Wednesday, May 30, 2012

တပ်မတော် (လေ)ရှိ အမောင်းသင်/အပေါ့စားတိုက်လေယာဉ် G-4



မြန်မာ့တပ်မတော် (လေ)တွင် လက်ရှိ အသုံးပြုနေသည့် အမောင်းသင်တိုက်လေယာဉ်၊ အပေါ့စားတိုက်လေယာဉ်များ ဖြစ်သည့် ဂျီ-၄ တိုက်လေယာဉ်များကို မြန်မာနိုင်ငံသို့ မပို့ဆောင်မှီ ယူဂိုဆလပ်နိုင်ငံတွင် တွေ့ရစဉ် ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့ မပို့ဆောင်မှီ

တပ်မတော် (လေ)၏ ဂျီ-၄ တိုက်လေယာဉ်



တရုပ်လေတပ်ထုတ် ကေ-၈ အမောင်းသင်/အပေါ့စားတိုက်လေယာဉ်


ဂျီ-၄ တိုက်လေယာဉ်တွေနှင့် ဆင်တူတယ်လို့ ဆိုနိုင်တဲ့ တိုက်လေယာဉ်ကတော့ ကေ-၈ အမောင်းသင်၊အပေါ့စားတိုက်လေယာဉ်တွေပါဘဲ....။ တကယ်လို့သာ တပ်မတော် (လေ)မှ မှာယူထားတဲ့အတိုင်း အစီးရေ (၂၀) စလုံးသာ ရောက်လာခဲ့မယ်ဆိုရင် တပ်မတော် (လေ)ရဲ့ စွမ်းရည်ဟာ သိသိသာသာတိုးတက်နိုင်စရာ အကြောင်းရှိတယ်လို့ သိရပါတယ်..။ အရင်ကလည်း ဖော်ပြဘူးပြီးသားမို့ အကျယ်ချဲ့ပြီး မပြောတော့ပါဘူးခင်ဗျာ....။

(Mycity-military.com)

Sunday, May 27, 2012

Littoral Combat Ships (သို့) အနာဂတ်ရဲ့ စွမ်းရည်မြင့် စစ်သင်္ဘောများ


LCS – The USA’s Littoral Combat Ships တွေဟာတော့ အမေရိကန်ရဲ့ အနာဂတ် ကမ်းရိုးတမ်းနဲ့ မြစ်တွင်း ဗျူဟာမြောက် စစ်ဆင်ရေးတွေမှာ အစွမ်းထက်မြက်စွာ အသုံးချနိုင်ဖို့ ရည်ရွယ်ထားတဲ့ စစ်သင်္ဘောတွေဖြစ်ပါတယ်။
အမေရိကန်ဟာ သူတို့ရဲ့ FFG-7 Oliver Hazard Perry Class frigates စစ်သင်္ဘော အစီး ၃၀၊ MCM Avenger Class မိုင်းရှင်း သင်္ဘော ၁၄ စီး၊ MHC-51 Osprey Class coastal mine hunters မိုင်းရှင်းသင်္ဘော ၁၂ စီး စတဲ့နေရာတွေမှာ LCS သင်္ဘော တွေနဲ့အစားထိုးဖို့ ရည်ရွယ်ထားတဲ့ သင်္ဘောတွေဖြစ်ပါတယ်။


ဒီသင်္ဘောအုပ်စုတွေကိုတော့ စောစောကပြောခဲ့သလိုပဲ နိုင်ငံနယ်နမိတ်ဒေသတွေမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ၊ အထူးသဖြင့် ပင်လယ်ပြင်ရေတိမ်ပိုင်းတွေ၊ အထူးသဖြင့် ကမ်းနှင့်နီးကပ်သောနေရာတွေအပြင် မြစ်အတွင်းမှာပါ အရေးကြီးတဲ့ စစ်ဆင်ရေး ထိုးစစ်တွေကို ဆင်နွှဲနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒီလိုစစ်ဆင်ရေးတွေမှာ ကမ်းရိုးတမ်း မိုင်းရှင်း စစ်ဆင်ရေးတွေ၊ ဒီဇယ်အင်ဂျင်သုံး ရေငုပ်သင်္ဘောတွေကို စစ်ဆင်ရေးတွေ၊ မြန်နှုန်းမြင့် သင်္ဘောတွေ အသုံးပြုတဲ့ အကြမ်းဖက်အဖွဲ့တွေကို ရင်ဆိုင်ရာမှာ အသုံးချဖို့ ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် ဒီသင်္ဘောတွေမှာ ရန်သူကို ထောက်လှမ်းဖို့၊ သတင်းရယူဖို့၊ နောက်ပြီးတော့ မြေပြင် စစ်ဆင်ရေးအဖွဲ့တွေကို စစ်ဆင်ရေးမှာ လိုအပ်တဲ့ စစ်ရေးပံပိုးမှု့တွေ ပြုလုပ်နိုင်အောင် ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် ဒီသင်္ဘောတွေကို အခြားသော လေယာဉ်တင်သင်္ဘောတွေ၊ တိုက်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ အခြားစစ်ဆင်ရေးမှာ ပူးတွဲပါဝင်မယ့် အဖွဲ့ဝင်တွေကြားမှာ အရေးပါတဲ့ သတင်းအချက်အလက်တွေကို ထောက်ပံပေးရာ တည်ကျက်အဖြစ် အသုံးပြုနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။ ဒါ့အပြင် ဒုံကျဉ်တပ်ဆင်ထားတဲ့ ရန်သူ့ ရေယာဉ်တွေကို ထိုးစစ်ဆင်နိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။



လက်ရှိမှာတော့ LCS သင်္ဘောတွေအတွက် ဒီဇိုင်း ၂မျိုး ရှိပါတယ်။ ပထမတစ်မျိုးကတော့ မြန်နှုန်းမြင့် trimaran (၀မ်းဗိုက် ၃ ခုပါရှိတဲ့ မြန်နှုန်းမြင့် သင်္ဘော) ဖြစ်ပါတယ်။ ဒီသင်္ဘောအမျိုးအစားကိုတော့ AUSTAL ရဲ့ ဒီဇိုင်းကို အခြေခံထားပါတယ်။ ကျယ်ပြန့်တဲ့ သင်္ဘောကုန်းပတ်(၇၃၀၀ စတုရန်းမီတာ)၊ ကျယ်ဝန်းတဲ့ အတွင်းစစ်ဆင်ရေး အခန်းများ (၁၅၂၀၀ စတုရန်းမီတာ) ရှိတဲ့ အပြင် ရဟတ်ယာဉ် တင်ဆောင်ဖို့ ၃၅၀၀ စတုရန်းမီတာ အကျယ်အ၀န်းရှိတဲ့ နေရာလည်းရှိပါတယ်။ ဒီသင်္ဘောရဲ့ ၀မ်းကိုတော့ အလူမီနီယံ သတ္တုကို အသုံးပြုထားပြီးတော့ သင်္ဘောရဲ့ ဘေးကို တိုက်ပွဲတွေမှာ ထိခိုက်ခဲ့ရင်လည်း သင်္ဘော တည်ငြိမ်စေဖို့ stability option တွေ ထည့်သွင်းထားပါတယ်။ ဒီသင်္ဘောဆောက်လုပ်ရာမှာ General Dynamic Bath Iron Works သင်္ဘောတည်ဆောက်ရေးက အဓိက အခန်းကဏ္ဍအနေနဲ့ ပါဝင်ပြီးတော့ AUSTAL ကတော့ ဒီဇိုင်နာဖြစ်ပါတယ်။

နောက် LCS ဒီဇိုင်းတစ်မျိုးကတော့ Lock Heed Martin ရဲ့ မြန်နှုန်းမြင့် semi-planing monohull ဒီဇိုင်းပဲဖြစ်ပါတယ်။ ဒီအမျိုးအစားမှာတော့ သင်္ဘောကုန်းပတ် ၅၂၀၀ စတုရန်းမီတာ၊ ရဟတ်ရင်အတွက် ၄၆၈၀ စတုရန်းမီတာ ကျယ်ဝန်းပေမယ့် အတွင်းခန်း (mission bay) အတွက်ကတော့ ၆၅၀၀ စတုရန်းမီတာပဲ ကျယ်ဝန်းပါတယ်။ သင်္ဘောဝမ်းဗိုက်ကိုယ်တော့ သံမဏိ အသုံးပြုပြီး ကိုယ်ထည်ပိုင်းကို အလူမီနီယမ် နဲ့ တည်ဆောက်ထားပါတယ်။

LCS တွေမှာ ပါရှိမယ့် စစ်လက်နက်ပစ္စည်းတွေကတော့ အကြမ်းဖျင်းအားဖြင့် အောက်မှာ ဖော်ပြထားသလို တွေ့နိုင်ပါတယ်။


(ခေတ်မှီစစ်ရေယာဉ်များ လေ့လာလိုသူများအတွက် blog-aunghtut.blogspot.com မှကူးယူဖော်ပြထားခြင်းဖြစ်ပါသည်...။)

Friday, May 25, 2012

မြန်မာ့ရေတပ်၏ ဂုဏ်ယူဖွယ် ကိုယ်ပျောက် စစ်ရေယာဥင်္

မြန်မာ့ရေတပ်၏ ဂုဏ်ယူဖွယ် ကိုယ်ပျောက်တိုက်ရေယာဉ်



မြန်မာ့တပ်မတော် (ရေ)ရဲ့ စစ်အင်အားတိုးတက်လာပုံတွေကို ကျွှန်တော်အရင်ကလည်း တတ်နိုင်သလောက်လေးတော့ ပြောခဲ့ပြီးပါပြီ... ဒီနေ့မှာတော့ အားလုံးစိတ်ဝင်စားမယ်လို့ မျှော်လင့်တဲ့ ကိုယ်ပျောက် အမြန်တိုက်ခိုက်ရေးယာဉ် အမှတ် (၄၉၁) အကြောင်းကို အနည်းငယ် အကျယ်ချဲ့ပြောလိုပါတယ်....။( လေ့လာမိတဲ့အချက်အရတွေသာ ဖော်ပြရတာဖြစ်လို့ အမှားပါရင်ခွင့်လွှတ်ပေးကြပါ...)

မြန်မာ့တပ်မတော် (ရေ) အနေနှင့် ၁၉၉၆ခုနှစ်များမှစတင်ကာ ၄၅မီတာရှိသည့် ၅စီးရီး အမြန်တိုက်ခိုက်ရေယာဉ်များ စတင်ထုတ်လုပ်လာခဲ့ရာ ၂၀၀၃ခုနှစ်နှောင်းပိုင်းများမှစတင်ကာ ၇၇စီးရီး ကော်ဗတ်စစ်ရေယာဉ်ကြီးများ ထုတ်လုပ်နိုင်ခဲ့ပါသည်။ ၂၀၀၈ခုနှစ်အတွင်းတွင်မှု နာမည်ကျော် အောင်ဇေယျဖရီးဂိတ် စစ်သင်္ဘောကြီးကို ရေတပ် သင်္ဘောကျင်းမှစတင် အကောင်အထည်ဖော် တည်ဆောက်ခဲ့သည်ဟု သိရပါသည်....။ တပ်မတော် (ရေ)မှ တိုက်ခိုက်ရေးယာဉ်များအပြင် ကမ်းရိုးတန်းစောင့်ကြည့်ရေးယာဉ်များ၊ အမြန်ရေယာဉ်များ စသည်ဖြင့် ရေတပ်စစ်ရေယာဉ်များစွာ တည်ဆောက်နိုင်ခဲ့ပါသည်....။

၄၉၁ ကိုယ်ပျောက်စစ်ရေယာဉ်

တပ်မတော် (ရေ) ၏ လက်ရှိစစ်သင်္ဘောများကို လေ့လာမည်ဆိုပါက ပြည်တွင်းထုတ် စစ်ရေယာဉ်များကိုသာ အဓိကအသုံးပြုသည်ကို တွေ့ရမည်ဖြစ်ပြီး လက်ရှိအချိန်တွင်မှု တရုပ်မှ ဝယ်ယူထားသော ဖရီးဂိတ်စစ်ရေယာဉ်များကိုပါ စတင်အသုံးပြုနေပြီဟု သိရပါသည်။ တရုပ်ရေတပ်မှ ဝယ်ယူထားသော အက်ဖ်-၂၁ နှင့် အက်ဖ်-၂၃ ဖရီးဂိတ်များကိုလည်း မူလတပ်ဆင်ထားသော SY-1 SSM များအစား C-802 ဒုံးများပြောင်းလဲတပ်ဆင်ထားရာ တပ်မတော် (ရေ)၏ စွမ်းရည်ကို သိသိသာသာ မြှင့်တက်လာစေမည်မှာ အမှန်ပင်ဖြစ်ပါသည်....။

ယခုနောက်ဆုံးသိရသော အချက်များအရ တပ်မတော် (ရေ)သည် ကိုယ်ပျောက် စစ်သင်္ဘောများစတင်တည်ဆောက်နေပြီဖြစ်ရာ ပထမဆုံးသော အစင်းဖြစ်သည့် စစ်ရေယာဉ် ၄၉၁ကိုပင် ရေချပြီးဖြစ်သည်။ နောက်ဆုံးသိရသော အချက်အရ ၄၉၁ ကိုယ်ပျောက် စစ်သင်္ဘောသည် ရေချပြီးယုံသာဖြစ်ပြီး လက်နက်စနစ်များ၊ရေဒါစနစ်များ တပ်ဆင်ထားမှုမရှိသေးသည်ကို တွေ့ရမည်ဖြစ်ပါသည်။

ယခုတည်ဆောက်နေဆဲဖြစ်သော ကိုယ်ပျောက်စစ်ရေယာဉ်များသည် မကြာမှီပင် တပ်တော်ဝင် နိုင်တော့မည်ဟု ယူဆရပေရာ စစ်ရေယာဉ်များပြီးစီးပါက ဒေသတွင်းနိုင်ငံတွင် ကိုယ်ပျောက်တိုက်ရေယာဉ် ထုတ်လုပ်နိုင်သော ရေတပ်ဖြစ်လာမည်ဖြစ်ပါသည်....။ ထို့အပြင် တည်ဆောက်နေဆဲဖြစ်သော ကော်ဗတ် သို့မဟုတ် ဖရီးဂိတ် ကိုယ်ပျောက်စစ်ရေယာဉ်များလည်း ရှိနေပါသေးသည်...။

၄၉၁ ကိုယ်ပျောက် အမြန်တိုက်ခိုက်ရေး စစ်သင်္ဘော၏ အချက်လက်တချို့

ပင်မအမြောက်စနစ် ...... အေကေ-၃၆၀ ၃၀မမ CIWS
လေယာဉ်ပစ်စစ်အမြောက်....... ဇက်ပီယူ-၂ ၁၄.၅မမ အေအေ ×၂ (ဒုံး၏ အပေါ် နှင့် နောက်တွင် ၁ခုစီ)
သင်္ဘောဖျက် ပဲ့ထိန်းဒုံး....... စီ-၈၀၁/၈၀၂ ၄ လက်
ရေဒါစနစ်...... (သေချာမသိပါ)

ပုံတူစစ်ရေယာဉ်


(အထက်ပါအချက်လက်များသည် စစ်ရေယာဉ်၏ ပုံတူရေယာဉ်အား အဓိကထား၍ ပြောပြထားခြင်းဖြစ်ပါသည်... ထို့ကြောင့် လိုအပ်သည်များရှိပါက ထောက်ပြပေးကြပါဦးခင်ဗျာ....။)

Wednesday, May 23, 2012

အဆင့်မြှင့်တင်ထားသည့် ဖရီးဂိတ်ကြီးများ

 မဟာဗန္ဓုလ ဖရီးဂိတ်စစ်ရေယာဉ်ကြီး















မြန်မာ့တပ်မတော် (ရေ)အတွက် တရုပ်နိုင်ငံမှ စစ်ရေယာဉ် (၂)စင်းကို မကြာသေးခင်အချိန်က ဝယ်ယူခဲ့ပါတယ်... အဆိုပါဝယ်ယူထားတဲ့ ဖရီးဂိတ်စစ်ရေယာဉ်တွေအနေနှင့် မူလတပ်ဆင်ထားတဲ့ SY-1 ရေပြင်မှရေပြင်ပစ် ဒုံး ၄စင်းဟာ သိသာတဲ့ စွမ်းဆောင်ရည်မဟုတ်ဘူးလို့ ကျွှန်တော်တို့ရေးခဲ့ကြပါတယ်.... ဒါပင်မဲ့ အခုနောက်ဆုံးတွေ့လိုက်ရတဲ့ ဓါတ်ပုံအထောက်အထားအရဆိုရင်တော့ Type-053H1 ဒုံးတပ်ဖရီးဂိတ်ကြီးတွေပေါ်မှာ SY-1 SSM တွေအစား ပိုမိုခေတ်မှီတဲ့ C-802 SSM တွေကို ပြောင်းလည်းတပ်ဆင်ထားတာကို တွေ့ရပါတယ်....။


ယခုတွေ့ရသည့် မဟာဗန္ဓုလ စစ်ရေယာဉ် ကြီးတွင် အရင်ကတပ်ထားတဲ့ ဒုံး ×၄ စင်း အစား ပို၍ခေတ်မှီသော ဒုံး × ၈စင်း ပြောင်းလဲတပ်ဆင်ပေးထားတာဟာ စစ်ရေယာဉ်ရဲ့ တိုက်ခိုက်ရေးစွမ်းဆောင်ရည်ကို သိသိသာသာ ပြောင်းလဲလာစေမဲ့ အချက်ဖြစ်ပါတယ်....။ မဟာသီဟသူရ စစ်ရေယာဉ်အပေါ်တွင်လည်း ပြောင်းလဲတပ်ဆင်ထားမည်ဟု ယူဆရပါသည်။


တပ်မတော် (ရေ)အနေဖြင့် လက်ရှိတာဝန်ထမ်းဆောင်နေသည့်  ဖရီးဂိတ်ကြီးများအပြင် တည်ဆောက်နေဆဲ ဖရီးဂိတ်များ၊ကော်ဗတ်များကိုလည်း ခေတ်မှီလက်နက်စနစ်များ ရေဒါစနစ်များဖြင့် ထည့်သွင်းတည်ဆောက် အဆင့်မြှင့်တင်နေသည်ကို တွေ့ရပါတယ်....။ အိမ်နီးချင်း ယိုးဒယားရေတပ်ကို ယှဉ်ပြိုင်နိုင်ရန်မူ ယခုအခြေနေထက် ပို၍ စွမ်းရည်မြှင့်မှားသော စစ်ရေယာဉ်များလိုအပ်နိုင်သော်လည်း ဘင်္ဂလားရေတပ်အတွက်မူ ယခု အဆင့်မြှင့်တင်သော သတင်းသည် မြန်မာ့ရေတပ် အပေါ်အမြင်များ ပြောင်းလဲစေမည်မှာ သေချာသည်။

တပ်မတော် (ရေ)၏ Type-053H1 ဒုံးတပ်ဖရီးဂိတ်စစ်ရေယာဉ်အား ၂၁.၃.၂၀၁၂ ရက်နေ့က တွေ့ရစဉ်














 ဖရီးဂိတ် စစ်ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသည့် ၁၀၀မမ အမြောက်

















မြန်မာ့တပ်မတော် (ရေ) အနေနှင့် ယခုအခါတွင် ဖရီးဂိတ်စစ်ရေယာဉ် ၃စင်း တာဝန်ထမ်းဆောင်နေပြီး
 မြန်မာ့ရေပြင်အား ကာကွယ်ရန်အတွက် ရည်ရွှယ်၍ ဖရီးဂိတ်စစ်ရေယာဉ်အသစ်များ၊ ကိုယ်ပျောက်စစ်ရေယာဉ်များကိုလည်း တိုးချဲ့တည်ဆောက်လျှက်ရှိသည်ဟု သိရပါသည်...။

တပ်မတော် (ရေ)၏ ဒုံးတပ်ဖရီးဂိတ် (၃)စင်း၊ဒုံးတပ် ကော်ဗတ်စစ်ရေယာဉ် (၂)စင်း ၊ အမြန်တိုက်ခိုက်ရေးယာဉ် အစင်း (၂၀) တို့အပြင် ဟိုင်နန်း အမျိုးစား ရေငုပ်သင်္ဘောဖျက် စစ်ရေယာဉ်များ၊ ဟောင်ဇင် အမျိုးအစား ဒုံးတပ် အမြန်တိုက်ခိုက်ရေးယာဉ်များ  ကမ်းရိုးတန်းစောင့်ကြည့်ရေးယာဉ်များ၊ Gun Class ကင်းလှည့်ယာဉ်များ နှင့် တည်ဆောက်ဆဲ စစ်ရေယာဉ်သစ်များသည် မြန်မာ့ရေပြင်အား ကျုးကျော်လာသည့် မည်သည့်ရန်သူကိုမဆို တိုက်ခိုက်ချေမှုန်း အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ရပါတယ်....။

(ကိုယ်ပျောက်တိုက်ရေယာဉ် နှင့် ပတ်သက်တဲ့ ဓါတ်ပုံအထောက်အထားများ ရရှိခဲ့ပါက တင်ပြပေးပါဦးမယ်ခင်ဗျာ...။ ကျွှန်တော်ဖော်ပြထားသည့် အချက်များတွင် အမှားယွင်းများ ရှိပါက ဝေဖန်၊ထောက်ပြပေးကြပါ....။)

Monday, May 21, 2012

တပ်မတော် (လေ)ရှိ ဂျီ-၄ အပေါ့စားတိုက်လေယာဉ်များ
















မြန်မာ့တပ်မတော် (လေ)ရှိ အမောင်းသင်တိုက်လေယာဉ်၊ အပေါ့စားတိုက်လေယာဉ်များအနက် ယခင် ယူဂိုဆလပ်ဗီးယားနိုင်ငံထုတ် ဂျီ-၄ တိုက်လေယာဉ်များသည် ယခုအချိန်ထိ တပ်မတော် (လေ)တွင် တာဝန်ထမ်းဆောင်နေဆဲပင် ဖြစ်ပြီး မကြာမှီကပင် အဆင့်မြှင့်တင်မှု ပြုလုပ်ခဲ့သေးသည်ဟု သိရပါသည်။ တပ်မတော် (လေ)တွင် အနည်းဆုံး ၆စင်း လက်ရှိတာဝန်ထမ်းဆောင်နေသည်ဟု ယူဆရပါသည်။

မြန်မာ့ဝေဟင်တွင် လေ့ကျင့်ပျံသန်းနေသော ဂျီ-၄ တိုက်လေယာဉ်မှ မြင်ကွင်း














အမောင်းသင် ဂျက်တိုက်လေယာဉ်များ


















ဂျီ-၄ တိုက်လေယာဉ်တစ်စင်း အမောင်းသင်လေ့ကျင့်နေစဉ်














နိုင်ငံခြားမှ ပညာရှင်များနှင့်အတူ



















တိုက်ပွဲဝင် လေ့ကျင့်ခန်း ဆောင်ရွှက်နေစဉ်













အပေါ့စားတိုက်လေယာဉ်၏ သယ်ဆောင်နိုင်သော လက်နက်စနက်များ


























အစပိုင်းတွင် တိုက်လေယာဉ်မှယူမှုမှာ အစီးရေ ၂၀ အထိဟု သိရသော်လည်း အကြောင်းအမျိုးမျိုးကြောင့် (ဆားဗီယားပြည်တွင်းစစ်) ယူဂိုဆလပ်ဗီးယားအနေဖြင့် ၆စင်းသာ တင်ပို့နိုင်ခဲ့သည်ဟု သိရပါသည်...။ ထို့ပြင် လေယာဉ်ထုတ်လုပ်ရေး စက်ရုံသည်လည်း စစ်ကြောင့် ရပ်ဆိုင်းခဲ့ရသည်ဟု သိရပါသည်။ ထိုအချိန်မတိုင်မှီ ၁၉၉၀ခုနှစ်နှောင်းပိုင်းတွင် တပ်မတော် (လေ)မှ လေသူရဲများသည် နာမည်ကျော် ဆာယာဂျီဗို အနီးရှိ Rajlovac တွင် တိုက်လေယာဉ်အမောင်းသင်တန်း နာရီ (၅၀) သင်တန်းတက်ခဲ့ရသည်ဟု ဆိုပါသည်။

(ကျေးဇူးပြုပြီး အခုချိန်မှစ၍ C-Box တွင် ရိုင်းဆိုင်းစွာပြောဆို၊ဆဲဆိုခြင်းများ မပြုကြပါရန် တောင်းဆိုရပါသည်... ဆက်လက်ပြောဆိုသူရှိပါက မည်သူ့စာပိုဒ်ကို မဆိုပြန်ဖျက်မည်ဖြစ်ပါသည်.... မည်သူမဆိုလွှတ်လပ်စွာ ဝင်ရောက် ဆွေးနွှေးနိုင်စေရန် ရည်ရွှယ်၍ ဖွင့်ထားသည့် နည်းတူ အမြင်များ၊အတွေးအခေါ်များအား တံတိုင်းမခတ်ထားချင်လို့ပါ ခင်ဗျာ.... အားလုံးကို အထူးကျေးဇူးတင်ပါတယ်....။)

ပုံတချို့အား-(http://www.mycity-military.com) မှကူးယူထားပါသည်။

Saturday, May 19, 2012

ရုရှားနိုင်ငံသုံး Lynx စစ်သုံးယာဉ်များ

















အရင်လကတည်းက ပို့ထားပင်မဲ့ ကျွှန်တော်ဘက်က အားနည်းချက်တွေကြောင့် အခုမှတင်ဖြစ်တာကို ခွင့်လွှတ်ပေးကြပါခင်ဗျာ...။)

(မနေ့က ရုရှားသတင်းတပုဒ်ကိုကြည့်တုန်း
ပါလာတာလေးပါ။ ရုရှားနိုင်ငံရဲ့ တပ်မတော်နေ့(မေ ၁၆) မှာ စစ်ရေးပြဖို့အတွက် ကျင့်နေတဲ့ယာဉ်တန်းမှာ ဒီခုပို့မယ့် သံချပ်ကာ ကားသေးတစ်စီး အသစ်ထုတ်တယ်လို့သိရတယ်ဗျ။ အဲကားကို ဒီနှစ် Parade အတွက်ထုတ်ထားတာလေးပါ။ 
 
ကားရဲ့စွမ်းပကားတွေကတော့ ကျည်မပေါက်ခြင်း ဆက်သွယ်မှုကိရိယာအစုံပါခြင်းနဲ့ အပေါ်မှာတော့ စက်လက်တစ်မျိုးပါတယ်ဗျာ။ အဲစက်လက်ရဲ့ အမျိုးအစားတော့မသိဘူးကျွန်တော်လဲ။ ယာဉ်အလေးချိန်က ၆တန်ခွဲရှိပြီး အမြန်နှုန်းကတော့ တစ်နာရီကို ကီလိုမီတာ ၃၀လို့ဆိုတယ်ဗျ။ အရာရှိတွေစီးဖို့အတွက်လဲသင့်တော်တယ်ဗျ။ အရမ်းကို Save ဖြစ်တယ်လို့ ရှင်းပြတယ်ဗျ။ 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
အလားတူကားမျိုးကို မိထ္တီလာ ကပစ မှာလဲ ထုတ်ဖူးတယ်လို့ ကျွန်တော်တို့နဲ့ကျောင်းတူတူတက်တဲ့ ကပစ၂ ကအကိုတစ်ဦးပြောဖူးတယ်ဗျ။ ဒါပေမယ့် ၇.၆၂ မီလီမီတာ ကျည်မပေါက်ပေမယ့် အရမ်းနှေးကွေးလွန်းလို့ ပြန်ပြီးပြင်ဆင်နေတယ်ပြောတယ်ဗျ။
 
 မြန်မာနိုင်ငံအနေနဲ့ကတော့ တပ်မတော်သုံး မာစတာဂျစ်များအစား အဲဒီကားများနဲ့အစားထိုးမယ်ပေါ့ဗျာ။ ဒါပေမယ့် အကောင်ထည်မဖော်နိုင်သေးပါဘူး။ ရုရှားထုတ် သံချပ်ကာကားသေးရဲ့ အမည်ကိုတော့ РЫСЬ (LYNX) ရီးစ် လို့အမည်ရတယ်ဗျ။ ဥရောပနဲ့ မြောက်အာရှပိုင်းတွေမှာတွေ့ရတဲ့ လင်းကြောင်မီးတိုရဲ့ နာမည်ပေါ့ဗျာ။)
 
 အီတလီထုတ် IVECO M56 Lynx သံချပ်ကာယာဉ်
 
 
 
 
 
 
 
 
 
 
 
 
 ဒါကရုရှားထုတ် GAZ-2975 သံချပ်ကာယာဉ်
 
 
 
 
 
 
 
 
 
 
 
 
 
 
အထက်ပါအချက်လက်တွေကို ကြည့်ချင်းအားဖြင့် ရုရှားတပ်မတော်ဟာ မိမိတို့ထုတ်တဲ့ လက်နက်စနစ်တွေအပြင် တခြားနိုင်ငံတွေကနေတဆင့် ဝယ်ယူပြီးနည်းပညာပိုင်းကို တိုးတက်အောင် ဆောင်ရွှက်နေတယ်ဆိုတာ တွေ့ရပါတယ်.... ယခုဝယ်ယူတဲ့ စစ်သုံးယာဉ်တွေဟာ အီတလီနိုင်ငံထုတ်တွေဖြစ်ပြီး... အနောက်နိုင်ငံကစစ်တပ်တွေကလည်း စိတ်ဝင်စားနေကြတဲ့ ယာဉ်အမျိုးအစားဖြစ်ပါတယ်....  
 
ဒီစစ်သုံးယာဉ်က ရုရှားထုတ်ပါ GAZ-2975 အမျိုးအစားဖြစ်တယ်လို့ သိရပါတယ်...။ ရုတ်တရက်ကြည့်လိုက်ပါက အတော်လေးကို တူညီနေတာတွေ တွေ့ရမှာဖြစ်ပါတယ်...။

 
 
 
 
 
 
 
 
 
 
 
 
 
 
 (အခုလိုသတင်းတွေကို ပို့ပေးကြတဲ့ အတွက်ကျေးဇူးတင်ပါတယ်... နောက်လည်း ပို့ပေးကြဖို့ မျှော်လင့်ပါတယ်ခင်ဗျာ...။)

Thursday, May 17, 2012

တပ်မတော်ရှိ FAW စစ်သုံးယာဉ်ကြီးများ

မြန်မာ့တပ်မတော်တွင် အသုံးပြုသော စစ်ကားကြီးများ




















မြန်မာ့တပ်မတော်ရှိ  စစ်ကားကြီးများအနက် ယခုတွေ့ရသော FAW စစ်သုံးယာဉ်များသည် တရုပ်နိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပြီး တပ်မတော်၏ အားထားရသော စစ်ထရပ်ကားကြီးများအဖြစ် အသုံးပြုနေဆဲဖြစ်ပါသည်...။ နောက်ပိုင်းတွင်ပိုမိုခေတ်မှီသော စစ်သုံးယာဉ်ကြီးများကို အသုံးပြုလာခဲ့သည်....။ ပုံမှာ FAW ကားတွေအတော်များများ တွေ့ရပါတယ် ဘယ်ဘက်ကို သွားမလို့လည်းဆိုတာကတော့ မမေးမိပါဘူးခင်ဗျာ...။
(ပုံများကို ကျွှန်တော်သူငယ်ချင်း ကိုဗညားထံမှ ရရှိပါတယ်ခင်ဗျာ...။)

တပ်မတော် (ရေ)၏ ရေဒါဖျောက် စစ်ရေယာဉ်များ

မြန်မာ့တပ်မတော် (ရေ) အနေနှင့် မကြာသေးခင်ကမှ စစ်ရေယာဉ် အသစ်များကို တပ်တော်ဝင်တဲ့ အခမ်းအနားကျင်းပခဲ့တယ်လို့ သိရပါတယ်... ဘယ်လိုစစ်ရေယာဉ်မျိုးဖြစ်မယ်ဆိုတာ အတိအကျမသိရသေးပင်မဲ့ အဖြစ်နိုင်ဆုံးကတော့ တရုပ်ရေတပ်မှ ဝယ်ယူထားတဲ့ ဖရီးဂိတ်စစ်ရေယာဉ်များ ဖြစ်ပါတယ်... နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကတော့ ရေတပ် သင်္ဘောကျင်းထုတ် ကိုယ်ပျောက်တိုက်ရေယာဉ်(ရေဒါတွင် ခန့်မှန်းရခက်ခဲသော) များလည်း တပ်တော်ဝင် အခမ်းနားမှာ ပါတယ်လို့ကြားရခြင်းဘဲ ဖြစ်ပါတယ်ခင်ဗျာ....။












တပ်မတော် (ရေ)တွင် စစ်ရေယာဉ်အသစ်များအား ခေတ်မှီလက်နက်စနစ်များတပ်ဆင်ထားရာ ယခုကြားရသော ကိုယ်ပျောက်တိုက်ရေယာဉ်များ (ကော်ဗတ် (သို့) တိုက်ခိုက်ရေးအမြန်ယာဉ်)တွင် တပ်ဆင်ထားသော လက်နက်စနစ်များမှာ တရုပ်ထုတ်၊ အိန္ဒိယထုတ် သို့မဟုတ် ရုရှားထုတ်များ ဆိုသည်ကိုမူ အသေချာမသိရသေးပါ...။

မြန်မာ့တပ်မတော် (ရေ)အတွက် ဒုံးတပ် အမြန်တိုက်ခိုက်ရေးယာဉ်များအား စတင်ထုတ်လုပ်ခဲ့ချိန်က စစ်ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသော လက်နက်စနစ်များမှာ တရုပ်ထုတ်လက်နက်စနစ်များ အများအားဖြင့် တပ်ဆင်ထားခြင်းဖြစ်ပြီး နောက်ပိုင်းထုတ်လုပ်သော စစ်ရေယာဉ်များတွင်မူ အိန္ဒိယထုတ် စစ်လက်နက်များ တပ်ဆင်လာသည်ကို လေ့လာနိုင်ပါသည်။ ဥပမာ- အမြန်တိုက်ခိုက်ရေးယာဉ် ၅၅၈ စစ်ရေယာဉ်များတွင် အိန္ဒိယထံမှ အကူအညီများရရှိခဲ့ပြီး ရုရှားတပ်မတော်ထုတ် ဘီအမ်ပီ-၂ သံချပ်ကာယာဉ်၏ အမြောက်များအား တပ်ဆင်လာနိုင်ခြင်း၊ အောင်ဇေယျ ဖရီးဂိတ်ကြီးပေါ်တွင် ရုရှားထုတ် ခေတ်မှီ Kh-35E သင်္ဘောဖျက် ပဲ့ထိန်းဒုံးကြီးများ တပ်ဆင်လာနိုင်ခြင်း၊ ရေဒါစနစ်များအားလည်း အိန္ဒိယထံမှ လက်ခံရရှိခဲ့ခြင်း စသည့် အချက်လက်များကို ကြည့်ခြင်းအားဖြင့် တပ်မတော် (ရေ)၏ စစ်ရေယာဉ်များ တည်ဆောက်ရေးအပိုင်းတွင် ပို၍ကျယ်ပြန့်လာသည်ကို တွေ့ရမည်ဖြစ်ပါသည်....။














 လက်ရှိတွေ့ရသော အချက်လက်များကို လေ့လာကြည့်ပါက ကိုယ်ပျောက်တိုက်ရေယာဉ်သည် (၂) မျိုးဖြစ်နေသည်ကို တွေ့ရပါသည် ၄၉မီတာ အရှည်ရှိသော ကိုယ်ပျောက် တိုက်ခိုက်ရေးအမြန်ယာဉ် နှင့် ၇၉ မီတာ အရှည်ရှိသော ကိုယ်ပျောက် ကော်ဗတ်စစ်ရေယာဉ် တို့ဖြစ်ကြပါသည်...။ ကိုယ်ပျောက်တိုက်ရေယာဉ်များတည်ဆောက်ရာတွင် ဒေသတွင်းနိုင်ငံတစ်ခုဆီမှ နည်းပညာအကူညီများ ရရှိခဲ့သည်ဟုလည်း သိရပါသည်...။


၄၉မီတာ တိုက်ခိုက်ရေးအမြန်ယာဉ်ပေါ်မှာ အခုတွေ့ရတဲ့ အတိုင်းဆိုရင်တော့ အေကေ-၆၃၀ ၁လက်၊ ဇက်ပီယူ-၂ ၂လက် နှင့် စီ-၈၀၂၊၈၀၃ သင်္ဘောဖျက်ပဲ့ထိန်းဒုံးစနစ် တို့တွေ့ပါတယ်... လေယာဉ်ပစ်ဒုံးလက်နက်စနစ်များလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်....။

၄၉မီတာ တိုက်ခိုက်ရေးအမြန်ယာဉ် ပုံတူ




 နောက်တစ်စင်းကတော့ ၇၉မီတာ ကော်ဗတ် စစ်ရေယာဉ်ဖြစ်ပါတယ်.... တပ်မတော် (ရေ)အနေနှင့် ကော်ဗတ်စစ်ရေယာဉ် (၂)စင်း ရှိပါတယ်... အခုပုံမှာတွေ့ရတဲ့ စစ်ရေယာဉ်ဟာ အပေါ့စား ဖရီးဂိတ် (သို့) ကော်ဗတ်စစ်ရေယာဉ် အမျိုးအစားတစ်စင်းဖြစ်နိုင်ပါတယ်... သိရတဲ့အချက်လက်များအရတော့ ကော်ဗတ်စစ်ရေယာဉ်ဖြစ်ဖို့ ပိုများပါတယ်...။ တပ်ဆင်ထားတဲ့လက်နက်စနစ်တွေကို လေ့လာကြည့်မယ်ဆိုရင်တော့... ၇၆မမ စစ်ရေယာဉ်အမြောက် ၁လက်၊တာတိုပစ် ပုခုံးထမ်း IGLA စနစ်ကို အသုံးပြုထားသော လေယာဉ်ပစ်ဒုံးလက်နက်ပစ်ခုံ (IGLA×၆၊၈) ဇက်ပီယူ အမျိုးစား လေယာဉ်ပစ်စစ်အမြောက် ၂လက်၊ အေကေ-၂၃၀-၆၃၀ CIWS စက်အမြောက် ၂လက် အပြင် ရဟတ်ယာဉ်ကို ထည့်သွင်းထားနိုင်သည့် Hanger လည်း ပါဝင်သည်ဟု ယူဆရပါသည်ခင်ဗျာ....။

၇၉မီတာ ကော်ဗတ် ကိုယ်ပျောက်တိုက်ရေယာဉ် ပုံတူ
















ကျွှန်တော်လေ့လာမိသလောက်ရေးရတာ ဖြစ်လို့ အမှားယွင်းတွေရှိနိုင်ပါတယ်.... လိုအပ်တာတွေကို ထောက်ပြ၊ဝေဖန်ပေးကြတာကို အမြဲကြိုဆိုပါတယ်ခင်ဗျာ...။

Tuesday, May 15, 2012

တပ်မတော်လေမှ စစ်ရဟတ်ယာဉ်များ














မဲခေါင်စစ်ဆင်ရေး၊ဝမ်းနားဖန်း စခန်းသို့ တပ်မဟာမှူး ရောက်ရှိလာစဉ်
(ရဟတ်ယာဉ်အမျိုးအစားကို သိရင်ဖော်ပြပေးကြပါဦးခင်ဗျာ...)













တပ်မတော်လေ ဘဲလ်ရဟတ်ယာဉ်တစ်စင်းအား လန်တောင်ကုန်းစခန်းတွင် တွေ့ရစဉ်ကဖြစ်ပါသည်။ (မှတ်တမ်းများမှဖြစ်ရာ ပုံများကြည်လင်မှုမရှိပါက ခွင့်လွှတ်စေချင်ပါတယ်ခင်ဗျာ...။

(အခုလိုပုံတွေအသုံးပြုခွင့်ပေးတဲ့ ကျွှန်တော်သူငယ်ချင်းကိုဗညားကို အထူးဘဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...။) အောင်ဇေယျဖရီးဂိတ်ကြီးပုံတွေလည်း ပို့ပေးထားပါသေးတယ်ဗျာ...။
(ပုံတွေ ပြန်တင်ထားပါတယ်..)

Monday, May 14, 2012

မြန်မာ့ လေတပ်ရှိ စစ်သုံးရဟတ်ယာဉ်များ

မြန်မာ့တပ်မတော် (လေ)ရှိ အမ်အိုင်-၁၇ စစ်သုံးရဟတ်ယာဉ်ကြီးများအား ကချင်ပြည်နယ်အတွင်းတွေ့ရစဉ် ဖြစ်ပါတယ်...။ မြန်မာ့တပ်မတော် (လေ)တွင် ရုရှားနိုင်ငံထုတ် စစ်ရဟတ်ယာဉ်များကို အဓိကထားအသုံးပြုရာ အမ်အိုင်-၂ အပေါ့စားရဟတ်ယာဉ်များ၊ အမ်အိုင်-၁၇ စစ်သုံးရဟတ်ယာဉ်များအပြင် ခေတ်မှီ တိုက်ခိုက်ရေးရဟတ်ယာဉ် အမ်အိုင်-၃၅ပီ အမျိုးစားများလည်း အသုံးပြုပါသည်...။

အမ်အိုင်-၃၅ပီ တိုက်ခိုက်ရေးရဟတ်ယာဉ် (၁၀)စင်း












အမ်အိုင်-၁၇ စစ်သုံးရဟတ်ယာဉ်ကြီးများ



















အမ်အိုင်-၁၇ တွေကို ကာလာလှလှလေးတွေ သုတ်ထားရင်အတော်လှမယ်ဗျာ... တချို့အရောင်နှင့်ဟာတွေကို ကြည့်ရတာအတော်လှတယ်ဗျ....
(မတင်ဖြစ်တာကြာနေပြီ ဖြစ်တဲ့ပုံတွေပါခင်ဗျာ...)

အောင်ဇေယျ ဖရီးဂိတ်ပေါ်ရှိ AK-630 CIWSများ





















မြန်မာ့တပ်မတော် (ရေ) ရေတပ်သင်္ဘောကျင်းမှ တည်ဆောက်ခဲ့သော အောင်ဇေယျ ပဲ့ထိန်းဒုံးတပ် ဖရီးဂိတ်ကြီးပေါ်တွင် ခေတ်မှီစစ်လက်နက်များတပ်ဆင်ထားရာ ရုရှားနိုင်ငံ၏ Kh-35E ကဲ့သို့သော ခေတ်မှီပဲ့ထိန်းဒုံးများ၊၇၆မမ Oto melara စသည့်စစ်ပစ္စည်းများအပြင် လေယာဉ်ပစ် စစ်အမြောက်စနစ် AK-630 CIWS စနစ်များလည်း တပ်ဆင်ထားပါသည်...။

AK-630 CIWS (Close-In Weapon System) စနစ်ကို အောင်ဇေယျစစ်ရေယာဉ်၏ အရှေ့ပိုင်းတွင် ၂လက် အနောက်ဘက်တွင် ၂လက်ဖြင့် နေရာချထားပါသည်။ အေကေ-၆၃၀ စနစ်များသည် ရန်သူ့တိုက်လေယာဉ်များ၊ရဟတ်ယာဉ်များ သာမက ပဲ့ထိန်းဒုံးများကိုပင် တိုက်ခိုက်ချေဖျက်နိုင်စွမ်းရှိအောင် တီထွင်ထုတ်လုပ်ထားခြင်းဟု သိရပါသည်။

စစ်ရေယာဉ်၏ ဦးပိုင်းတွင် တပ်ဆင်ထားသော AK-630 30mm CIWS



















စစ်ရေယာဉ်၏ နောက်ဘက်ပိုင်းတွင် တပ်ဆင်ထားသော AK-630 30mm CIWS






































အောင်ဇေယျ ဖရီးဂိတ်စစ်ရေယာဉ်ပေါ်မှ စမ်းသပ်ပစ်ခတ်နေစဉ်

 






































မြန်မာ့တပ်မတော် (ရေ) အတွက် စစ်ရေယာဉ်များ ၊ ဖရီးဂိတ်အသစ်များကို တည်ဆောက်နေသည်ဟု သိရရာ မကြာသေးခင်က တပ်တော်ဝင် သည့် စစ်ရေယာဉ်များ၏ အမျိုးအစားများကို သေချာမသိရသေးပါ... ဖြစ်နိုင်သည်မှာ တရုပ်ရေတပ်မှ ဝယ်ယူထားသည့် ဖရီးဂိတ်စစ်ရေယာဉ် (၂) စင်းနှင့် တပ်မတော် (ရေ) ရေတပ်သင်္ဘောကျင်းထုတ် စစ်ရေယာဉ်အသစ်များဖြစ်နိုင်ပါသည်။ ရေတပ်အတွက် ကိုယ်ဖျောက်စစ်ရေယာဉ်များကိုလည်း ထုတ်လုပ်နေဆဲဖြစ်သည်ဟု သိရပါသည်။ (အချက်လက်များ သိတဲ့သူတွေရှိရင်လည်း ပြောပြကြပါဦးခင်ဗျာ....။)