Saturday, November 24, 2012

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ China ခရီးစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် အဆင့်မြင့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့  ရဲ့ တရုပ်နိုင်ငံခရီးစဉ်နှင့် ပတ်သက်တဲ့ သတင်းဓါတ်ပုံတွေ အများအပြား မြဝတီဆိုက်မှာ ကျွှန်တော်တို့ တွေ့လိုက်ရပါတယ်....။ အဲဒါနှင့် ဆက်စပ်ပြီးတော့ ကျွှန်တော်အနေနှင့် အတွေးတစ်ခုရလာပါ.... အဲဒါကတော့ တပ်မတော်အနေနှင့် ပြည်သူလူထုအား သိသင့်သိထိုက်တာတွေကို တဖြည်းဖြည်းနှင့် ဖွင့်ပြလာနေပြီဆိုတဲ့ အချက်ဘဲဖြစ်ပါတယ်....။ နောက်တစ်ချက်ကတော့ တပ်မတော်အနေဖြင့် ယခုကဲ့သို့ ချပ်ဝတ်တန်ဆာများ ၊ လက်နက်စနစ်ပိုင်းဆိုင်ရာများအား အဆင့်မြှင့်တင်မှုပြုလုပ်နေစဉ်ဖြစ်တာမို့လည်း ပိုပြီးစိတ်ဝင်စားမိတာဖြစ်ပါသည်....။


တပ်မတော်ခေါင်းဆောင်ပိုင်းအနေနှင့်ဘာတွေ လေ့လာခဲ့ကြပြီး ၊ ဘာတွေဆက်ဖြစ်မယ်ဆိုတာ မိမိရဲ့ မမှီတဲ့ဥာဏ်လေးနှင့်တင်ပြပေးချင်ပါတယ်ခင်ဗျာ.... ;)


".....ဖွင့်ပွဲအခမ်းအနားတွင် ခင်းကျင်း ပြသထားသော လေကြောင်းနှင့် အာကာသနည်းပညာ ဆိုင်ရာ ပြခန်းများအား ကြည့်ရှုခဲ့ပါသည်။ ပြခန်းများအနက် C4ISR စနစ်၊ မောင်းသူမဲ့ လေယာဉ် (UAV) ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်၊ သံချပ်ကာ လူသယ်ယာဉ်၊ မြန်နှုန်းမြင့် စက်သေနတ်ကြီး၊ အာကာသသိပ္ပံပြခန်း၊ ရဟတ်ယာဉ် ပျံသန်းမှုပုံစံတူ လေ့ကျင့်ခြင်း Simulator များကို လေ့လာ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါသည်..."


မောင်းသူမဲ့လေယာဉ်နှင့် အတူ


လေကြောင်းနှင့် အာကာသနည်းပညာဆိုင်ရာပြခန်း အကြောင်းမှာကတော့ လက်ရှိသတင်းထွက်နေတဲ့ ကိုယ်ပိုင်ဂြိုလ်တုလွှတ်တင်ရေးကိစ္စနှင့်ရောပြီးလည်း စိတ်ဝင်စားမိပါတယ်....။

 လေကြောင်းနှင့် အာကာသနည်းပညာဆိုင်ရာပြခန်းတွင်


 မောင်းသူမဲ့ လေယာဉ်များကို လေ့လာခဲ့တာကြည့်ခြင်းအားဖြင့် တပ်မတော် (လေ)တွင် ယခုလက်ရှိ စမ်းသပ်တည်ဆောက်နေဆဲ မောင်းသူမဲ့လေယာဉ်များအပေါ်တွင် အကျိုးသက်ရောက်လာမည်လောဟု မျှော်လင့်မိပါသည်... တရုပ်နိုင်ငံ၏ လက်ရှိမောင်းသူမဲ့လေယာဉ်များသည် စွမ်းဆောင်ရည်အတော်မြှင့်မားလာသည်ကို တွေ့ရှိရပါသည်။ ယခင်ကကဲ့သို့ ကင်းထောက်အဆင့်မှသည် တိုက်ပွဲဝင်အဆင့်သို့တက်လှမ်းလာသည်ကို တွေ့ရမည်ဖြစ်သည်....။

HQ-9 တာဝေးပစ် လေကြောင်းရန်ကာကွယ်ရေး ဒုံးစနစ်

လေကြောင်းရန်ကာကွယ်ရေးစနစ်များအနေဖြင့် တပ်မတော်သည် အထူးစိတ်ဝင်စားလျက်ရှိသည်ကို တွေ့ရပါသည်... မြန်မာ့တပ်မတော်သည် ယခင်ကလည်း တရုပ်နိုင်ငံထုတ် HN-5B အမျိုးအစား ပုခုံးထမ်း တာတိုပစ်လေယာဉ်ပစ်ဒုံးများ နမူနာယူကာ တပ်မတော်တွင် အသုံးပြုခဲ့ဘူးသည်ဖြစ်ရာ ယခုအခေါက်တွင်လည်း မည်သို့ အကျိုးသက်ရောက်နိုင်သနည်းဟု တွေးနေမိပါသည်....။ အဆိုပါပြပွဲတွင်လည်း တရုပ်နိုင်ငံ၏ အကောင်းဆုံး လေကြောင်းရန်ကာကွယ်ရေးစနစ် HQ-9 ရုရှား၏ (S-300) စနစ်အား လေ့လာခဲ့ကြသည်ကို တွေ့ရပါသည်....။ အဆိုပါစနစ်ကို အာရှနိုင်ငံအတော်များများတွင်ပင် တပ်ဆင်ထားနိုင်ခြင်းမရှိသေးပါ....။ ဒေသတွင်းနိုင်ငံများအနေဖြင့် တရုပ် နှင့် ဗီယက်နမ် နိုင်ငံများသည် ရှိဦးမည်ဖြစ်ပါသည်....။ အိန္ဒိယတပ်မတော်တွင်လည်း ရှိနိုင်ပါသည်...။

ထို့ပြင် လေကြောင်းရန်ကာကွယ်ရေးတပ်များ၏ အသက်သမျှ အရေးကြီးသော ရေဒါစနစ်များအားလည်း လေ့လာခဲ့ကြပါသေးသည်....။ မြန်မာ့တပ်မတော်သုံး သုံးဘက်မြင် (3D Radar) အကြောင်းအားဖော်ပြပေးဘူးပါသည်....။  

 ရေဒါစနစ်များအား လေ့လာနေစဉ်


  မြန်နှုန်းမြင့် စက်သေနတ်ကြီး အနေနှင့်ကတော့ တပ်မတော်တွင် လက်ရှိအသုံးပြုနေသော အေကေ-၂၃၀ ၊အေကေ၃၆၀ များအပြင် ဒုံးစနစ်ပူးတွဲသုံးလက်နက်များလည်း တပ်ဆင်ထားပြီးဖြစ်ပါသည်....။ ပုံတွင်တွေ့ရသည့် စနစ်သည် တရုပ်တပ်မတော်၏ နည်းပညာအသစ်ဖြစ်ပြီး စစ်ရေယာဉ်များပေါ်တွင် တပ်ဆင်ထားသော (CIWS) လက်နက်စနစ်ဖြစ်ပါသည်....။ 

စီ-၈၀၂အေ သင်္ဘောဖျက်ဒုံးလောက်တော့ လှည့်ကိုမကြည့်တော့တာဗျ ဟီးဟီး


  မြန်နှုန်းမြင့် စက်သေနတ်ကြီး ယာဉ်တင်စနစ်



တပ်မတော်ခေါင်းဆောင်များ ဆက်လက်လေ့လာခဲ့သည့် အထူးတပ်ဖွဲ့အကြောင်းဆက်ကြည့်ရအောင်.....

 တင့်ဖျက်ဒုံးများအား လေ့လာနေစဉ်
 အနီးကပ်ချေမှုန်းရေ ရိုင်ဖယ်များ လေ့လာနေစဉ်

 အမ်အေ-၂ စီးရီး အသစ်တွေနှင့် အတော်တူပါသည်
 တပ်မတော်တွင်လည်း ယခုမြင်တွေ့ရသည့် သေနတ်များနှင့် ပုံစံတူ သေနတ်များ ထုတ်လုပ်ထားပြီးဖြစ်ပါသည်....။

 ညကြည့်မှန်ပြောင်းများအား လေ့လာနေစဉ်

အထူးတပ်ဖွဲ့ဝင်တစ်ဦးအား လေ့လာနေစဉ်


 မြန်မာ့တပ်မတော်၏ စစ်လက်နက်များ အဆင့်မြှင့်တင်မှုသတင်းများအား ဖတ်ရင်း၊လေ့လာရင်းဖြင့် တရုပ်တပ်မတော်၏ နည်းပညာများအား လေ့လာခဲ့ကြသော တပ်မတော် ခေါင်းဆောင်များအကြောင်း လေ့လာခွင့်ရသဖြင့် ယခုတလောအတွေးနယ်ချဲ့နေမိပါတော့သည်ခင်ဗျာ.....။

မြန်မာ့တပ်မတော်၏ လက်နက်ငယ်အသစ်များအကြောင်း

မြန်မာ့တပ်မတော်၏ စစ်လက်နက်ထုတ်လုပ်မှုအပိုင်းနှင့် ပတ်သက်၍နာမည်ကောင်းရှိပြီးဖြစ်ကြောင်း အားလုံးလည်းသိပြီးဖြစ်ပါမည်....။ ယခုနောက်ပိုင်းရရှိထားသည့် ဓါတ်ပုံအထောက်အထားများအရ တပ်မတော်သည် စစ်လက်နက်များ၊ချပ်ဝတ်တန်ဆာများအား မကြာမှီပြောင်းလဲတပ်ဆင်လာတော့မည်ကို ငြင်းစရာမလိုလောက်အောင်ကို သေချာလျက်ရှိပါသည်....။

အမ်အေ-၁ ချေမှုန်းရေးလက်နက်ငယ်များ အဆင့်ဆင့်ပြောင်းလဲလာပုံ

အမ်အေ-၁ အမ်ကေ-၁ ချေမှုန်းရေးရိုင်ဖယ်
 အမ်အေ-၁ အမ်ကေ-၂ ချေမှုန်းရေးရိုင်ဖယ်
 အမ်အေ-၁ အမ်ကေ-၃ ချေမှုန်းရေးရိုင်ဖယ်များ

အမ်အေ-၄ ချေမှုန်းရေးရိုင်ဖယ် (၄၀မမဗုံးသီးတွဲ)များ အဆင့်ဆင့်ပြောင်းလဲလာပုံ

အမ်အေ-၁ ချေမှုန်းရေးရိုင်ဖယ်တွင် ၄၀မမဗုံးပစ်လောင်ချာအား တပ်ဆင်ပေးထားခြင်းဖြစ်သည်။

အမ်အေ-၄ အမ်ကေ-၁ ချေမှုန်းရေးရိုင်ဖယ်
 
အမ်အေ-၄ အမ်ကေ-၂ ချေမှုန်းရေးရိုင်ဖယ်
 
 အမ်အေ-၄ အမ်ကေ-၃ ချေမှုန်းရေးရိုင်ဖယ်


 ကျွှန်တော်တို့ညီအစ်ကိုတွေအနေနှင့် အကျယ်ချဲ့ရေးဦးမှာမို့ ကျွှန်တော်အနေဖြင့် အကျယ်ချဲ့ရေးမည်မဟုတ်ပါခင်ဗျာ.... (အသေချာမသိလို့ပါ :D ) ဓါတ်ပုံများသည် ယခုမှထွက်ပေါ်လာသော ပုံများမဟုတ်ပါခင်ဗျာ...။ ၂၀၀၉ခုနှစ်အတွင်းကရိုက်ယူထားသည့် ပုံများသာဖြစ်ပါတယ်... ပုံတွေအတွက်လည်း ကျေးဇူးအထူးပါ....။ ထို့ကြောင့်ယခုအချိန်တွင်မှု မည်သည့်အခြေအနေသို့တိုင် ရောက်ရှိနေတော့မည်ကို မိမိတို့ကိုယ်တိုင် ခန့်မှန်းနိုင်ကြမည်ဖြစ်ပါသည်ခင်ဗျာ.... အားလုံးကိုကျေးဇူးပါ....။

မြန်မာ့တပ်မတော်ထုတ် စစ်လက်နက်ငယ်

မြန်မာ့တပ်မတော်ထုတ် စစ်လက်နက်ငယ်များနှင့်ပတ်သက်၍ အပြောများခဲ့သော လက်နက်ငယ်များအကြောင်းအား ဖော်ပြဖို့ရည်ရွှယ်ထားရာ ကျွှန်တော့်၏ သူငယ်ချင်းကြီးတစ်ဦးမှာ အကျယ်ဖွင့်ရေးသားမည်ဖြစ်သောကြောင့် အကျယ်ထပ်မရေးတော့ပါ....။ လင့်သာ တင်ပေးခဲ့ပါမယ်ခင်ဗျာ.....။

တကယ်ကောင်းတဲ့ဆိုက်ပါခင်ဗျာ...။ လက်နက်ငယ်တွေနှင့်ပတ်သက်လို့အဓိက ရေးထားတဲ့ဆိုက်ဖြစ်ပါတယ်....။ 

http://mmarmysnipernote.blogspot.com/2012/11/blog-post_23.html


Thursday, November 22, 2012

စစ်ရေးဆိုင်ရာအမြင်များ ပြောင်းလဲသင့်ပြီလား....

 ဒီဆိုက်လေးမှာ ကျွှန်တော်စိတ်ဝင်စားတဲ့ စစ်လက်နက်များအကြောင်းကို သူငယ်ချင်းများ၊အပေါင်းသင်းများဆီကနေ မှတ်သား၊လေ့လာပြီး အမြဲပြန်လှည်ဝေမျှပေးလျက်ရှိပါတယ်......။ တပ်မတော်ရဲ့ အားသားချက်၊အားနည်းချက်များနှင့် ဖြည့်စွက်ရမည့်အချက်အတော်များများကိုလည်း မှတ်သားရပါတယ်....။ ကျွှန်တော်တို့ မြန်မာပြည်သူတွေအနေနှင့် ခေတ်ကာလအပိုင်းအခြား၊အပြောင်းအလဲဖြစ်လာပြီမို့လို့ နိုင်ငံတကာနှင့်အညီ အမြင်တွေပြောင်းလဲလာကြပြီဖြစ်ပါတယ်....။ ထို့အတူဘဲ စီးပွားရေ၊လူမှုရေး စသည်များနှင့်အတူ နိုင်ငံတော်၏ အရေးကြီးဆုံးဖြစ်သော နိုင်ငံတော်ကာကွယ်ရေးတာဝန်ယူထားကြသည့် ကာကွယ်ရေးဆိုင်ရာ (တပ်မတော်ဆိုင်ရာ) အမြင်များကိုလည်း စပြီးအမြင်ပြောင်းလဲသင့်ပြီလို့ မျှော်လင့်ပါတယ်.....။ ကျွှန်တော်တို့နိုင်ငံရဲ့ တည်နေရာ၊အကျယ်အဝန်းအလိုက် တပ်မတော်ဆိုတာ အင်အားတောင့်တင်းဖို့ အထူးလိုအပ်လှပါတယ်....။ ရေတပ်အင်းအားမမျှခဲ့လို့ ကျွှန်တော်တို့ ခံခဲ့ရတာတွေရှိသလို၊ လေတပ်အားမသာလို့ နားရွက်ကို တံတွေးဆွတ်ခံခဲ့ရတာတွေရှိပါတယ်....။ အဲဒီတော့ နောက်ပိုင်းမှာ နိုင်ငံတော်ရဲ့ စီးပွားရေးလုပ်ငန်းများ တိုးတက်လာတာနှင့်အမျှ ကာကွယ်ပေးနိုင်မဲ့ အင်အားတပ်ရပ်ဟာ လက်ရှိအချိန်ထက်ပင် ပိုမိုလိုအပ်လာမှာဖြစ်ပါတယ်...။

ဘာကြောင့်ဒါတွေပြောနေလည်းဆိုရင် အပြင်လောကက သတင်းတွေကို လေ့လာကြည့်ကြရအောင်ပါခင်ဗျာ....။
ကျွှန်တော်တို့နှင့် ရေပိုင်နက်အငြင်းပွှားမှုဖြစ်ပြီးကတည်းက ရေတပ်ကို အလျင်အမြန်တိုးချဲ့နေတဲ့ ဘင်္ဂလားနိုင်ငံကိုကြည့်ပါ....။ နိုင်ငံပင်ဆင်းရဲလှသော်လည်း ကာကွယ်ရေးပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုပြုလုပ်နေသည်ကို တွေ့ရပါမည်....။
(ဘင်္ဂလားဒေ့ခ်ျနိုင်ငံတပ်မတော်သည် Mig 29 များ F-7 MB,BG(ဘင်္ဂလားဒေ့ခ်ျသီးသန့် အမျိုးအစား) များပါဝင်သော လေတပ်ကို YAK-130 ၁၂စင်း၊ Su-27 တိုက်လေယာဉ်တို့ဖြင့် အင်အားဖြည့်တင်းနိုင်ရန် အလောတလျင် စီစဉ်နေပြီး။ တောင်ကိုရီးယားနိုင်ငံလုပ် ဖရီးဂိတ်စစ်သင်္ဘော တရုတ်နိုင်ငံလုပ် type 053H1 အပါအဝင် ဖရီးဂိတ် ၃စီး၊ ၆၄မီတာ ကော်ဗတ်စစ်ရေယာဉ်(တရုတ်) အသစ်များ၊ AW-109 ရဟတ်ယာဉ်များ၊ Dornier 228 NG ကင်းထောက် လေယာဉ်ပျံများ ပါဝင်သည့် ရေတပ်အတွက် တရုတ်နိုင်ငံမှ Azmat class ၆၄မီတာ ဒုံးပျံတင် ကော်ဗတ်စစ်ယာဉ်များ အပြင် ရေငုပ်သင်္ဘော ဝယ်ယူရေး အစီစဉ်ဖြင့်ပါ အင်အားဖြည့်တင်းရန် စီစဉ်ပြင်ဆင်လျက် ရှိပါသည်။) မောင်ဟန် 
အပေါ်က စာပိုဒ်လေးဟာ ၅-၆ကြောင်းသာ ရှိပင်မဲ့ ဒါတွေဟာ ကြည်း၊ရေ၊လေ အင်းအားတိုးချဲ့မှု့ကြီးတစ်ခုဖြစ်ပါတယ်.....။
 
ကြည်းတပ်မှာတော့ တရုပ်ထုတ် mbt-2000 တင့်တွေကို ဝယ်ယူထားပြီး ပထမအသုတ်ကတော့ ရောက်ရှိသွားပြီဖြစ်ပါတယ်....။ အမြောက်တပ်အတွက်လည်း တရုပ်ဆီမှ ၁၃၀မမများ၊၁၂၂မမများ ဝယ်ယူထားသလို ပုံစံ-၈၁ ကဲ့သို့သော ၁၂၂မမ အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာများလည်း ပိုင်ဆိုင်ထားကြပြီဖြစ်ပါတယ်....။ အထူးတပ်ဖွဲ့များကိုလည်း အပြင်းအထန်လေ့ကျင့်နေစေပြီး တိုက်ပွဲဝင်အသင့် အမြဲပြင်ဆင်ထားကြပြီဖြစ်သည်....။ 
တရုပ်စစ်တပ်သုံး ပုံစံ-၈၁ ၁၂၂မမ အတွဲလိုက်ပစ် ဒုံးပစ်ယာဉ်တစ်စင်း
ရေတပ်ကို အဓိကတိုးချဲ့နေတာကို တွေ့ရမှာဖြစ်ပါတယ်... ဖရီးဂိတ် (၅)စင်းပိုင်ဆိုင်တဲ့ သူတို့ရေတပ်အနေနှင့် ဖရီးဂိတ် (၃)စင်းသာ ပိုင်ဆိုင်သေးတဲ့ မြန်မာ့ရေတပ်ကို ယှဉ်နိုင်ဖို့ ဖရီးဂိတ် (၄)စင်း ထပ်ဝယ်မယ်ဆိုတဲ့အရေးဟာ သူတို့ဘက်က ဘယ်လောက်ပြင်ဆင်ထားပြီလည်းဆိုတာ ခန့်မှန်းမိကြမှာဖြစ်ပါတယ်....။ သူတို့ပြည်တွင်းထုတ် ရေယာဉ်အပြင် တရုပ်ဆီကနေလည်း အသစ်ထပ်ဝယ်ဦးမှာဖြစ်ပါတယ်.....။ လက်ရှိအသုံးပြုနေတဲ့ အမြန်တိုက်ခိုက်ရေးယာဉ်များကိုလည်း ဒုံးစနစ်အသစ်များ ပြောင်းလဲတပ်ဆင်နေကြပါပြီ....။
လေတပ်အနေနှင့်ကလည်း သူတို့တိုးချဲ့ဖို့ကြိုးစားနေကြပါပြီ... လက်ရှိမှာ မစ်-၂၉ ၉စင်း (သို့)၁၁ ပိုင်ဆိုင်ထားကြပင်မဲ့ ရုရှားရဲ့ su-27 တွေကို ဝယ်ယူဖို့ကြိုးစားမှုဟာ တပ်မတော် (လေ) (သို့) လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များအနေနှင့် သတိထားရမဲ့အချက်တစ်ချက်ဖြစ်လာပါပြီ... ထို့အပြင် ဘက်စုံသုံးအပေါ့စား တိုက်ခိုက်ရေးလေယာဉ် yak-130 လေယာဉ်များဟာလည်း ရုရှားရဲ့ ခေတ်မှီတိုက်လေယာဉ်တစ်မျိုးဖြစ်နေတဲ့အတွက်ကြောင့် တပ်မတော်အနေနှင့် ပေါ့ပေါ့တွေးလို့မရပါဘူး...။
ဘင်္ဂလားလေတပ်မှ ဝယ်ယူမည့် Yak-130 (ပုံစံတူ)
 ရန်သူ့လေတပ်မှ စိတ်ဝင်စားနေသည့် ရုရှား၏ နာမည်ကျော် SU-27 တိုက်လေယာဉ်တစ်စီး (ပုံစံတူ)
 

 ဒီပိုစ့်မှာတော့ ဘင်္ဂလားတပ်ဖွဲ့များရဲ့ စစ်အင်အားတိုးချဲ့မှုကို မြန်မာနိုင်ငံသားများ လေ့လာမိစေရန်နှင့် မိမိရန်သူ့နိုင်ငံများမှ မိမိတို့နိုင်ငံအတွက် မည်သို့ပြင်ဆင်ထားကြသည်ကို လေ့လာမိစေလိုသော ရည်ရွှယ်ချက်ဖြစ်ပါသည်....။ (စစ်ရေးအမြင်ဖြင့်သာ ဖတ်ရှုကြပါရန်...။)

Wednesday, November 21, 2012

တပ်မတော် (လေ)ရှိ ဝေဟင်မှဝေဟင်ပစ် ဒုံးလက်နက်များ

မြန်မာ့တပ်မတော် (လေ) ရှိ တိုက်လေယာဉ်များအနက် အေ-၅ မြေပြင်ပစ်ကူပေးတိုက်လေယာဉ်များ၊ အက်ဖ်-၇ တိုက်လေယာဉ်များ အမ်အိုင်ဂျီ-၂၉ (မစ်-၂၉) တိုက်လေယာဉ်များ စသည်ဖြင့် တိုက်လေယာဉ်များ အသုံးပြုလျက်ရှိရာ ၁၉၉၅ ခုနှစ်ဝန်းကျင်တွင် အစ္စရေးနိုင်ငံ၏ အကူအညီများရယူကာ တပ်မတော် (လေ)၏ အက်ဖ်-၇ တိုက်လေယာဉ်များအား အဆင့်မြင့်တင်မှု ပြုလုပ်ခဲ့ပါသည်...။  ထို့သို့အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားသော တိုက်လေယာဉ်များသည် အခြားနိုင်ငံများတွင် အသုံးပြုနေသော အက်ဖ်-၇ တိုက်လေယာဉ်များနှင့် ယှဉ်ပြိုင်ရာတွင် သာလွန်သော စွမ်းဆောင်ရည်များ ပိုင်ဆိုင်ထားသည်ဟု သိရပါသည်....။


တပ်မတော် (လေ)ရှိ အက်ဖ်-၇ တိုက်လေယာဉ်များအား တွေ့ရစဉ်



အက်ဖ်-၇ တိုက်လေယာဉ်များတွင် အသုံးပြုသည့်  ဝေဟင်မှဝေဟင်ပစ် ဒုံးပျံများ




အထက်ပါပုံတွင် တွေ့ရသည့် ဒုံးလက်နက်စနစ်များအား အမျိုးအစား အမည်နာမများအား ဖော်ပြပေးကြပါဦးခင်ဗျာ.....။ ကျေးဇူးတင်ပါတယ်....။ :)

တပ်မတော် (လေ)၏ ဂျီ-၄ တိုက်လေယာဉ်များ

မြန်မာ့တပ်မတော် (လေ)ရှိ တိုက်လေယာဉ်များ၊ အမောင်းသင်ယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များစသည်ဖြင့် အတော်များများကို ဖော်ပြပေးနိုင်ရန် အမြဲကြိုးစားလျက်ရှိပါသည်....။ ယခုအခါတွင်လည်း တပ်မတော် (လေ)ရှိ အမောင်းသင်နှင့် အပေါ့စားတိုက်ခိုက်ရေးယာဉ်များ ဖြစ်သည့် ဂျီ-၄ တိုက်လေယာဉ်များအကြောင်းအား ဖော်ပြပေးပါဦးမည်....။


မြေပြင်ပစ်ကူပေးရေး စစ်ဆင်ရေးများတွင်ပင် အသုံးတည့်သည့် ဂျီ-၄ တိုက်လေယာဉ်များ

တိုက်ပွဲဝင် စစ်သည်များအသင့်အနေထား


 တပ်မတော် (လေ)ရှိ ဂျီ-၄ တိုက်လေယာဉ်တစ်စင်းအား ဗုံးများဖြင့် တွေ့၇စဉ်

တိုက်လေယာဉ်များ ဝေဟင်ပျံသန်းမှု လေ့ကျင့်ခန်းဆောင်ရွှက်နေစဉ်

မြေပြင်ပစ်မှတ်များအား ချေမှုန်းနေစဉ်

Saturday, November 17, 2012

ဆိုဗီယက်၏ ပင်မတိုက်ပွဲဝင်တင့်ကား တီ-၇၂ များအကြောင်း


 (Myanmar Armour Coprs မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်...။)

WORLD TOP TEN TANKS များအနက် နံပါတ်(၂)နေရာကတင့်ကတော့ T-72 ပဲဖြစ်ပါတယ်။ T-72 နဲ့သူ့ရဲ့မျိုးကွဲတွေအကြောင်းတင်ဆက်ပါရစေ

အထွေထွေအချက်အလက်များ
တိုက်ယာဉ်အဖွဲ့သား - ၃ဦး (တိုက်ယာဉ်မှူး၊ ယာဉ်မောင်း၊ အမြောက်ပစ်)
အင်ဂျင် - 780 hp diesel (Multi-fuel)V-shape
အမြန်ဆုံးမောင်းနှင်နိုင်မှု(၁နာရီ) - ၈၀ ကီလိုမီတာ
အဓိကလက်နက် - ၁၂၅မမ ပြောင်းချောအမြောက်(တင့်ဖျက်ပဲ့ထိန်းဒုံးပစ်ခတ်နိုင်)(အလိုလျောက်ကျည်ထိုးစနစ်)
ယှဉ်တွဲစက်သေနတ် -၇.၆၂မမ
လေယာဉ်ပစ် - ၁၂.၇မမ NKT
မီးခိုးဗုံးပစ် -၈၁မမ ၁၂လက်
ခဲယမ်း- ၁၂၅မမ တင့်ဖျက်ခွင်းကျည်၊ ၁၂၅မမ ဖောက်ကျည်၊ ၁၂၅မမ ဒလက်ထိန်းသံချပ်ဖောက်ခွင်းကျည်
            9M119 laser guided anti-tank missle

မြန်မာ့တပ်မတော် တင့်ကားတပ်ဖွဲ့များတွင် အသုံးပြုသည့် တီ-၇၂ အက်စ် ပင်မတိုက်ပွဲဝင်တင့်ကား

သမိုင်းကြောင်း
၁၉၅၀ ပြည့်လွန်နှစ်များတွင်ဆိုဗီယက် တပ်မတော်သည် တီ-၃၄ တင့်များ အစားထိုးရန် တင့်အသစ်(၁)စီး ထုတ်လုပ်နိုင်ရန်ကြိုးပမ်းခဲ့ရာ  ၁၉၅၄ ခုနှစ်အတွင်း ခါကော့ တင့်စက်ရုံ (ယခု ယူကရိန်းနိုင်ငံအတွင်း) မှ တီ-၅၄ တင့်များစတင်ထုတ်လုပ်ခဲ့သည် ။ တီ-၅၄ တင့်များအားဆက်လက်တိုးတက်မွန်းမံခဲ့ရာ ၁၉၅၅ တွင် တီ -၅၅ တင့်များထုတ်လုပ်ခဲ့သည်။ တီ-၅၅တင့်သည်အောင်မြင်မှု များစွာရရှိခဲ့ပီး အစီးရေ-၂၀၀၀၀ ကျော်ထုတ်လုပ်ခဲ့ပီး နိုင်ငံအများအပြားတွင် ယနေ့တိုင်သုံးစွဲနေဆဲဖြစ်သည်။ 
စစ်ပွဲအများအပြားတွင်လည်း ပါဝင်အသုံးပြုခဲ့ပါသည်။

 ဗင်နီဇွဲလားတပ်မတော်သုံး တီ-၇၂အက်စ်တင့်ကား


၁၉၆၄ တွင် တီ-၅၅ တင့်ကိုထုတ်လုပ်ခဲ့သောမိုရိုဇော့ ဒီဇိုင်းဗျူရိုသည် လုံးဝတော်လှန်ဆန်းသစ်တော့တင့် တီထွင်နိုင်ရေးကြိုးပမ်းလာခဲ့ရာ ၁၉၆၄ ခုနှစ်တွင်နေတိုးတင့် များယှဉ်ပြိုင်နိုင်ကာ ပိုမိုပေါ့ပါးပြီး ဈေးနှုန်းသက်သာပီး လုံးဝဆန်းသစ်သောပုံစံဖြစ်သည့် တီ-၆၄ တင့်များထုတ်လုပ်ခဲ့သည်။ ထိုအချိန်တွင် ခါကော့ အုပ်စုမှခွဲထွက်သွားသော ယူရယ်ဗဂွန် အုပ်စုသည် တီ-၆၄ တင့် နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်ရန် အတွက် ၁၉၇၀ တွင် T-72 ရှေ့ပြေးပုံစံဖြစ်သော Obiket 172M ကိုထုတ်လုပ်ခဲ့သည်။ ၁၉၇၃ တွင် Obiket 172M အား တီ-၇၂ အဖြစ်သတ်မှတ်ခဲ့ပီး ဆိုဗီဟက်ကာကွယ်ရေး ၀န်ကြီးဌာနမှ တပ်မတော်စံပြုတင့်အဖြစ်သံတ်မှတ်ခဲ့ပီး ယူရယ်တောင်တန်းဒေသမှတီထွင်ခဲ့သောကြောင့် T-72 URAL ဟုသတ်မှတ်ကာယနေ့အထိသုံးစွဲနေဆဲဖြစ်ပါသည်။

 အီရတ်တပ်မတော်သုံး lion of Babylon ပင်မတိုက်ပွဲဝင်တင့်ကား


 တီ-၇၂ မျိုးကွဲ ၁၂မျိုးအား နိုင်ငံ ပေါင်း(၅)နိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ခဲ့ပီး အစီးရေ(၁၂၀၀၀)ကျော်ထုတ်လုပ်ခဲ့သည်။ ရုရှားတပ်မတော်သည် အကောင်းဆုံးမျိုးဆက်ဖြစ်သော T-72 B တင့်အားယနေ့တိုင်သုံးစွဲလျက်ရှိသည် ။ အများဆုံး အသုံးပြုခဲ့သောနိုင်ငံများမှ IRAQ နှင့် INDIA ဖြစ်သည် IRAQ နိုင်ငံသည်၎င်း နိုင်ငံအတွင်းတွင်တပ်ဆင် ကာ T-72 Asad Babil ဟုလည်းကောင်း INDIA နိုင်ငံသည် T-72M1 Ajaya ဟုလည်းကောင်းအမည်ပေး ကာ အမြောက်အများထုတ်လုပ်သုံးစွဲခဲ့သည်။ တီ-၇၂တင့် ၏ အကောင်းဆုံးမျိုးဆက်မှာ T-72 B နှင့် T-72S ဖြစ်သည်။

T-72B အားရုရှားတပ်မတော်တွင် အသုံးပြုရန်သီးခြားထုတ်လုပ်ထားခြင်းဖြစ်ပီး T-72S မှာယူကရိန်းနိုင်ငံမှ နောက်ဆုံးထုတ်လုပ်ခဲ့ပီး ပြည်ပသို့တင်ပို့ရောင်းချသော အမျိုးအစားဖြစ်ပါသည်။

အိန္ဒိတပ်မတော်၏ တီ-၇၂ တင့်များ

သုံးသပ်ချက်
တီ-၇၂ တင့်များသည် တင့်ကားသမိုင်းတွင်အရေးပါသော အပိုင်းမှပါဝင်နေသည်မှာငြင်းမရသောသမိုင်းပင်ဖြစ်သည်။ WORLD TOP TEN TANKS ၁၀မျိုး အနက် တိုက်ပွဲပေါင်း စစ်ပွဲပေါင်းများစွာကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရသောတင့်အမျိုးအစားဖြစ်ပီး စစ်ပွဲအတွေ့အကြုံများအား အခြေခံကာ အဆင့်ဆင့်တိုးနက်ပြောင်းလဲလာခဲ့သော VETERAN တင့် အမျိုးအစားဖြစ်ပါသည်။

အီရတ်တင့်နှင့်အမေရိကန်တင့်

နည်းပညာပိုင်းအနေအဖြင့်အနည်းငယ်ရှုပ်ထွေးမှုရှိသော်လည်း နေတိုးအုပ်စုတင့်များနှင့် ရင်ဘောင်တန်းနိုင်သောတင့်များပင်ဖြစ်ပါသည်။ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲတွင် နေတိုး အမ်-၁ တင့်များ၏ချေမှုန်းခံရမှုကြောင့် တီ-၇၂ အစီးရေ(၈၀၀)ခန့်ပျက်စီးခဲ့သော်လည်း ထိုသို့ပျက်စီးမှုမှာ လေကြောင်းတိုက်ခိုက်မှုနှင့် အီရတ်စစ်သည်များ၏ အတွေ့အကြုံ၊ အရည်အချင်းနည်းပါးခြင်း နှင့် အီရတ် တပ်မတော်မှအသုံးပြုသော တီ-၇၂ တင့်များမှာ ရှေ့ဦး မျိုးဆက် ဖြစ်သော တီ-၇၂ အမ် တင့်များဖြစ်ခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။

 အီရတ်တပ်မတော်၏ တင့်ပျက်တစင်း

 အမေရိကန် တင့်တပ်သားများကိုယ်တိုင်ကပင် အီရတ်တင့်စစ်သည်များနှင့် တင့်ခြင်းလဲကာ တိုက်လျင်ပင်သူတို့သာနိုင်မည်ဟု ပြောကြားခဲ့သည်။ အဓိကအချက်မှာတင့်အဖွဲ့သားများ၏ အရည်အချင်းကွာခြားချက်က ကြီးမားသောအဆုံးအဖြတ်ပင်ဖြစ်သည်။ မည်သို့ပင်ဆိုစေ အတွေ့အကြုံအားအခြေခံမှုနှင့် လက်ရှိနောက်ဆုံးမျိုးဆက်တင့်များတွင်အသုံးပြုထားသည့် နည်းပညာပိုင်းဆိုင်ရာအရ တီ-၇၂တင့်များသည် WORLD TOP TEN TANKS စာရင်းမှမည်သည့်အကြောင်းနှင့်မှပစ်ပယ်မရသောတင့် များဖြစ်ပါသည်။

ပါဝင်ခဲ့သောစစ်ပွဲများ
၁၉၈၂-၈၈ အီရန်-အီရတ်စစ်ပွဲ( အီရတ် တီ-၇၂အမ်)
၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲ(အီရတ် တီ-၇၂ အမ်)
၁၉၈၂ အာဖဂန်စစ်ပွဲ( ဆိုဗီယက် )
၂၀၀၃ အီရတ်လွတ်မြောက်ရေးစစ်ပွဲ (အီရတ်)
၂၀၀၈ ဂျော်ဂျီယာစစ်ပွဲ( ရုရှား၊ ဂျော်ဂျီယာ နှစ်နိုင်ငံလုံးမှအသုံးပြုခဲ့)
အခြား ပြည်တွင်းစစ်များစွာတွင်လည်းပါဝင်ခဲ့ပါသည်။

Thursday, November 15, 2012

အိန္ဒိယတပ်မတော်ထုတ် ARJUN ပင်မတိုက်ပွဲဝင်တင့်ကား

(Myanmar Armour Coprs မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်...။)


ဒီတခါတော့ အကောင်းဆုံးတင့် (ပင်မတိုက်ပွဲဝင်တင့်) ၁၀မျိုး အကြောင်းတင်ဆက်ပါရစေ။ ပထမဆုံး နံပါတ်(၁၀) နေရာက ရပ်တည်နေတဲ့ INDIA တပ်မတော်က ARJUN တင့်ပါ-

ARJUN MAIN BATTLE TANK



အထွေထွေအချက်အလက်များ
တိုက်ပွဲဝင်အလေးချိန်- ၅၈.၅တန်။
တိုက်ယာဉ်အဖွဲ့သား- ၄ဦး( တိုက်ယာဉ်မှူး၊ ယာဉ်မောင်း၊အမြောက်ပစ်၊ကျည်ထိုး)
အဓိကလက်နက်- ၁၂၀မမ ပြောင်းရစ်ပါ တင့် အမြောက် (ဂျာမဏီ REHIMETALL)
ခဲယမ်း- LAHAT တင့်ဖျက်ပဲ့ထိန်းဒုံး၊ HEAT (တင့်ဖျက်ခွင်းကျည်)၊ APSFDS( ဒလက်ထိန်းသံချပ်ဖောက်ခွင်းကျည်)၊ HESH(ခေါင်းပြားခွင်းကျည်)
ယှဉ်တွဲလက်နက်- ၇.၆၂မမ  TK-715 စက်သေနတ်
လေယာဉ်ပစ်စက်သေနတ်- ၁၂.၇ မမ ပုံစံ-၈၅ (CHINA)
အင်ဂျင်- MTU-838 ka-501 MARCEDEZ Diesel(မြင်းကောင်ရေ ၁၄၀၀အား)
အဝေးဆုံးတိုက်ပွဲဝင်အကွာအဝေး(ဆီ ၁ကြိမ်ဖြည့်ပြီးလျင်)-၄၅၀ ကီလိုမီတာ
အမြန်ဆုံးမောင်းနှင်နိုင်မှု(၁နာရီ)- ၇၅ကီလိုမီတာ(လမ်းချော)၊ ၄၅ကီလိုမီတာ(လမ်းကြမ်း)


အိန္ဒိယတပ်မတော်သုံး တီ-၇၂အမ် ပင်မတိုက်ပွဲဝင်တင့်ကား


သမိုင်းကြောင်း

INDIA တပ်မတော်သည်လွတ်လပ်ရေးရရှိချိန်(၁၉၄၉)မှစတင် ကာ စစ်ကျန်တင့်များဖြစ်သောဖြစ်သော ရှားမင်းတင့်များအားပင်မတိုက်ပွဲဝင်တင့်အဖြစ်အသုံးပြုခဲ့ရာမှ ၁၉၆၇ INDIA-PAKISTAN စစ်ပွဲပီးဆုံးချိန်မှစတင် ကာ ခေတ်မီ တိုက်ပွဲတင့် များမရှိမဖြစ်လိုအပ်လာကြောင်း သဘောပေါက်ခဲ့သဖြင့် ကိုယ်ပိုင်ထုတ်လုပ်နိုင်ရေးကြိုးပမ်းခဲ့ကြရာ ၁၉၇၀တွင် ဗြိတိန်နိုင်ငံထုတ် CENTURION တင့် အားအခြေခံကာ VAJARANTA တင့်များထုတ်လုပ်ခဲ့ပြီး ကျယ်ပြန့်စွာ အသုံးပြုခဲ့သည်။

VAJARANTAတင့် အစီးရေ(၁၂၀၀)ခန့် INDIA တပ်မတော်တွင်အသုံးပြုခဲ့သည်.။ ၁၉၉၀ပြည့်လွန်နှစ်များတွင် VAJARANTAတင့်များမှာ များစွာခေတ်နောက်ကျကျန်ခဲ့သဖြင့် RUSSIA မှT-72 M တင့် အစီးရေ (၈၀၀)ခန့်ဖြင့်အစားထိုးသုံးစွဲခဲ့သည် T-72M တင့်များ အားနိုင်ငံအတွင်းထုတ်လုပ်တပ်ဆင်ခဲ့ပြီး AJAYA ဟု အမည်သတ်မှတ်သုံးစွဲခဲ့သည်။

သို့သော်လည်း ကိုယ်ပိုင် ဒီဇိုင်း ဖြင့် တင့်၁စီးထုတ်လုပိရန် အာသီသပြင်းထန်ခဲ့သော နိုင်ငံ့ခေါင်းဆောင်များသည် ၁၉၉၆ခုနှစ်မှစတင်ကာ စမ်းသပ်ရှေ့ပြေးပုံစံများထုတ်လုပ်ရန် CVDE DRDO ကုပဏီအားအလုပ်အပ်နှံခဲ့ရာ စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ပြီးနောက် ၂၀၀၀ ပြည့်နှစ်တွင်အမေရိကန်ဒေါ်လာ ၄၇၁သန်း တန်ဖိုးရှိ တင့် ၁၂၄စီးအားစတင်မှာယူနိုင်ခဲ့သည်။၂၀၀၄ခုနှစ်တွင် ပထမအသုတ် ၄၅စီးစတင်အသုံးပြုခဲ့ပြီး ၊ ၂၀၁၀ပြည့်နှစ်တွင် ၂၄၀စီး အသုံးပြုလျက်ရှိသည် ။

Arjun ပင်မတိုက်ပွဲဝင်တင့်ကား



သုံးသပ်ချက်

အရှေ့အုပ်စုတင့်များအားအများဆုံး အသုံးပြုခဲ့သောINDIA နိုင်ငံသည် ပထမဆုံးအကြိမ်အဖြစ်ကိုယ်ပိုင်ပုံစံတင့်အားထုတ်လုပ်နိုင်ခဲ့သည်။
 ကိုယ်ပိုင်ပုံစံဟု ဟစ်ကြွေးခဲ့သော်လည်း တင့် ဒီဇိုင်းမှာ ပြင်သစ် LECLARC နှင့် ဂျာမဏီ LEOPARD တင့်များအား မှီငြိမ်းထားကြောင်းထင်ရှားသည်။

ပြင်သစ်တပ်မတော်၏ Leclarc ပင်မတိုက်ပွဲဝင်တင့်ကား

 ဂျာမဏီတပ်မတော်၏ Leopard ပင်မတိုက်ပွဲဝင်တင့်ကား

 လက်နက်စနစ်တွင် နေတိုးစံ ၁၂၀မမ ပြောင်းရစ်အမြောက်ကို အသုံးပြုထားပြီး ပြောင်းရစ်အမြောက် မှ တင့်ဖျက်ပဲ့ထိန်းဒုံး ပစ်ခတ်နိုင်ရန် ပြုလုပ်ထားသဖြင့် နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများကာ လက်နက်စွမ်းရည်များစွာထိခိုက်နိုင်ပါသည်။ လေယာဉ်ပစ်စက်သေနတ်ပိုင်းတွင် CHINA TYPE-85 AA GUN အသုံးပြုထားကာအင်ဂျင်နှင့် အားပြောင်းပိုင်း တွင်ဂျာမဏီ MARCEDEZ ကိုအသုံးပြုထားသဖြင့် ပြည်ပအမှီအခို မကင်းကြောင်းတွေ့ရှိရပါသည်။

အိန္ဒိယတပ်မတော်သုံး တီ-၉၀အက်စ် ပင်မတိုက်ပွဲဝင်တင့်ကား

 INDIA တို့သည် အာရှဒေသ၏ အကောင်းဆုံးတင့်အဖြစ် ကြွေးကြော်သော်လည်း JAPAN TYPE -90 နှင့် KOREA K-1 တို့နှင့်ယှဉ်ပြိုင်နိုင်ရန် လိုအပ်ချက်များစွာရှိနေသေးပေသည်။ထိုအချက်အား လက်ရှိ INDIA တပ်မတော်မှ RUSSIA URAL T-90 S တင့်မြောက်များစွာအသုံးပြုနေသည့် အနေအထားအား သုံးသပ်လျင်ပင် ကိုယ်ပိုင်ထုတ်လုပ်သည့် တင့် အား ယုံကြည်မှုအတိုင်းအတာအားတွေ့ရှိနိုင်သည်။

 ဂျပန်တပ်မတော်သုံး ပုံစံ-၁၀ ပင်မတိုက်ပွဲဝင်တင့်ကား

တောင်ကိုးရီးယားတပ်မတော်သုံး ကေ-၁အေ-၁ ပင်မတိုက်ပွဲဝင်တင့်ကား

မည်သို့ပင်ဖြစ်စေ ARJUN တင့်သည် WORLD TOP TEN TANKS စာရင်းဝင်တင့်အဖြစ်ရပ်တည်နေနိုင်ပါသည်။ထိုတင့် အစီးရေ ၂၄၀ အား အမှတ်(၇၅)တင့်တပ်ရင်းကြီး၊ အမှတ်(၄၅)တင့်တပ်ရင်းကြီးနှင့် ဒိုဂရာမြင်းတပ်များတွင်လက်ရှိအသုံးပြုလျက်ရှိပါသည်။

Saturday, November 10, 2012

မြန်မာ့တပ်မတော် စစ်ဝတ်တန်ဆာများနှင့် အထူးတပ်ဖွဲ့များ

မြန်မာ့တပ်မတော်သည် မိမိစစ်သည်များ၏ စစ်ဝတ်စုံများ၊ ချပ်ဝတ်တန်ဆာများ အပါအဝင် စစ်သည်တစ်ဦးချင်းဆီအား အဆင့်မြှင့်တင့်ခြင်း ၊ နိုင်ငံတကာရှိ တပ်မတော်များနည်းတူ ဖြစ်လာစေရန် ကြိုပမ်းဆောင်ရွှက်ခြင်းစသည်ဖြင့် တဖြည်းဖြည်းမြင်တွေ့လာရပြီဖြစ်ပါသည်....။


စစ်ဝတ်စုံနှင့် ပတ်သက်၍လည်း တပ်မတော်မှ ညီနောင်များ၏ ဆွေးနွေးမှုများကို ပိုစ့်များအဖြစ်လည်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်....။ ယခုလည်း ရရှိထားသည့် အချက်လက်များ၊ ဓါတ်ပုံများအား ကိုးကား၍ တင်ပြပေးပါဦးမည်....။

မြန်မာ့တပ်မတော် (ကြည်း) ချပ်ဝတ်တန်ဆာ အသစ်

ဝတ်စုံပြည့်နှင့် တိုက်ပွဲဝင်ဝတ်စုံ

တပ်မတော်၏ ဆက်သွယ်ရေးတပ် အထူးတပ်ဖွဲ့
တပ်မတော် (ရေ) အထူးတပ်ဖွဲ့ဝင်များ
အမေရိကန် အပါအဝင် ကမ္ဘာ့ရေတပ်များတွင် အထူးတပ်ဖွဲ့များ ဖွဲ့စည်းထားတတ်ကြပြီး ခေတ်မှီလက်နက်စနစ်များ၊ ပြင်းထန်သော လေ့ကျင့်ခန်းများ၊ နည်းပညာများအား ကျွှမ်းကျင်တတ်မြောက်သော သူများကိုသာလျှင် ရွှေးချယ်ခန့်အပ်လေ့ရှိပါသည်....။

မြန်မာ့တပ်မတော် (ရေ)တွင်လည်း ထိုကဲ့သို့ပင် ဘက်စုံလေ့ကျင့်ခန်းများဖြင့်
 လေ့ကျင့်၍ အောင်မြင်သူများကိုသာ ရွှေးချယ်ခန့်အပ်သော နေဗီးဆီလ်း တပ်ဖွဲ့ဝင်များရှိပါသည်....။


တပ်မတော် (လေ) ၏ ဝတ်စုံအသစ် 
  လေကြောင်းချီတပ်ရင်း (သို့) လေထီးတပ် တပ်ဖွဲ့ဝင်များ၏ ချပ်ဝတ်တန်ဆာများ



လေထီးစစ်သည်များ လေထီးခုန်သင်တန်းလေ့ကျင့်နေကြစဉ်


 သမ္မတ အိမ်တော် လုံခြုံရေး အထူးတပ်ဖွဲ့ဝင်များ



 စစ်ဘက်လုံခြုံရေးတပ်ဖွဲ့ဝင်များ (SOTF)

မြန်မာ့တပ်မတော်၏ စစ်ဝတ်တန်ဆာများ နှင့် အထူးတပ်ဖွဲ့များ၏ အကြောင်းအား လေ့လာမိသူရှိပါက အောက်တွင် ကော်မန့်ရေးပေးခဲ့ကြပါခင်ဗျာ...။
အားလုံးကိုလေးစားစွာဖြင့် ကိုmm