Friday, June 29, 2012

ပုံစံ-၈၇ ၁၀၅မမအမြှောက်ပါ တင့်ဖျက်ယာဉ်များ



ဘီးတပ် ချေမှုန်းရေးအမြှောက်ယာဉ် (သို့) တင့်ဖျက်ယာဉ်များသည် တိုက်ပွဲများအတွင်း ရန်သူ့တင့် ၊ သံချပ်ကာယာဉ်စသည့် ပစ်မှတ်များကိုတိုက်ခိုက်ရန်သာမက ထောက်လှမ်းရေးယာဉ်အဖြစ်လည်းကောင်း၊ စစ်သည်များအတွက် ထောက်ပို့ယာဉ်များအဖြစ်လည်းကောင်း အသုံးပြုနိုင်ခြင်းစသည်တို့ အပြင် တန်ဖိုးစရိတ်သက်သာခြင်းကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရှိ တပ်မတော်များတွင် အသုံးပြုလာရသော အကြောင်းရင်းတစ်ခုဖြစ်သည်။

မြန်မာ့တပ်မတော်ရှိ ပုံစံ-၈၇ ၁၀၅မမအမြှောက်တပ် တင့်ဖျက်ယာဉ်


တရုပ်တပ်မတော်၏ ပင်မလက်နက်ထုတ်လုပ်ရေးအဖွဲ့ကြီးဖြစ်သည့် နော်ရင်ကို သည်လည်း ၂၀၀၄ခုနှစ်များမှစတင်၍ ၁၀၅မမ ယာဉ်တင်အမြှောက် (တင့်ဖျက်ယာဉ်)များကို စတင်ထုတ်လုပ်ခဲ့ရာ အင်္ဂလန်နိုင်ငံရှိ ဂျိမ်းစ် ထောက်လုမ်းရေးစာစောင်တွင် အကျယ်တဝင့်ဖော်ပြခြင်းခံခဲ့ရခြင်းကြောင့် စစ်ရေးလေ့လာသူများအတွက် စိတ်ဝင်စားစရာအချက်ဖြစ်လာပေသည်။

အဆိုပါ နော်ရင်ကိုမှထုတ်လုပ်သော တင့်ဖျက်ယာဉ်သည် ခေတ်မှီပစ်မှတ်ပြစနစ်၊ ပဲ့ထိန်းအမြှောက် ထိန်းချုပ်ရေးစနစ် ၊ အလိုလျှောက်ပစ်မှတ်ရှာဖွေသည့်စနစ် နှင့် အခြားသော စွမ်းဆောင်ရည်မြှင့်မှားသည့် ခေတ်မှီနည်းပညာများတပ်ဆင်ထားခြင်းကြောင့် တင့်ဖျက်ယာဉ်အနေဖြင့် ရွေ့လျှားစစ်ကစားနေစဉ်အတွင်းပင် ပစ်မှတ်များအား တိကျစွာပစ်ခတ်ချေမှုန်းနိုင်သည်ဟု သိရပါသည်။


မြန်မာ့တပ်မတော်ရှိ တင့်ဖျက်ယာဉ်

တရုပ်တပ်မတော်ရှိ တင့်ဖျက်ယာဉ်


ထို့ပြင် တင့်၏အမြှောက်အနေဖြင့်မှု ၁ မိနစ်တွင် အမြှောက် ၆-၈ လုံးအထိ ပစ်ခတ်နိုင်ပြီး အမြှောက်ပြောင်းအား ၄.၅ ဒီဂရီမှ + ၁၈ ဒီဂရီအထိ အပေါ်အောက် လှုပ်ရှားနိုင်ကာ တင့်၏အမြှောက်စနစ်တစ်ခုလုံးအား ၃၆၀ ဒီဂရီလှည့်ပတ်၍ ပစ်မှတ်အား တိုက်ရိုက်ပစ်ခတ်နိုင်ပါသည်။တင့်ဖျက်ယာဉ်အား အနီးကပ် ကာကွယ်ရန်အတွက်မှု ၇.၆၂မမ နှင့် ၁၂.၇မမ စစ်သေနတ်များအား အရှေ့၊နောက်တဖက်စီတွင် တပ်ဆင်ထားပါသည်။
၆×၆ ဘီးယက်ယာဉ်ဖြစ်သည့် အဆိုပါတင့်ဖျက်ယာဉ်များသည် ၁နာရီတွင် ၉၀ ကီလိုမီတာ နှုန်းဖြင့်မောင်းနှင်နိုင်ပြီး အကွာအဝေး ကီလိုမီတာ၆၀၀ အထိ မောင်းနှင်နိုင်ပါသည်။ တန်ချိန်အားဖြင့်မူ ၁၉တန်ချိန်သာရှိသည်။

တင့်ဖျက်ယာဉ်မှ အမြှောက်ပစ်ခတ်နေစဉ် (တရုပ်တပ်)

အားသာချက်တစ်ခုမှာ ယာဉ်တွင် တပ်ဆင်ထားသော တာယာများဖြစ်သည်... အဆိုပါ ဘီးတာယာများသည် ကျည်ကာစနစ်တစ်မျိုးဖြင့် ရောစပ်ပြုလုပ်ထားခြင်းဖြစ်ပြီး ဗဟိုလေထိုးစနစ်အသုံးပြုထားသဖြင့် လမ်း၏မျက်နှာပြင်အခြေအနေပေါ်တွင်လိုက်၍ ပြောင်းလဲနိုင်စွမ်ရှိသည်။ရန်သူ့မှ ပစ်လိုက်သော ကျည် (သို့) လက်နက်များဖြင့် ဘီးတာယာသည် ထိခိုက်မှုရှိခဲ့ပါကလည်း ၁နာရီတွင် ၄၅ကီလိုမီတာနှုန်းဖြင့် ကီလိုမီတာ ၁၀၀ကျော်အား ဆက်လက်မောင်းနှင်နိုင်ဦးမည်ဖြစ်သည်...။

တင့်ဖျက်ယာဉ်၏ အမြှောက်ပြောင်းမှ အမြှောက်ဒုံးလက်နက်အားပစ်ခတ်မှုတွင်လည်း တင့်ကားများထက်ပို၍ တုန်ခါမှုအနည်းအများရှိနိုင်ပါသည်။ထို့ပြင်တင့်ဖျက်ယာဉ်အား ရန်သူ့တိုက်ယာဉ်များမှ ဖုံးကွယ်နိုင်စေရန်အတွက်မှု မီးခိုးဗုံးများ ၆-၈လုံးတပ်ဆင်ထားသေးသည်။တင့်ဖျက်ယာဉ်များသည် တိုက်ပွဲဝင်တင့်ကားကြီးများကဲ့သို့မဟုတ်ဘဲ လျှင်မြန်စွာ စစ်ကစားနိုင်ခြင်းသည် ယာဉ်၏အဓိကအားသာချက်တစ်ခုဖြစ်ပေသည်.....။

တင့်ဖျက်ယာဉ် (တရုပ်တပ်)


ဖော်ပြထားသော အချက်လက်များအနက်အမှားယွင်းများ ၊ အခေါ်အဝေါအလွဲများရှိပါက အောက်တွင်ကော်မန့်ရေးခြင်းဖြင့် ဝင်ရောက်ကူညီပေးကြပါခင်ဗျာ...။ ပိုစ့်တင်ခြင်းအနည်းငယ်ခြားပါတော့မယ်.... :) ။ လာရောက်လည်ပတ်သူ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းပါခင်ဗျာ....။

Tuesday, June 26, 2012

ပုံစံ-၆၃ ကုန်း၊ရေ နှစ်သွယ်သွား အပေါ့စားတိုက်ပွဲဝင်တင့်ကား


မြန်မာ့တပ်မတော် သံချပ်ကာယန္တာရားတပ်ဖွဲ့ရှိ ကုန်း၊ရေ နှစ်သွယ်မောင်းနှင်နိုင်သော ပုံစံ-၆၃ အပေါ့စားတိုက်ပွဲဝင်တင့်များကို ၁၉၉၀ခုနှစ်နောက်ပိုင်းနှစ်များတွင် စတင်အသုံးပြုခဲ့ပြီး မြန်မာ့တပ်မတော် စစ်ရေးလေ့ကျင့်မှုသမိုင်းတွင် နာမည်ကြီးသည့် ၁၉၉၆ခုနှစ်များအတွင်းက ကမ်းတက်စစ်ဆင်ရေး လေ့ကျင့်ခန်းကြီးများတွင်လည်း ပါဝင်လေ့ကျင့်ခဲ့သည့် တင့်များဖြစ်ပါသည်။

ရုရှားတပ်မတော်(ယခင် ဆိုဗီယက်) ၏ ပီတီ-၇၆ တင့်အားပုံတူယူး၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး တရုပ်တပ်မတော်၏ အားထားရသော တင့်အဖြစ်အသုံးပြုခဲ့သည်ဟု သိရပါသည်။ ပုံစံ-၆၃ တင့်တွင်မူ ၈၅မမ အမြှောက်ပြောင်းအားတပ်ဆင်ထားပြီး ပြည်ပသို့တင်ပို့မှုများပြုလုပ်ခဲ့ကြသည်။ မြန်မာ့တပ်မတော်၏ ပုံစံ-၆၃ တင့်များကိုလည်း ၂၀၀၈ ခုနှစ်နှောင်းပိုင်းများတွင် အဆင့်မြှင့်တင်မှုများပြုလုပ်ခဲ့သည်ဟု သတင်းများအရသိရပါသည်။ တင့်၏မည်သည့်အပိုင်းအား အဆင့်မြှင့်တင်မှုပြုလုပ်သည်ကို အသိအကျမသိရသောလည်း ပစ်မှတ်ထိန်းစနစ် ( Tank Fire Control System) ကဲ့သို့ စနစ်များကို အဆင့်မြှင့်တင်မှုဖြစ်နိုင်ပါသည်။



85mm HE round fired from type-63 II light tank of Myanmar Army






မြန်မာ့တပ်မတော်ရှိ တင့်များ ကမ်းထိုးစစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်း


တရုပ်တပ်မတော်၏ ပုံစံ-၆၃ တင့်များ


ပုံစံ-၆၃ တင့်အား ဆက်လက်လေ့လာလိုပါက...
http://en.wikipedia.org/wiki/Type_63_%28tank%29

Saturday, June 23, 2012

မြန်မာ့တပ်မတော်ရှိ VT-1A ပင်မတိုက်ပွဲဝင်တင့်ကားများ



မြန်မာ့တပ်မတော်၏ သံချပ်ကာယာန္တာရားတပ်ဖွဲ့ရှိ ခေတ်အမှီဆုံးတိုက်ယာဉ်ဟု သတ်မှတ်နိုင်သည့် အမ်ဘီတီ-၂၀၀၀ (သို့) ဗီတီ-၁အေ ပင်မတိုက်ပွဲဝင်တင့်များကို တရုပ်နိုင်ငံမှဝယ်ယူထားခြင်းဖြစ်ပြီး သံချပ်ကာတပ်ဖွဲ့၏ တီ-၇၂အက်စ် နှင့် ပုံစံ-၅၉ဒီ တင့်များအား ပင်မတိုက်ပွဲဝင်တင့်အဖြစ်သတ်မှတ်မည်ဆိုပါက အဆိုပါ အမ်ဘီတီ-၂၀၀၀ တင့်သည် မြန်မာ့တပ်မတော်၏ တတိယမြောက် ပင်မတိုက်ပွဲဝင်တင့်ကားများဖြစ်လာမည်ဖြစ်သည်။




အမ်ဘီတီ-၂၀၀၀ ပင်မတိုက်ပွဲဝင်တင့်ကား နှင့် တင့်သယ်ယာဉ်


သံချပ်ကာယန္တာရားတပ်ဖွဲ့ပြခန်းရှိ အမ်ဘီတီ-၂၀၀၀ တင့်ကား


တရုပ်တပ်မတော်သုံး MBT-2000 ပင်မတိုက်ပွဲဝင်တင့်ကား


(ဓါတ်ပုံအရည်အသွေးနှင့်ရှိပါက ပို့ပေးကြပါဦးခင်ဗျာ...။)

Thursday, June 21, 2012

တပ်မတော်ဆိုင်ရာ ဓါတ်ပုံအချို့

မြန်မာ့တပ်မတော် (ကြည်း၊ရေ၊လေ)တပ်ဖွဲ့များ


ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့

စစ်တပ်တစ်ခုရဲ့ အရေးကြီးဆုံးအပိုင်းမှာပါတဲ့ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ဝင်များဖြစ်ပါတယ်...။

ဆက်သွယ်ရေးတပ်ဖွဲ့

အပေါ်က တွေ့ရတဲ့ပုံကိုကြည့်ခြင်းအားဖြင့် ကျွှန်တော်အနေနှင့် ဒီပိုစ့်ကိုတင်ဖြစ်တာလို့ပြောနိုင်ပါတယ်....။ ကျွှန်တော်တို့တွေ့နေကြမဟုတ်တဲ့ တပ်မတော်စစ်ဝတ်စုံအပြည့်နှင့် ခေတ်မှီဆက်သွယ်ရေးစက်တွေကိုင်ထားတဲ့ ဒီပုံဟာ မြင်ရသူတိုင်းအတွက် အံ့သြစေတယ်ဆိုတာ အမှန်ဘဲဖြစ်ပါတယ်....။ မြန်မာ့တပ်မတော်ကြီး ခေတ်မှီတိုးတက်စေဖို့ ကြိုးပမ်းမှုများအနက် အခုလိုခေတ်မှီ စစ်ဝတ်တန်ဆာမှာနှင့် ဖော်ပြပေးခြင်းဟာ ပြည်သူများသာမက အိမ်နီးချင်းနိုင်ငံများရှိ စစ်တပ်များအတွက်ပင် လေးစားစေနိုင်တဲ့အချက်တွေဖြစ်ပါတယ်...။

လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ဖွဲ့

မြန်မာ့တပ်မတော်ရှိ အင်ဂျင်နီယာတပ်ဖွဲ့ပြပုံမှာ တပ်မတော်သုံး MA စီးရီး ချေမှုန်းရေးရိုင်ဖယ်များအား ထုတ်လုပ်တပ်ဆင်နေပုံနှင့် တိုက်ပွဲဝင်စစ်သည်များအား တိုက်ရိုက် အမိန့်ပေးနိုင်သည့် command vehicle ယာဉ်များစသည်ဖြင့် ဂုဏ်ယူဖွယ်တွေ့နိုင်ပါသည်။

Mobile Repair Workshop

ဒီအမိန့်ပေးယာဉ်၏ အထူးစွမ်းဆောင်မှုကို လေ့လာမိသူများရှိပါက ပြောပြပေးဖို့တောင်းဆိုချင်ပါတယ်....။

Monday, June 18, 2012

တပ်မတော် (လေ)ရှိ စစ်သုံးယာဉ်ကြီးများ

မြန်မာ့တပ်မတော် (လေ)သည် တိုက်ခိုက်ရေး စွမ်းရည်တိုးတက်မြှင့်မှားလာစေရန် ရည်ရွှယ်၍ လေသူရဲများအနေဖြင့် လေ့ကျင့်မှုများ အမြဲပြုလုပ်သည်ဟု သိရရာ မြန်မာ့ဝေဟင်အား ကာကွယ်ပေးမည့် တပ်ဖွဲ့ကြီးတစ်ခုအနေဖြင့် ဂုဏ်ယူမိပါသည်။

တပ်မတော် (လေ)မှ လေယာဉ်ကြီးများအပြင် စစ်ရဟတ်ယာဉ်များသည်လည်း ကာကွယ်ရေးဆိုင်ရာ တာဝန်များကိုသာမက ဒုက္ခရောက်ပြည်သူများအား ကယ်ဆယ်ရေးတာဝန်ထမ်းဆောင်မှု ၊ အစားအသောက်အတွက် ရိက္ခာများသယ်ယူ ပို့ဆောင်ပေးမှုစသည့် တာဝန်ကြီးများကို ထမ်းဆောင်နေကြပါသည်။

စစ်ရေးဆိုင်ရာ လေ့ကျင့်မှု တစ်ခုအတွင်းက အမ်အိုင်-၁၇ ရဟတ်ယာဉ်များ

ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် အမ်အိုင်-၁၇ ရဟတ်ယာဉ်များ

တပ်မတော် (လေ)မှ စစ်ရဟတ်ယာဉ်လေယာဉ်များနည်းတူ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးများ ဖြစ်သော ဝိုင်-၈ဒီ လေယာဉ်ကြီးများသည်လည်း အလွန်အရေးပါပေရာ တပ်မတော်မှ ထိုးဖောက်စစ်သည်များအား ရန်သူ့နယ်မြေအတွင်း ချပေးခြင်း၊ရှေ့တန်းတပ်စခန်းများအနီးတွင် ချပေးခြင်းစသည့် ကာကွယ်ရေးဆိုင်ရာ တာဝန်များအပြင် မြန်မာပြည်တစ်ဝှမ်းရှိ လိုအပ်သည့်နေရာများတွင် လိုအပ်သည့် ရိက္ခာ၊ထောက်ပံ့ရေးဆိုင်ရာ ပစ္စည်းများ သွားရောက်သယ်ယူပို့ဆောင်ပေးခြင်းစသည့် အရေးကြီးတာဝန်များအား ထမ်းဆောင်နေကြပါသည်။

မင်္ဂလာဒုံလေတပ်စခန်း ဌါနချုပ်တွင်တွေ့ရသည့် လေယာဉ်ကြီး

ရခိုင်ပြည်နယ်အတွင်းတွင် တွေ့ရသည့် လေယာဉ်ကြီး

တပ်မတော် (လေ)၏ မြေပြင်ပစ်ကူပေးတိုက်လေယာဉ်အမျိုးအစားတစ်ခုဖြစ်သည့် အေ-၅စီ တိုက်လေယာဉ်ဖြစ်ပါသည်။ အဆိုပါတရုပ်မှဝယ်ယူထားသည့် တိုက်လေယာဉ်များအား ပိုမိုအဆင့်မြှင့်သည့် JH-7 တိုက်လေယာဉ်များဖြင့် အစားထိုးပြောင်းလဲတပ်ဆင်မည်ဟု သိရပါသည်။

မြန်မာ့ဝေဟင်အား ကျုးကျော်လာသည့် မည်သည့်ရန်သူမျိုးကိုမဆို တုံ့ပြန်တိုက်ခိုက်ချေမှုန်းပေးမည့် တပ်မတော် (လေ)မှ အမ်အိုင်ဂျီ-၂၉ (မစ်-၂၉) တိုက်လေယာဉ်များ ဖြစ်ပါသည်။ အသစ်ရောက်ရှိလာသည့် တိုက်လေယာဉ်အသစ်များဖြစ်ပါသည်။

(အခုတလော သတင်းအမျိုးမျိုးကြားနေရပါတယ်ခင်ဗျာ... ဘာဘဲဖြစ်ဖြစ်အဆင်ပြေတိုင်းပိုစ့်တင်ပေးပါမယ်... ရေတပ်သုံး sonar တွေအကြောင်းက မေးထားပါသည် သေချာတဲ့အချက်တွေရလာရင် တင်ပေးပါ့မယ်... အားလုံးကျေးဇူးပါ...)

Tuesday, June 12, 2012

BTR-3U များ၏ Slat Armor စနစ်သစ်



မြန်မာ့တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံများမှ (ကပစ) သံချပ်ကာယန္တာရားတပ်ဖွဲ့များအတွက်လိုအပ်သော အပိုပစ္စည်းများနှင့် တင့်အစိတ်အပိုင်းများကို တပ်ဆင်ထုတ်လုပ်ပေးနိုင်နေပြီဟု သိရပါသည်။ထို့ပြင် သံချပ်ကာ၊တင့်ယာဉ်များအတွက် အဆင့်မြှင့်တင်မှုလုပ်ငန်းများအားလည်း ဆောင်ရွှက်နိုင်နေပြီဟု သိရရာ ဘီတီအာ-၃ယူ ကဲ့သို့သော ခေတ်မှီ သံချပ်ကာလူသယ်ယာဉ်များကိုပါ ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်နိုင်နေပြီဖြစ်ပါသည်။

ဘီတီအာ-၃ယူ သံချပ်ကာယာဉ် ယူကရိန်းနိုင်ငံ၏ နည်းပညာသစ်ဖြင့် ထုတ်လုပ်သော ခေတ်မှီသံချပ်ကာယာဉ်များဖြစ်ပြီး ရုရှားနိုင်ငံ၏ ဘီတီအာ-၈၀ သံချပ်ကာယာဉ်ထက်ပင် စွမ်းဆောင်ရည် မြှင့်မားသည်ဟု သိရပါသည်။ ဘီတီအာ-၃ယူ၏ ခေတ်ပြိုင် သံချပ်ကာများဟု ဆိုနိုင်သော သံချပ်ကာယာဉ်များမှ အမေရိကန်၏ Stryker ၊ ရုရှားနိုင်ငံ၏ BTR-90 နှင့် တရုပ်နိုင်ငံ၏ ဇက်ပီအယ်-၀၉ သံချပ်ကာယာဉ်များ စသည်တို့ဖြစ်သည်။
(နာမည်ကျော် သံချပ်ကာယာဉ်အမြောက်အများရှိပါသေးသည်။)

အမေရိကန်စစ်တပ်သုံး Stryker သံချပ်ကာယာဉ်

ရုရှားစစ်တပ်သုံး BTR-90 သံချပ်ကာယာဉ်

တရုပ်စစ်တပ်သုံး ဇက်ဘီအယ်-၀၉ သံချပ်ကာယာဉ်


ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံများအပြင် အာဆီယံဒေသတွင်းနိုင်ငံများရှိ စစ်တပ်သုံး သံချပ်ကာယာဉ် (ဂ×ဂ) ဘီးယက် သံချပ်ကာယာဉ်များကို လေ့လာကြည့်မည် ဆိုပါက-

ယိုးဒယားစစ်တပ်သုံး BTR-3E1 ၊ ဘင်္ဂလားဒေ့်စစ်တပ်သုံး BTR-80 ၊ မလေးရှားစစ်တပ်သုံး FNSS Pars AV-8 နှင့် စင်ကာပူစစ်တပ်သုံး Terrex အစရှိသည့် သံချပ်ကာယာဉ်များကို အသုံးပြုကြပါသည်။

သံချပ်ကာယဉ်များသည် တင့်များကဲ့သို့ အားကောင်းသော အကာကွယ်များမရှိသော်လည်း လျှင်မြန်စွာ လှုပ်ရှားစစ်ကစားနိုင်ရန် ရည်ရွှယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ရာ အာပီဂျီ ကဲ့သို့သော ရန်သူ့တင့်ဖျပ်လက်နက်များ၏ ရန်မှကာကွယ်ရန်အတွက် အထူးလိုအပ်ပါသည်။ထို့ကြောင့် ယာဉ်၏ လုံခြုံရေးအတွက် စနစ်သစ်များအား တီထွင်ထုတ်လုပ်လာကြသည်။ထို့ပြင်ရန်သူမှ မမြင်နိုင်စေရန်အလို့ဌါ မီးခိုးဗုံးများကိုလည်း တပ်ဆင်လာကြသည်။

ထို့သို့သောတီထွင်မှုများအနက် အမေရိကန်နှင့် အနောက်နိုင်ငံများ အဓိက အသုံးပြုလာသော နည်းမှာ သာမရိုးကျဟုစနစ်ဟု ခေါ်ဆိုနိုင်မည့် Slat Armor ဟုခေါ်သည့် သံစကာအုပ်သည့် နည်းပင်ဖြစ်သည်။
အီရတ်ကဲ့သို့သော စစ်မြေပြင်များတွင် ရန်သူ့ ချုံခိုပစ်ခတ်မှုများအား ကာကွယ်ရန်အတွက် ရည်ရွှယ်သည်ဟု သိရပါသည်။အဆိုပါ သံစကာအုပ်သည့် စနစ်သည် ရုရှား၏ အာပီဂျီ-၂၉ ကဲ့သို့သော ခေတ်မှီတင့်ဖျက်ယာဉ်များကိုပင် ကာကွယ်နိုင်သည်ဟု သိရပါသည်။ သံချပ်ကာယာဉ်များသာ မကဘဲ တင့်ကားများတွင်ပင် တပ်ဆင်လာကြသည်ကို တွေ့ရပါသည်။

မြန်မာ့တပ်မတော်သည်လည်း နိုင်ငံတကာရှိ စစ်တပ်များနည်းတူ တပ်မတော်အား ခေတ်မှီစေရေးအတွက် ဆောင်ရွှက်မှုအနေဖြင့် လက်ရှိထုတ်လုပ်နေသော ဘီတီအာ-၃ယူ သံချပ်ကာယာဉ်များအား သံစကာအုပ်သည့် နည်းပညာအား စမ်းသပ်တပ်ဆင်နေသည်ဟု သိရပါသည်။

မြန်မာ့တပ်မတော် သံချပ်ကာယန္တာရားတပ်ဖွဲ့များတွင် အသုံးပြုမည့် ဘီတီအာ-၃ယူ စနစ်သစ်များ



ရုရှား၏ ဘီတီအာ-၈၀ သံချပ်ကာယာဉ်

(အခေါ်အဝေါမှားများအား ဝင်ရောက်ထောက်ပြပေးကြပါဦးဗျာ... )

Monday, June 11, 2012

နေပြည်တော် စစ်သမိုင်းပြတိုက်ရှိ သံချပ်ကာယာဉ်တချို့


မြန်မာ့တပ်မတော် သံချပ်ကာယန္တာရားတပ်ဖွဲ့များအနေဖြင့် ခေတ်အဆက်ဆက်တွင် တပ်ဖွဲ့များ၏ စွမ်းဆောင်ရည်များတိုးတက်စေရန် ရည်ရွှယ်၍ စနစ်တကျ လေ့ကျင့်သင်ကြားပေးခြင်း၊
ခေတ်မှီစစ်ယာဉ်များအား တပ်ဆင်ပေးထားခြင်းစသည့်အချက်များကြောင့် လက်ရှိအချိန်တွင် တပ်မတော် သံချပ်ကာတပ်ဖွဲ့ကြီးများသည် လေ့ကျင့်မှုပြည့်ဝသော ၊
စွမ်းဆောင်ရည်ထက်မြက်သော ခေတ်မှီသံချပ်ကာတပ်ဖွဲ့များဖြင့် ကျုးကျော်လာသည့် မည်သည့်ရန်သူမဆို တိုက်ထုတ်ချေမှုန်းရန် အသင့်ရှိသည်ဟု သိရပါသည်။

မြန်မာ့တပ်မတော်၏ ခေတ်အဆက်ဆက်တွင် အသုံးပြုခဲ့သော သံချပ်ကာယာဉ်များ နှင့် တင့်များအား နေပြည်တော် စစ်သမိုင်းပြတိုက်အတွင်းတွင် တွေ့ရစဉ်။

(ကင်းလှည့်ယာဉ်များ)

BAAC-73 Scout car (ပြည်တွင်းထုတ်) သံချပ်ကာယာဉ်

ပြတိုက်အတွင်းတွင် တွေ့ရသည့် M-4 Sherman တင့်ကားတစ်စီး


ပုံစံ-၉၂ ယာဉ်ကို အဓိကအခြေခံ၍ အဆင့်မြှင့်တင်မှု ပြုလုပ်ထားသည့် တင့်ဖျက်ယာဉ်



စစ်သမိုင်းပြတိုက်တွင် ပြသထားသည့် BTR-3U သံချပ်ကာလူသယ်ယာဉ်

(အချက်လက်အမှားများပါပါက လွတ်လပ်စွာဝေဖန်ထောက်ပြနိုင်ပါတယ်ခင်ဗျာ...။)

Thursday, June 7, 2012

မြန်မာ့တပ်မတော်ရှိ T-72S တင့်ကားကြီးများ


မြန်မာ့တပ်မတော်၏ ခေတ်မှီတင့်ကားကြီးများ

တီ-၇၂ ပင်မတိုက်ပွဲဝင်တင့်ကားများအား မျိုးကွဲပေါင်းများစွာ ထုတ်လုပ်ခဲ့ရာ ဆိုဗီယက်တပ်မတော်၏ တီ-၇၂ဘီ ပင်မတိုက်ပွဲဝင်တင့်အမျိုးစားအား ပြည်ပသို့ရောင်းချခဲ့သည်....။ အဆိုပါတင့်များအား အမျိုးစား တီ-၇၂အက်စ်ဟု သတ်မှတ်ထားပြီး အဆင့်မြှင့်တင်မှုများပြုလုပ်ထားသည်။

သံချပ်ကာနှင့်ယန္တာယားတပ်ဖွဲ့များရှိ ခေတ်မှီတင့်ကားကြီးများ


တီ-၇၂ ပင်မတိုက်ပွဲဝင်တင့်များ၏ အားနည်းချက်၊အားသားချက်များအား ကမ္ဘာတစ်ဝှမ်းရှိစစ်ပွဲများတွင် တွေ့ရမည်ဖြစ်ပြီး အီရတ်စစ်ပွဲများတွင် အကျဆုံးများရှိသကဲ့သို့ ရုရှားစစ်တပ်၏ ဂျော်ဂျီယာနိုင်ငံနှင့် ဖြစ်ပွှားခဲ့သော တိုက်ပွဲများတွင် တီ-၇၂ ပင်မတိုက်ပွဲများ၏ စွမ်းဆောင်ရည်အား တွေ့၇မည်ဖြစ်ပါသည်။

မြန်မာ့တပ်မတော်၏ ပင်မတိုက်ပွဲဝင်တင့်ကားကြီးများအနက် ယခုတွေ့ရသော တီ-၇၂အက်စ် တင်ကားများသည် ယူကရိန်းနိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပြီး မလေးရှားနိုင်ငံ၏ ပီတီ-၉၁အမ် (ပိုလန်ထုတ်) တင့်များနှင့် အမျိုးစားတူညီရာ အိမ်နီးချင်း အာဆီယံတပ်မတော်များတွင် မြန်မာတပ်မတော်ပြီးလျှင် မလေးရှားနိုင်ငံသည် ခေတ်မှီ တီ-၇၂ မျိုးကွဲ တင့်များအသုံးပြုသော နိုင်ငံဖြစ်လာသည်။ ယိုးဒယားစစ်တပ်မှ ဝယ်ယူမည့် တီ-၈၄ တင့်များသည်လည်း တီ-၇၂ တင့်များအပေါ်တွင် အဓိကအခြေခံ၍ ထုတ်လုပ်ထားခြင်းဖြစ်ပြီး လက်ရှိအသုံးပြုနေသော အမ်-၆၀အေ၁ တင့်များသည် ယိုးဒယားစစ်တပ်၏ အကောင်းဆုံးတင့်များဖြစ်နေသည်။ ထို့ပြင် ဘင်္ဂလားစစ်တပ်၏ သံချပ်ကာတပ်များအား ယှဉ်ကြည့်မည်ဆိုပါက ဘင်္ဂလားစစ်တပ်တွင် တရုပ်ထုတ် ပုံစံ-၆၉ ကို အဆင့်မြှင့်တင်ထားသော ပုံစံ-၆၉ အမ်ကေ တင့်များသည်သာလျှင် ခေတ်မှီဆုံးတင့်များ ဖြစ်သည်။

မလေးရှားတပ်မတော်၏ ခေတ်မှီ ပင်မတိုက်ပွဲဝင်တင့်ကား ပီတီ-၉၁အမ်

ဘင်္ဂလားတပ်မတော်၏ ခေတ်မှီဆုံး ပင်မတိုက်ပွဲဝင်တင့်ကား

မြန်မာ့တပ်မတော်ရှိ ခေတ်မှီတင့်ကားများအနက် ပုံစံ-၅၉ဒီ ပင်တိုက်ပွဲဝင်တင့်ကားများ

ဘင်္ဂလားဒေ့်တပ်မတော်ရှိ တင့်ကားများတွင် တရုပ်ထုတ် တင့်ကားများသာ တပ်ဆင်ထားရာ မကြာမှီကပင် အမ်ဘီတီ-၂၀၀၀ ပင်မတိုက်ပွဲဝင်တင့်ကားများအား မှာယူထားသည်ဟု သိရပါသည် အဆိုပါ အမ်ဘီတီ-၂၀၀၀ တင့်များအား မြန်မာ့တပ်မတော်မှ ၂၀၀၉ခုနှစ်အတွင်းတွင် တရုပ်နိုင်ငံမှ လက်ခံရရှိခဲ့ပြီးဖြစ်သည်ဟု သိရပါသည်။