမ်းပြချေမှုန်းသွားနိုင်တော့မည် ဖြစ်ပါသည်....။

Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များမှ ဒုံးများဖြင့် တိုက်ခိုက်နေစဉ်

နောက်ပိုင်းတွင်မည်သို့ဆက်လက် ဝယ်ယူဖြည့်တင်းမည်ကို မသိရသေးချိန်တွင် (Mi-28Nများနှင့် KA-50,52 ရဟတ်ယာဉ်များလည်း တပ်မတော် (လေ)မှ စိတ်ဝင်စားမှုရှိနေကြောင်း သိရပါသည်...။)  လေတပ်၏အကောင်းဆုံး တိုက်ခိုက်ရေးရဟတ်ယာဉ်များအဖြစ် ဆက်လက်ရှိနေဦးမည်ဖြစ်သည့် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် မြန်မာ့တပ်မတော် (လေ)၏ စစ်ဆင်ရေး၊တိုက်စွမ်းရည်ကို မြှင့်တင်ပေးသော အဓိကတိုက်ခိုက်ရေးရဟတ်ယာဉ်များပင် ဖြစ်ပါတော့သည်ခင်ဗျာ....။

တပ်မတော် (လေ)မှ စိတ်ဝင်စားမှု့ရှိနေသည့် တိုက်ခိုက်ရေးရဟတ်ယာဉ်များ

Mi-28 ရဟတ်ယာဉ်
 KA-50 တိုက်ခိုက်ရေး ရဟတ်ယာဉ်


 KA-52 တိုက်ခိုက်ရေး ရဟတ်ယာဉ်


(သတင်းကောင်းတစ်ခုပြောခဲ့မယ်နော်.... တလောက လေတပ်ကအရာရှိ တစ်ယောက်နှင့် စကားပြောဖြစ်တော့ လေတပ်က ရုရှားရဲ့ SU-35 တွေကို အတော်လေးသဘောကျနေတယ်တဲ့.... လေ့လာမှုတွေရှိနေတယ်တဲ့ဗျာ.... ကဲကဲ.... ၃-၄အုပ်လောက် ရောက်လာရင်တော့ မဆိုးဘူးနော်... :) တကယ်ဝယ်ဖြစ်ပါစေဗျာ....။)

Sunday, December 2, 2012

မြန်မာ့တပ်မတော်၏ MT-LB သံချပ်ကာယာဉ်

မြန်မာ့တပ်မတော်ရှိ သံချပ်ကာယာဉ် MT-LB များအကြောင်းကို လေ့လာမိသလောက်ရေးခဲ့ဘူးပါတယ်... ဒီနေ့တော့ ထပ်တွေ့တာလေးရေးချင်ပါသေးတယ်ခင်ဗျာ....။

Shkval စနစ်တပ်ထားသည့် BMP-1 သံချပ်ကာယာဉ်


တပ်မတော်ရှိ MT-LB သံချပ်ကာယာဉ်များကို ယူကရိန်းနိုင်ငံမှ လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် သံချပ်ကာတပ်ရင်းများသို့ ခွဲဝေပေးထားသည်ဟု သိရပါသည်....။ အဆိုပါသံချပ်ကာယာဉ်များသည် ဆိုဗီယက်ခေတ်ကာလများက ပုံစံထုတ်ခဲ့ခြင်းဖြစ်ပြီး ထိုမှတဆင့် အကြီးစားအဆင့်မြှင့်တင်မှုကို ယူကရိန်းနိုင်ငံသည် ၂၀၀၀ခုနှစ်နှောင်းပိုင်းကာလများတွင် ပြုလုပ်ခဲ့သည်ဟု သတင်းများအရသိရပါသည်....။

MT-LB သံချပ်ကာယာဉ်များသည် အကောင်ပင်သေးသော်လည်း အဆိပ်ပြင်းသည့်မြွေကဲ့သို့ပင် အစွမ်းထက်လှပါသည်....။ တပ်ဆင်ထားသော လက်နက်ကိရိယာများသည် ယခင်ထုတ်လုပ်ခဲ့သည့် သံချပ်ကာယာဉ်များနှင့် နှိုင်းယှဉ်လျှင် အင်မတန်မှခေတ်မှီနေသည်ကို တွေ့ရမည်ဖြစ်ပါသည်.....။ တိုက်ယာဉ်၏ အခြားသော အစိတ်အပိုင်းများအား ဖော်ပြခဲ့ဘူးပြီးဖြစ်ရာ ယခုအခါတွင် တိုက်ယာဉ်၏ စက်သေနတ်ကြီးအကြောင်း ရေးပြချင်ပါသည်....။

မြန်မာ့တပ်မတော်၏ MT-LB သံချပ်ကာယာဉ်ကို MT-LBMSh ဟု အကြမ်းအားဖြင့် သိရပြီး (လွဲချော်မှုရှိနိုင်) သံချပ်ကာယာဉ်၏ အမြောက်စနစ်အား ယူကရိန်းနိုင်ငံထုတ် Shkval အမြောက် (ဆုံလည်) စနစ်အား အသုံးပြုထားပြီး ၃၀မမ အော်တို စနစ်ဖြစ်ကာ ၇.၆၂မမ စစ်သေနတ်၊ ၃၀မမ ဗုံးလောင်ချာ နှင့် တင့်ဖျက်ဒုံးပစ်စင်များ ပါဝင်ပါသည်...။ ၃၀မမ စက်အမြောက်အတွက် ကျည် ၂၂၅၊ ၇.၆၂မမ စက်သေနတ်အတွက် ၂၅၀၀ ကျည် နှင့် ၃၀မမ ဗုံးပစ်လောင်ချာအတွက် ၂၉ကျည် ပါဝင်ထည့်သွင်းထားသည်...။

Shkval သံချပ်ကာ ဆုံလည်အမြောက်စနစ်



တပ်ဆင်ထားသည့် လက်နက်စနစ်များ

၃၀မမ အော်တိုစက်အမြောက်........ZTM-1
တင့်ဖျက်ဒုံးစနစ်........................... Konkurs, Fagot or Barrier
၃၀မမ ဗုံးပစ်လောင်ချာစနစ်........... AG-17
၇.၆၂မမ စစ်သေနတ်....................KT-7.62 (PKT)
၈၁မမ မီးခိုးဗုံးပစ်လောင်ချာ...........902V စနစ်စသည်ဖြင့် နောက်ဆုံးပေါ်နည်းပညာများ  ပေါင်းစပ်ထားသည်...။



 မြန်မာ့တပ်မတော်သုံး MT-LB သံချပ်ကာယာဉ်များအား အားရဖွယ်တွေ့ရစဉ်
 Shkval စနစ်တပ်ထားသည့် BMP-1 သံချပ်ကာယာဉ်

လိုင်းမကောင်းဘူးဗျို့.... နောက်မှဆက်ရေးပါ့မယ်... :)

Saturday, December 1, 2012

တပ်မတော် (လေ)၏ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်များ

မြန်မာ့တပ်မတော် (လေ)၏ လက်ရှိအသုံးပြုနေသည့် တိုက်ခိုက်ရေးယာဉ်များ၊ သယ်ယူပို့ဆောင်ရေးယာဉ်များအနက် တင့်ကားဖျက်၊ဘန်ကာဖျက်၊ မြေပြင်ပစ်ကူပေးရေး စသည့်အချက်များကို ရည်ရွှယ်ကာ ဝယ်ယူထားသော တိုက်ခိုက်ရေး ရဟတ်ယာဉ်များသည် အထူးနာမည်ကြီးလျက်ရှိနေပါသည်....။

ဆိုဗီယက်တပ်မတော်တွင် အသုံးပြုရန်အတွက် ရည်ရွှယ်ကာထုတ်လုပ်ထားသော Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် တင့်ဖျက်ယာဉ်များအဖြစ် လူသိများပြီး ဘက်စုံတိုက်ခိုက်ရေးအတွက်သာမက စစ်သည်များကိုလည်း သယ်ဆောင်နိုင်သောကြောင့် အခြားသော တိုက်ခိုက်ရေးရဟတ်ယာဉ်များထက် ပိုမို၍ လူကြိုက်များကြခြင်းလည်းဖြစ်ပါသည်....။ အဆိုပါ ဆိုဗီယက်ထုတ် Mi-24 တိုက်ခိုက်ရေးရဟတ်ယာဉ်များအား ပြည်ပသို့လည်း ရောင်းချခဲ့ရာ Mi-35 ဟူသော အမည်ဖြင့် ရောင်းချခြင်းဖြစ်ပါသည်....။ Mi-35 ရဟတ်ယာဉ်များထဲတွင်လည်း မျိုးကွဲများထပ်မံကွဲပြားပြန်ရာ တပ်မတော် (လေ)ရှိ Mi-35 တိုက်ခိုက်ရေးယာဉ်များသည် (P) အဆင့်တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြစ်ပါသည်....။

ကမ္ဘာစစ်ပွဲအတော်များများတွင်လည်း ပါဝင်ခဲ့ဘူးပြီးဖြစ်ကာ အားနည်းချက်များအား အဆင့်ဆင့်ပြုပြင်ခဲ့ပြီးနောက် ထွက်လာသော အဆိုပါ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် မြန်မာ့တပ်မတော် (လေ)တွင် တာဝန်ထမ်းဆောင်လျက်ရှိပြီး ဒေသတွင်းနိုင်ငံများထဲတွင်မှု အိန္ဒိယလေတပ်၊အင်ဒိုနီးရှားလေတပ်၊ ဗီယက်နမ် နှင့်  သီရိလင်္ကာလေတပ်များတွင်လည်း အသုံးပြုလျက်ရှိပါသည်...။ သီရိလင်္ကာလေတပ်၏ အဆိုပါတိုက်ခိုက်ရေးရဟတ်ယာဉ်များအား တမီလ်းကျားသူပုန်များအား နှိမ်နင်းရာတွင် အသုံးပြုခဲ့ရာ အလွန်ထိရောက်မှုရှိကြောင်း သတင်းများအရသိ၇ပါသည်....။

မြန်မာ့တပ်မတော် (လေ)၏ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်

  အင်ဒိုနီးရှားလေတပ်၏ Mi-35P တိုက်ခိုက်ရေးရဟတ်ယာဉ်

သီရိလင်္ကာလေတပ်၏ Mi-35 (Mi-24V) တိုက်ခိုက်ရေးရဟတ်ယာဉ်

ဗီယက်နမ်လေတပ်၏ Mi-24A တိုက်ခိုက်ရေးရဟတ်ယာဉ်

 အိန္ဒိယလေတပ်၏ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်

 မြန်မာ့တပ်မတော် (လေ)၏ Mi-35 တင့်ဖျက်၊တိုက်ခိုက်ရေးရဟတ်ယာဉ်များ

သတင်းအချို့တွင် အစီးရေ (၅၀)ဟု ရေးတတ်ကြသော်လည်း ကျွှန်တော်အနေဖြင့် သီးခြားအတည်ပြုချက်မရသေးပါ.....။ လေ့လာမိသလောက်တွင်မှု အနည်းဆုံး (၁၀) စင်းပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း သိရပါသည်....။

မြန်မာနိုင်ငံသို့ မပေးပို့မှီ် ရုရှားနိုင်ငံအတွင်းတွင် စမ်းသပ်ပျံသန်းနေစဉ်
လက်နက်တပ်ဆင်မှုအပိုင်းတွင်မှု ၃၀မမ စက်သေနတ်ကြီးများတပ်ဆင်ထားမှုအားကြည့်မည်ဆိုပါက တင့် (သို့) ဘန်ကာဖျက်ရာတွင် အထူးအသုံးဝင်မည်ဖြစ်ကြောင်း သိရပါသည်....။