Saturday, July 28, 2012

ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်မှ စမ်းသပ်ပစ်ခတ်စဉ်


မြန်မာ့တပ်မတော်သည် ပြည်ပရန်ကျူးကျော်မှုအားတန်ပြန်ခုခံနိုင်စေရန်ရည်ရွှယ်၍ တပ်မတော်၏ တပ်ရင်းတပ်ဖွဲ့များ ၊ ကြည်း၊ရေ၊လေ တပ်ဖွဲ့များအား လေ့ကျင့်ပေးလျက်ရှိရာ တပ်မတော်သံချပ်ကာနှင့် ယန္တာရားတပ်ဖွဲ့များသည်လည်း ယခင်ကထက်
လေ့ကျင့်မှုများထက်ပို၍ပင် လေ့ကျင့်ခန်းများ စစ်ရေးလေ့ကျင့်မှုများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရပါသည်။

ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တ့င်ကားမှ လက်တွေ့စမ်းသပ်ပစ်ခတ်နေစဉ်





ပုံတွင်တွေ့ရသော ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားများကို အမြောက်စမ်းသပ် ပစ်ခတ်နေစဉ်ဖြစ်သည်။ ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားများတွင် ၁၀၅မမ တင့်အမြှောက်ပြောင်းအားတပ်ဆင်ထားပြီး အခြားတင့်များဖြစ်သော T-72S နှင့် MBT-2000 တင့်တို့တွင်မူ ၁၂၅မမ အမြှောက်ပြောင်းများတပ်ဆင်ထားပါသည်။

ပုံစံ-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားနှင့်အတူ။

ပုံစံ-၅၉ဒီ တင့်ကားနည်းတူ အမြှောက်စမ်းသပ်ပစ်ခတ်ရန် လေကျင့်ခန်းတွင် ပါဝင်သော ပုံစံ-၆၃ အပေါ့စားတင့်ကားတစ်စီး အားတွေ့ရပါသည်။

ပိုစ့်မတင်တာကြာနေလို့ တင်ပေးလိုက်ပါတယ်ခင်ဗျာ...။

Saturday, July 21, 2012

တပ်မတော် (ရေ)၏ စစ်ရေယာဉ်များ

မြန်မာ့တပ်မတော် (ရေ)မှ စစ်ရေယာဉ်များ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်းတွင် တွေ့ရစဉ်ဖြစ်သည်။

၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များ


၁ဂျီ (ဟောင်ဇင်) အမျိုးစား ဒုံးတပ် အမြန်တိုက်ခိုက်ရေးယာဉ်များ

ပုံစံ-၀၃၇-၁ဂျီ အမြန်တိုက်ခိုက်ရေးယာဉ်များသည် မြန်မာ့တပ်မတော် (ရေ)၏ ပထမဆုံးသော ဒုံးတပ်စစ်ရေယာဉ်များဖြစ်ပြီး ၁၉၉၅-၆ ခုနှစ်များအတွင်းတွင် တရုပ်ရေတပ်၏ ခေတ်မှီနည်းပညာများပါဝင်သော စစ်ရေယာဉ်များဖြစ်ပါသည်။ အစီးရေ (၆)စင်းလက်ခံရရှိခဲ့ခြင်းဖြစ်ပြီး တပ်မတော် (ရေ)၏ စွမ်းဆောင်ရည်ကို သိသိသာသာတိုးတက်စေခဲ့သော စစ်ရေယာဉ်ကြီးများ ဖြစ်ပါသည်။ အဆိုပါ စစ်ရေယာဉ်များလက်ခံရရှိပြီးနောက်ပိုင်းတွင်မှ ၇၇စီးရီး ကော်ဗတ်စစ်ရေယာဉ်များ တည်ဆောက်မှုစီမံကိန်းစတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ယခုအချိန်တွင်မှု ဒုံးတပ် စစ်ရေယာဉ်များအများအပြားပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း ၉၀ခုနှစ်များအတွင်းတွင်မှု တပ်မတော် (ရေ)နည်းတူ ဒေသတွင်းနိုင်ငံများရှိ ရေတပ်များတွင် ဒုံးတပ် စစ်ရေယာဉ်များ အရေအတွက်အတော်နည်းနေဆဲဖြစ်သည်။

တပ်မတော် (ရေ)၏ ဘုရင့်နောင် ဒုံးတပ် ကော်ဗတ်စစ်ရေယာဉ်ကြီး

တပ်မတော် (ရေ)၏ အနော်ရထာ စစ်ရေယာဉ် ၇၇၁ နောက်ပိုင်းတွင် ဆက်လက်ထုတ်လုပ်ခဲ့သော ၇၇မီတာ အရှည်ရှိသည့် ဘုရင့်နောင်စစ်ရေယာဉ်ကြီးဖြစ်ပြီး စတင်တာဝန်ထမ်းဆောင်ခဲ့ချိန်တွင် သင်္ဘောဖျက်ဒုံးများ တပ်ဆင်နိုင်ခြင်းမရှိခဲ့ဘဲ နောက်ပိုင်းကာလများတွင်မှ စီ-၈၀၁/၈၀၂ ဒုံးလက်နက် ၄ စင်းတပ်ဆင်လာသည်ကို တွေ့ရပါသည်။ ထို့ပြင် ရန်သူ့လေကြောင်းတိုက်ခိုက်မူအား ကာကွယ်ရန်အတွက်ရည်ရွှယ်၍ သင်္ဘောမှဝေဟင်ပစ် ဒုံးအမြှောက် ၆ စင်းအား ထပ်မံတပ်ဆင်ထားပါသည်။
ဘုရင့်နောင် စစ်ရေယာဉ်သည်လည်း အနော်ရထာစစ်ရေယာဉ်ကြီးကဲ့သို့ပင် ဒေသတွင်းနိုင်ငံများရှိ ရေတပ်စုပေါင်းလေ့ကျင့်ခန်းကြီးဖြစ်သော MILAN အမည်ရှိ အိန္ဒိယရေတပ်မှ ဦးစီးကျင်းပသော ရေတပ်လေ့ကျင့်ခန်းများကို သွားရောက်လေ့ကျင့်ခဲ့ပြီး တပ်မတော် (ရေ)၏ နည်းပညာ ၊ စွမ်းရည်များကို ပြသခွင့်ရခဲ့ပါသည်။

MILAN ရေတပ်စစ်ရေးလေ့ကျင့်မှုအတွင်းတွင်တွေ့ရသည့် ကော်ဗတ်များ

(ဒီနေ့တော့ ဒီလောက်ပေါ့ဗျာ... နောက်ဆက်ရေးပါဦးမည်...။ လာရောက်လည်ပတ်သူအားလုံးကို အထူးကျေးဇူးတင်ကြောင်းပါခင်ဗျာ....။)

Monday, July 16, 2012

တပ်မတော် (ရေ)ရှိ စစ်ရေယာဉ်အသစ်များ

မြန်မာ့တပ်မတော် (ရေ) အကြောင်းနှင့် စစ်လက်နက်များ ဆိုင်ရာလေ့လာလိုသူများအတွက်
စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ရေတပ် သင်္ဘောကျင်းထုတ် ၅ စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များဘဲ ဖြစ်ပါတယ်....။ ၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များကို ၅၅၁ မှစတင်ကာတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခင်သိရှိထားသည့်သတင်းများအရ ၅၇၀ အထိအစီးရေ (၂၀)အား တပ်မတော် (ရေ)မှ ပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။

ယခုနောက်ဆုံးသိရသော သတင်းများနှင့် အချက်လက်များ ဓါတ်ပုံများအရဆိုပါက တပ်မတော် (ရေ)သည့် မြန်မာ့ရေပြင်ပိုင်နက်အား ကျုးကျော်လာသည့် မည်သည့်ရန်သူမျိုးကိုမဆို တုန့်ပြန်တိုက်ခိုက်ချေမှုန်းနိုင်စေရန် ရည်ရွယ်၍ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်ကြီးများ ၊ ကော်ဗတ်စစ်ရေယာဉ်များအပြင် ၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်သစ်များအား ရေတပ် သင်္ဘောကျင်းများအပြင် ဆင်မလိုက်သင်္ဘောကျင်းတွင်လည်း တည်ဆောက်နေဆဲဖြစ်သည်ဟု သိရပါသည်။

ဖရီးဂိတ် စစ်ရေယာဉ်များ

မြန်မာ့တပ်မတော် (ရေ) တွင် ပြည်တွင်းထုတ် (F21) အောင်ဇေယျ စစ်ရေယာဉ်အပြင် တရုပ်ဆီမှဝယ်ယူ၍ အဆင့်မြှင့်တင်မှု ပြုလုပ်ထားသော F-21 နှင့် F-23 ဖရီးဂိတ်စစ်ရေယာဉ်များဖြင့် လက်ရှိအချိန်တွင် (၃)စင်းရှိပြီး
နောက်ထပ်လည်း ရေပြင်ပိုင်နက်အားအပြည့်အဝကာကွယ်နိုင်စေရန်ရည်ရွှယ်၍ ဖရီးဂိတ်စစ်ရေယာဉ်သစ်များတည်ဆောက်လျက်ရှိပါသည်။

ကျန်စစ်သား ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်သစ်ကြီး

အသစ်တည်ဆောက်သော ဖရီးဂိတ်စစ်ရေယာဉ်သည်လည်း အောင်ဇေယျ ဖရီးဂိတ်ကြီးကဲ့သို့ပင် ၁၀၈မီတာအရှည်ရှိမည်ဖြစ်ကာ ထူးခြားချက်အနေဖြင့် ရဟတ်ယာဉ်များထားရှိရန် Hanger ပါဝင်လာမည်ဖြစ်ပါသည်။ ထို့ပြင် အသစ်တည်ဆောက်လျက်ရှိသော ဖရီးဂိတ်ကို ကျန်စစ်သား (F22) ဟု အမည်ပေးဖွယ်ရှိပြီး လက်နက်ပိုင်းဆိုင်ရာများတွင်လည်း ခေတ်မှီနည်းပညာများပါဝင်သည်ဟု သိရပါသည်။

အောင်ဇေယျ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်ပေါ်တွင်


တရုပ်ရေတပ်မှ လက်ခံရရှိထားသည့် ဖရီးဂိတ်စစ်ရေယာဉ်များအား မြန်မာ့တပ်မတော် (ရေ)တွင်ပင် အဆင့်မြှင့်တင်မှုပြုလုပ်ပြီး တပ်တော်ဝင်အခမ်းအနားပြုလုပ်ခဲ့ပါသည်။

F21 (မဟာဗန္ဓုလ ဖရီးဂိတ်စစ်ရေယာဉ်)

၈ × စီ-၈၀၂ ဒုံးတပ် ဖရီးဂိတ်စစ်ရေယာဉ်များ


ကော်ဗတ် စစ်ရေယာဉ်များ

မြန်မာ့တပ်မတော် (ရေ)တွင် ၇၇မီတာအရှည်ရှိ ကော်ဗတ်စစ်ရေယာဉ်များအား ပြည်တွင်းတွင်ပင် တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်တွင် ၇၇၁ နှင့် ၇၇၂ ဟူ၍ စစ်ရေယာဉ် (၂)စီး တာဝန်ထမ်းဆောင်နေပါသည်။ အဆိုပါ ကော်ဗတ်စစ်ရေယာဉ်များအပေါ်တွင်လည်း စီ-၈၀၁ ပဲ့ထိန်းဒုံးများတပ်ဆင်ထားရာ လေကြောင်းရန်အတွက်လည်း ခေတ်မှီ ဒုံးလက်နက်စနစ်များထပ်မံပေါင်းစပ်ထားသည်ဟု သိရပါသည်။ လက်ရှိအချိန်တွင်လည်း ၇၇၃ စစ်ရေယာဉ်အား တည်ဆောက်နေဆဲ (သို့) တည်ဆောက်ရန် စီမံကိန်းရှိနေသည်ဟု သိရပါသည်။

ပဲ့ထိန်းဒုံးတပ် အမြန်တိုက်ခိုက်ရေးယာဉ်များ

၅စီးရီး အမြန်တိုက်ခိုက်ရေးယာဉ်များကို တပ်မတော် (ရေ)ရှိ ရေတပ်သင်္ဘောကျင်းများအပြင် ဆင်မလိုက်သင်္ဘောကျင်းမှလည်း ထုတ်လုပ်လျက်ရှိပြီး လက်ရှိအချိန်တွင် ၅၅၁-၅၇၀ အထိ အစီးရေ (၂၀) ပိုင်ဆိုင်ထားရာ နောက်ထပ်လည်း အစီးရေ အနည်းဆုံး (၅)စင်းထပ်မံတည်ဆောက်နေဆဲဖြစ်သည်ဟု သိရပါသည်။ တည်ဆောက်နေဆဲ ၅စီးရီး စစ်ရေယာဉ်များအား ဆင်မလိုက်သင်္ဘောကျင်းတွင် တွေ့ရစဉ်ဖြစ်ပါသည်။

တပ်မတော် (ရေ)၏ ဂုဏ်ယူဖွယ် ၅စီးရီး ပဲ့ထိန်းဒုံးတပ် စစ်ရေယာဉ်များ


ရေယာဉ်များတွင် ၅၇၀ နှင့် အထက် အမှတ်စဉ်ရေးထိုးထားသည်ကို တွေ့ရမည်ဖြစ်ပါသည်... ထို့ကြောင့် ၅စီးရီးစစ်ရေယာဉ်များအနေဖြင့် လက်ရှိအခြေနေထက် သိသိသာသာ တိုးပွှားလာမည်ဖြစ်ပြီး မြန်မာ့ရေပြင်အားကာကွယ်ရန်အတွက်လည်း ပိုမို၍အားရှိလာမည်ဖြစ်ပါသည်။ ၄၅မီတာရှိ ၅စီးရီးများအပြင်လည်း ကိုယ်ပျောက်တိုက်ရေယာဉ်သစ်များ တည်ဆောက်နေဆဲပင်ဖြစ်ရာ တပ်မတော် (ရေ)သည် ဒေသတွင်းနိုင်ငံများကြားတွင် စစ်ရေယာဉ်တည်ဆောက်နိုင်မှုနှုန်းမြှင့်မှားသော နိုင်ငံတစ်ခုဖြစ်လာပြီးဖြစ်သည်။

၅စီးရီး အမြန်တိုက်ခိုက်ရေး စစ်ရေယာဉ်အသစ်များ


အချက်လက်မှားများရှိပါက ပါဝင်ဆွေးနွေးထောက်ပြနိုင်ပါသည်။ဆက်လက်ဖော်ပြပေးပါဦးမည်.... :)

Tuesday, July 10, 2012

တပ်မတော်၏ T-72S ပင်မတိုက်ပွဲဝင်တင့်ကားများ



မြန်မာ့တပ်မတော်ရှိ တင့်များအကြောင်းအား လေ့လာမိသလောက်တင်ပြပေးထားပြီးဖြစ်ရာ ယခုတွေ့ရသော တီ-၇၂အက်စ်တင့်များအတွက် အထူးအထွေပြောစရာမရှိပေ... သို့သော် မြန်မာ့တပ်မတော်သည် ယခုနောက်ပိုင်းကာလများတွင် ယခင်အခြေအနေထက်သိသိသာသာ စစ်ရေးစွမ်းရည်မြှင့်မှားနေစေရန် ရည်ရွှယ်၍ စစ်ရေးလေ့ကျင့်မှုကြီးများ ၊ တိုက်ပွဲဝင်လေ့ကျင့်ခန်းများအား ဆက်လက်ဆိုသလိုပင် လေ့ကျင့်လျက်ရှိရာ တပ်မတော်၏ အခြားတပ်ဖွဲ့များနည်းတူ တပ်မတော် သံချပ်ကာယန္တာရားတပ်ဖွဲ့သည်လည်း ယခင်ထက်များစွာ တိုးတက်လာပြီဟု သိရပါသည်။

တီ-၇၂အက်စ် ပင်မတိုက်ပွဲဝင်တင့်ကားကြီး (ယူကရိန်းနိုင်ငံမှ ရရှိသည်)



လေ့ကျင့်မှုအားကောင်းလာသဖြင့် စွမ်းရည်မြှင့်တက်လာသည်ဟု သိရပါသည်






တပ်မတော်၏ အားထားရသော တင့်ကားတပ်ဖွဲ့ကြီးများရှိ တီ-၇၂အက်စ် တင့်များ


မြန်မာ့တပ်မတော် သံချပ်ကာယန္တာရားတပ်ဖွဲ့ရှိ ခေတ်မှီ တီ-၇၂အက်စ် ပင်မတိုက်ပွဲဝင်တင့်ကားကြီးများ စစ်ရေးလေ့ကျင့်မှု မြင်ကွင်းများဖြစ်ပါသည်။ အခွေမှပြန်လည်ရယူထားခြင်းကြောင့် မှုန်နေသည်များအား ခွင့်လွှတ်ပေးကြပါခင်ဗျာ....။ ကျေးဇူးတင်ပါသည်....။

Friday, July 6, 2012

New Serbian Modular multiple rocket launcher (LRSVM)



မြန်မာ့တပ်မတော်သည် ခေတ်မီလက်နက်ကိရိယာများ ၊ နည်းပညာများကို တပ်ဆင်ထုတ်လုပ်လာနိုင်ရာ လက်နက်ငယ်များမှအစ ဒုံးလက်နက်ကြီးများအထိပင် တပ်ဆင်လာနိုင်ပြီဟု သိရပါသည်...။ ထို့ပြင် နယ်စပ်ဒေသများတွင် ရန်သူ့ရဟတ်ယာဉ်များ၏ နယ်မြေကျုးကျော်ပျံသန်းမှုကဲ့သို့သော ဖြစ်ရပ်များအတွက်လည်း လိုအပ်သည့် လေကြောင်းရန် ကာကွယ်ရေး ဒုံးလက်နက်တစ်မျိုးဖြစ်သော ပုခုံးထမ်းဒုံးပစ်လောင်ချာများနှင့် ဒုံးကျည်များအား ရှေ့တန်းစစ်စခန်းများတွင် တပ်ဆင်ပေးနိုင်ပြီ ဖြစ်ပါသည်။ ရေတပ်အတွက်လိုအပ်သော အမြှောက်ကျည်များ ၊ သင်္ဘောဖျက်ဗုံးများကဲ့သို့သော လက်နက်စနစ်များကိုလည်း ပြည်တွင်းမှာပင်တပ်ဆင်ထုတ်လုပ်နိုင်နေပြီဟု သိပါသည်။ ယခုနောက်ဆုံးသိရသော အချက်လက်များအရ မောင်းသူမဲ့လေယာဉ်များ (UAVs) ကိုပင်ပြည်တွင်းရှိ လေတပ်စခန်းများတွင် စမ်းသပ်ထုတ်လုပ်နိုင်နေပြီဖြစ်သည်။

မြန်မာ့တပ်မတော်၏ စက်လက်နက်များအနက် စိတ်ဝင်စားစရာကောင်းသော အချက်မှာ ဒုံးလက်နက်များ ၊ နည်းပညာများပိုင်ဆိုင်နိုင်လာခြင်းဖြစ်ပေသည်...... သို့သော် ယိုးဒယားသည်လည် တာဝေးပစ်ဒုံးလက်နက်ကြီးများ တရုပ်နှင့်တွဲ၍ ထုတ်လုပ်နေပြီဖြစ်ရာ တပ်မတော်၏ ဒုံးလက်နက်တပ်ဆင်မှုသည် ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်ခြောက်သည်ဆိုသည့်အချက်မှာ မမှန်ကန်ပေ။

ဒုံးလက်နက်များအနက် တရုပ်ထုတ် ပုံစံ-၉၀ဘီ ၁၂၂မမ ဒုံးစနစ် ၊ မြောက်ကိုးရီးယားထုတ် ၂၄၀မမ ဒုံးစနစ် စသည့် စနစ်များအပြင် ပြည်တွင်းထုတ် ၁၂၂မမဒုံးကျည်များကိုလည်း တပ်ဆင်အသုံးပြုနေပြီဟု သိရပါသည်။ ၁၂၂မမဒုံးများအနက် နည်းပညာတိုးတက်စေရေးအတွက်သော်လည်းကောင်း ၊ စစ်လက်နက်နည်းပညာများတိုးတက်စေရေးအတွက် လည်းကောင်းရည်ရွှယ်၍ နိုင်ငံအသီးသီးတို့ သွားရောက်လေ့လာခဲ့ရာတွင် ဆားဗီးယားနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ တပ်မတော်အနေဖြင့် ဆားဗီးယားနိုင်ငံမှ Nora B-52 ကဲ့သို့သော ခေတ်မီအမြှောက်စနစ်များ ကိုသာမက G-4 အမောင်းသင်ဂျက်လေယာဉ်များကိုလည်း ရရှိခဲ့ပါသည်....။

ဆားဗီးယားနိုင်ငံသို့ ရောက်ရှိခဲ့သော တပ်မတော်မှ ကိုယ်စားလှယ်အဖွဲ့

ယခုနောက်ဆုံးသိရသော သတင်းများအရ တပ်မတော်အရာရှိများ၏ ဆားဗီးယားထုတ် ၁၂၂မမ အတွဲလိုက်ပစ်ဒုံးလက်နက်စနစ်အား လေ့လာကြည့်ရှုနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အဆိုပါ ဒုံးစနစ်သည် နောက်ဆုံးပေါ်နည်းပညာများပေါင်းစပ်အသုံးပြုထားခြင်းဖြစ်ပြီး ဒုံး၏နည်းပညာများရရှိခဲ့ပါက ပြည်တွင်းထုတ် ဒုံးလက်နက်များပေါ်တွင် သိသိသာသာ အကျိုးသက်ရောက်စေနိုင်မည်ဟု ခန့်မန်းရပါသည်။ အထက်ပါဒုံးလက်နက်ကို ဝယ်ယူမည်ဟူ၍ မဆိုလိုပါ....။

ဒုံးလက်နက်စနစ်၏ အခြေခံအချက်လက်အချို့

• Range

- 8.6 km (128mm rockets FLAME A)
- 12.6 km (128 mm rockets FLAME D)
- 22.5 km (128 mm rockets OGANJ)
- 35 miles (122 mm GRAD rockets


• The launch device
- Plug-in launcher module (container) disposable or reusable

• Number of containers on the launch platform
- 2 pieces

• Number of tubes per container
16 (FIRE)
12 (OGANJ)
12 (GRAD)

• Sighting Subsystems
- Primary, posrestvom inercionalno navigation system

• Preparation time tools for action: 45 s
• Time to leave position of fire: 30 s

မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များ ဒုံးတင်ယာဉ်အားလေ့လာနေစဉ်

ပြပွဲတစ်ခုအတွင်းတွင် တွေ့ရသည့် ဒုံးတင်ယာဉ်နှင့် ဒုံးလက်နက်များ

အရင်ကစနစ်ဟောင်းပါ

ကျွှန်တော့်အနေနှင့် ဒုံးလက်နက်များကို စိတ်ဝင်စားတဲ့အတွက် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်.... ပြည်တွင်းဒုံးလက်နက်များထုတ်လုပ်မှု သမိုင်းများမှတ်တမ်းဓါတ်ပုံများရှိပါက ပို့ပေးကြပါဦးဗျာ....။