Friday, January 27, 2012

Defence Services Medical Academy (DSMA)

တပ်မတော် စစ်ဆေးမှ စစ်သည်များ အခြေခံစစ်သင်တန်းများ လေ့ကျင့်နေကြစဉ်






စစ်ဆေးနှင့် ပတ်သက်တဲ့ ညီအစ်ကိုတွေရေ... အတွေ့အကြုံလေးတွေ ဝေမျှပေးကြပါဦးဗျ...။

ညတိုက်ပွဲ (ဗီဒီယို ဇာတ်ကား)


မြန်မာ့တပ်မတော်က စစ်သည်များ ညတိုက်ပွဲအကြောင်း ရိုက်ထားတဲ့ ဗီဒီယိုလေးပါခင်ဗျာ...။ အတော်ကောင်းပါတယ် ကွန်မန်ဒိုဆန်ဆန် ရိုက်ပြထားတာ ဖြစ်ပါတယ်..။

Tuesday, January 24, 2012

လေကြောင်းရန်ကာကွယ်ရေး S-125 ဒုံးလက်နက်များအကြောင်း

(မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်သုံး Pechora စနစ်များ၏ ဒုံးလက်နက်များအကြောင်း ပြန်လည်မျှဝေပေးတဲ့အတွက် အချက်အလက်တွေပို့ပေးတဲ့ ညီကို အထူးကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေပြောပြချင်ပါတယ်ခင်ဗျာ...။)













၁-ဒုံးရဲဦးတည်ချက်ကိုထိန်းသောပဲ့
၂-ကွန်ထရိုးလိုင်းများ
၃-တောင်ပံများ
၎-antenna (ဒုံးရဲ့တည်နေရာကို သိရှိနိုင်ရန်မြေပြင်ရှိ ရေဒါဌာနသို့ သံလိုက်လိုင်းများလွင့်ပေးသောလိုင်းတံ)
၅-ပထမအဆင့်နဲ့ဒုတိယအဆင့်ဆက်ထားသောနေရာ
၆-၇-ပထမအဆင့်
၈-တောင်ပံများ
၉-ဒုံးထွက်ခွာချိန်တွင်တောင်ပံများအာထောင်လိုက်အနေအထားသို့ပြောင်းလဲပေးသည်
၁၁-ပထမအဆင့်ကိုဖြတ်ချထားရန်ဘရိတ်များအဖြစ်ဆောင်ရွက်ပေသည်။
III-နေရာဟာမိုင်းတပ်ဆင်ရာနေရာဖြစ်ပါတယ်။
C.125ကို အဆင့်နှစ်ဆင့်နဲ့ပြုလုပ်ထားပါတယ်။ ပထမအဆင့်မှာ လောင်စာ၁၄လုံး အထိရှိပါတယ် ဒုံးကိုတည်နေရာကနေ ထွက်ခွာနိုင်ရန် ပထမအဆင့်လောင်စာကိုပဲသုံးပါတယ်၊
စထွက်ထွက်ချိန် ဒုံးကိုရေဒါဌာနမှာမထိန်ချုပ်နိုင်သေးပါဘူး၊ အဘယ်ကြောင့်ဆိုသော် ဒုံးရဲ့အလျှင်ဟာနှေးကွေးနေတဲ့အတွက် တောင်ပံများဟာလေထုရဲ့ အကူအညီကို မယူနိုင်လို့ပါ
၊ပထမအဆင့်ဟာ၂ကီလိုမီတာအထိဒုံးကို သယ်ဆောင်သွာပါတယ်၊ ပထမအဆင့်မှာ လောင်စာများကုန်ဆုံးသွာချိန်တွင် ဒုံးတွင်ပါရှိသော(автопилет) အလိုအလျောက်လုပ်ဆောင်သောစက်မှာ ပထမအဆင့်ကို ဖြုတ်ချရန်ကွန့်မန်းပေးပါတယ်၊ အဲဒီအချိန်မှာ ဒုံးပထမအဆင့်မှာပါရှိသော ဘရိတ်နှစ်စုံဟာလေထုကိုကန့်လန့်ခံပြီး ပထမအဆင့်ကိုဖြုတ်ချထားခဲ့ပါတယ်၊ အဲဒီနောက် ဒုတိယလောင်စာကို စတင်အသုံးပြုပါတယ် အဲဒီအချိန်မှာရေဒါဌာနမှ ဒုံးကိုစတင်ထိန်းချုပ်နိုင်ပါပြီ ဒုံးရဲ့ အလျင်ဟာ တစ်မီနစ်၇၅၀ ကီလိုမီတာရှိလာပါပြီ။








ဒုံးရဲ့မျက်နာပြင်ဧရိယာသေးငယ်မှူကြောင် ရေဒါမှာသံလိုက်လိုင်းရဲ့ အလင်းပြန်မှူဟာ သေငယ်းမှုကြောင့် ဒုံးရဲ့တည်နေရာကို သိရှိနိုင်ရန်ဒုံးတွင် ရေဒါလိုင်တံပါရှိပါတယ်။
ရေဒါဌာနမှလွတ်တင်လိုက်သော သံလိုက်လိုင်းကို သူကလက်ခံပြီ ဒုံးရဲ့တည်နေရာကို သိရှိရန်ရေဒါဌာနကို သံလိုက်လိုင်းပြန်ပို့ပေးပါတယ် (အဲဒီနေရာမှာ သံလိုက်လိုင်းအကြောင်းကို သေချာနားလည်မှသဘောပေါက်မှာပါ)၊
ဒုံးမှာပစ်မှတ်ကို ရှာဖွေရန်သံလိုက်လိုင်းတွေ ထုတ်လွှတ်ပါတယ် အဲဒီသံလိုက်လိုင်းဟာ ၂၀၀မီတာအကွာမှာပစ်မှတ် (လေယာဉ်)ကို တွေ့လျင် သံလိုက်လိုင်းဟာ လေယာဉ်ကိုထိပြီး ဒုံးဆီသို့ အလင်းတန်းပြန်ဝင်လာပါတယ် အဲ့ဒီအချိန်မှာ အလိုအလျောက်စက်က မိုင်းပေါက်ကွဲရန်ကွန်မန်းပေးပါတယ် ၊ဒါပေမဲ့စက်မှာလာသော ကွန်မန်းကို မိုင်းချက်ချင်းမပေါက်ကွဲစေရန် အချိန်ဆွဲသောစက်က ထိန်းချူပ်ထားပါသည်၊ ဘာကြောင်လဲဆိုတော့ လေယာဉ်နဲ့ဒုံးဟာ ၂၀၀မီတာလောက်ကွာဝေးနေလို့ပါ။ အချိန်၅secondလောက် အချိန်ဆွဲထားခြင်းကြောင့် ဒုံးဟာလေယာဉ်ရဲ့ အနီး ၁၀၀မီတာပတ်ဝန်းကျင်လောက်ကို ရောက်တဲ့အချိန်မှာ မိုင်းပေါက်ကွဲစေပါတယ်။















(မှတ်ချက်။။။ ဒုံးမျာလေယာဉ်ကို မှန်အောင်ပစ်နိုင်သည်ဆိုခြင်းမှာ ဗီဒီယိုထဲမှာလို ဒုံးနဲ့လေယာဉ်ဆုံဆည်းခြင်းမဟုတ်ပါ ၊လေယာဉ်ရဲ့အနီဆုံးနေရာကို ဒုံးကိုထိန်းချူပ်ပြီး အနီးဆုံးနေရာမှာ မိုင်းပေါက်ကွဲပြီးမိုင်းစများ လေယာဉ်ကိုထိမှန်ခြင်းကြောင့် လေယာဉ်ပျက်စီးသွားခြင်းသာဖြစ်ပါတယ်။
လေယာဉ်နဲ့ဒုံးမည်သည့်အခါမှ ဆုံနိုင်မည်မဟုတ်ပါ)။ c-125ရဲ့ မိုင်းပေါက်ကွဲအားဟာ ၁၀၀မီတာမှာရှိတဲ့ လေယာဉ်တွေကိုဖျက်ဆီးနိုင်ပါတယ်။

ကျွန်တော်မှတ်မိသလောက် ဒုံးတစ်ခုထဲရဲ့လုပ်ဆောင်ချက်ကို ရေးလိုက်တာပါ။ c-125ရဲ့ကွန်းပလက်စ်တစ်ခုလုံး အတွက်ပြောဖို့ကတော့ မလွယ်လို့ပါ ပုံနှင့်သေချာရှင်းပြမှ နားလည်မှာပါ၊ ဒုံးကိုပစ်မှတ်ရောက်အောင် ထိန်ချူပ်နည်း၊ ဒုံးပျံသန်းချိန် လေထုနှင့်အလုပ်
လုပ်နည်း၊ အလိုအလျောက်အလုပ်လုပ်တဲ့စက်၊ မိုင်းပေါက်ကွဲပုံ၊ အဲဒါတွေဟာc-125 ရဲ့အပြင်ပိုင်းလို့ ပြောလို့ရပါတယ်၊ အဲဒါအားလုံးရှင်းပြဖို့တော့ နည်းနည်းခတ်ပါတယ်..။နောက်ပြီး ရေဒါဌာနပိုင်းကိုလဲ သိရပါမယ် ရေဒါဌာနမှာ ကျွမ်းကျင်ဖို့ဆိုရင် သံလိုက်လိုင်းအကြောင်း၊ антена(တီဗီစလောင်လိုပါပဲ)တွေအကြောင်း ၊လေယာဉ်ရဲတည်နေရာကိုရှာနည်း
နောက်သံလိုက်လိုင်း အကူအညီနှင့် လေယာဉ်ရှာတဲ့
အခါလေယာဉ်မှူးတွေက သူတို့ကိုရှာတွေ့ပြီဆိုတာ သိပါတယ်..အဲဒါကြောင် သူတို့ကိုမမြင်ရအောင် အနှောက်အယှက်လိုင်းတွေ လွတ်တယ် အဲဒါကိုကာကွယ်နည်း၊ ဆိုပြီသီးသန့်ဘာသာရပ် သင်ရပါတယ်။
Pechora စနစ်၏ နောက်ဆုံးအဆင့်မြင့်တင်မှုဖြင့် တွေ့ရသည့် Pechora 2mစနစ် (မြန်မာ့ လေကြောင်းရန်ကာကွယ်ရေးတပ်များတွင် အသုံးပြုသည်ဟု သိရပါသည်။)
















မြေပြင်အခြေဆိုက်ဒုံးစနစ်















(အချက်လက်များအား စာဖြင့်ရှင်းပြရန် မလွယ်ဟုသိရပါသည် ထို့ကြောင့်အားနည်းချက်များရှိပါက မိမိတို့အမြင်များ၊ လေ့လာမိသည်များအားဆက်လက် ဆွေးနွေးပေးကြပါခင်ဗျာ..။)

Wednesday, January 18, 2012

Type-59D MBT of Myanmar Army





မြန်မာ့တပ်မတော်သုံး တရုပ်နိုင်ငံထုတ် အမျိုးအစား-၅၉ဒီပင်မတိုက်ပွဲဝင်တင့်ကားများအား စစ်ရေးလေ့ကျင့်မှုတစ်ခုအတွင်းတွေ့ရစဉ် ဖြစ်ပါသည်။
တရုပ်နိုင်ငံအနေဖြင့် အမျိုးအစား-၅၉ဒီများကို တွင်ကျယ်စွာအသုံးပြူလျက်ရှိပြီး အမျိုးအစား-၅၉ဂျီ (နောက်ဆုံးအဆင့်မြင့်တင်မှု)အဖြစ် နိုင်ငံတကာဈေးကွက်သို့ တင်ပို့နေဆဲပင်ဖြစ်ပါသည်။
အခုနောက်ပိုင်းထွက်တဲ့ ပုံတွေလည်း တင်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်ခင်ဗျာ...။
တရုပ်တပ်မတော်သုံး အမျိုးအစား-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားများ

အမျိုးအစား-၅၉ဂျီ ပင်မတိုက်ပွဲဝင်တင့်ကားများအား အာဖရိကနိုင်ငံတစ်ခုတွင်တွေ့ရစဉ်

Monday, January 16, 2012

Type-69 MBT of Myanmar Army






မြန်မာ့တပ်မတော်ရှိ အမျိုးအစား-၆၉ ပင်မတိုက်ပွဲဝင်တင့်ကားတစ်စီးအား အနီးကပ်တွေ့ရစဉ်ဖြစ်ပါသည်။ အမျိုးအစား-၅၉ဒီ ပင်မတိုက်ပွဲဝင်တင့်ကားများ မရောက်ရှိမှီကပင် တပ်မတော်သံချပ်ကာတပ်၊တင့်ကားတပ်များတွင် အသုံးပြုသည်ဟု သိရပါသည်။

တရုပ်တပ်မတော်၏ အမျိုးအစား-၆၉ ပင်မတိုက်ပွဲဝင်တင့်ကားတစ်စီး


အမျိုးအစား-၆၉ တင့်ကားများအား ဆက်လက်လေ့လာလိုပါက

http://en.wikipedia.org/wiki/Type_69/79

Sunday, January 15, 2012

Aung Zay Ya Frigate test ASW

ဘုရင့်နောင်စစ်ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသော ရေငုပ်သင်္ဘောဖျက်ဒုံးစနစ်

အောင်ဇေယျဖရီးဂိတ်ကြီး

မြန်မာ့တပ်မတော်ရေ ရေတပ်သင်္ဘောကျင်းထုတ် ၁၀၈မီတာရှိသည့် အောင်ဇေယျဖရီးဂိတ်ကြီးကို ရေငုပ်သင်္ဘောဖျက်ဒုံးများ စမ်းသပ်ပစ်ခတ်နေစဉ်ဖြစ်ပါတယ်...။ အရင်က အနော်ရထာ ၇၇၁၊ဘုရင့်နောင် ၇၇၂ ကော်ဗတ်စစ်ရေယာဉ်များတွင် တပ်ဆင်မထားသော်လည်း နောက်ပိုင်းတွင် အဆင့်မြင့်တင်မှုပြုလုပ်သည့်အနေဖြင့် ရေငုပ်သင်္ဘောဖျက်ဒုံးများ တပ်ဆင်လာပြီဖြစ်သည်။
အနော်ရထာ ကော်ဗတ်စစ်ရေယာဉ် ၇၇၁

ဘုရင့်နောင် ကော်ဗတ်စစ်ရေယာဉ် ၇၇၂

ရေငုပ်သင်္ဘောဖျက်ဒုံး ပစ်ခတ်မှုစနစ်

၇၇စီးရီး ကော်ဗတ်စစ်ရေယာဉ်ပုံသစ်များရှိရင် ပို့ပေးကြပါဦးခင်ဗျာ...။

Friday, January 13, 2012

Myanmar Army MG-3 GPMG

မြန်မာ့တပ်မတော်ထုတ် ၇.၆၂မမကျည်သုံး စက်သေနတ်အားအနီးကပ်တွေ့ရစဉ်


မြန်မာ့တပ်မတော်မှ MG-3 စက်သေနတ်၏ ထုတ်လုပ်မှုနည်းပညာများကို ဂျာမနီနိုင်ငံမှ တရားဝင်လိုင်စင်ယူထုတ်လုပ်ခြင်းဖြစ်ပြီး မိမိတို့နည်းတူ မူလဂျာမနီနိုင်ငံသည်လည်း MG-3 များကို အသုံးပြုနေဆဲဖြစ်ပါသည်။



အဝေးထိန်းစက်သေနတ်စနစ်အား Dingo-၂ သံချပ်ကာကားပေါ်တွင် တွေ့ရစဉ်

မြန်မာ့တပ်မတော်သုံး MG-3 စက်သေနတ်များအား အနာဂါတ်တွင် ယခုတွေ့ရသောစနစ်ကဲ့သို့ ပြောင်းလဲတပ်ဆင်သင့်ပါသည်...။

အာဖဂန်စ္စတန်ရောက် ဂျာမနီတပ်ဖွဲ့တစ်ဦးအား MG-3 စက်သေနတ်နှင့်အတူတွေ့ရစဉ်

နည်းပညာအဆင့်မြင့်စွာအသုံးပြုထားသော MG-3 စက်သေနတ်အား အဝေးထိန်းစက်သေနတ်စနစ်များအဖြစ် ပြောင်းလဲတပ်ဆင်ထားသည်ကို တွေ့ရပါသည်..။သံချပ်ကာယာဉ်များပေါ်တွင် တပ်ဆင်ရန်အလွန်သင့်တော်မည်ဖြစ်ပါသည်။

နိုင်ငံတကာသုံး အဝေးထိန်းစက်သေနတ်စနစ်များအကြောင်း အလျှင်းသင့်သလို ဖော်ပြပေးပါဦးမည်ခင်ဗျာ..။

Thursday, January 12, 2012

ခေတ်မှီတပ်မတော်ကြီးဆီသို့....

အဆင့်မြင့်တင်မှု ပြုလုပ်မည့် အမျိုးအစား-၆၃ အပေါ့စားတိုက်ပွဲဝင်တင့်ကားတစ်စီး


တရုပ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံတွင် အမျိုးအစား-၆၃ အပေါ့စားတိုက်ပွဲဝင်တင့်ကား၊ ကမ်းတက်တင့်ကားများအား အဆင့်မြင့်တင်မှုပြုလုပ်ခဲ့စဉ်က ဖြစ်ပါသည်။ အမျိုးအစား-၆၃ တင့်ကားများတွင် ၈၅မမ ပင်မပြောင်းတပ်ဆင်ပြီး ကုန်း၊ရေ နှစ်သွယ်မောင်းနှင်နိုင်ပါသည်။
ရန်ငြိမ်းအောင် စစ်ရေယာဉ်

မြန်မာ့တပ်မတော်ရေ၏ ဟိုင်နန်းအမျိုးအစား ရန်ငြိမ်းအောင် (၄၄၃) ရေငုပ်သင်္ဘောဖျက်စစ်ရေယာဉ် တစ်စင်းအား ကျောက်ဖြူရေတပ်စခန်းအနီးတွင် တွေ့ရစဉ်ဖြစ်ပါသည်။ တရုပ်နိုင်ငံမှ ၁၉၉၃ ခုနှစ်ဝန်းကျင်တွင်
အစီးရေ ၁၀စင်းဝယ်ယူခဲ့ပါသည်။ ခေတ်မှီနိုင်ငံတော်ကြီးတစ်ခုတည်ဆောက်နေချိန်တွင် အမိမြန်မာပြည်အား အပြည့်အဝကာကွယ်ပေးနိုင်မည့် ခေတ်မှီတပ်မတော်ကြီးတစ်ခုမှာ လိုအပ်ပါသည်။ ရေတပ်မှစစ်ရေယာဉ်များအား အဆင့်မြင့်တင်ခြင်းမှစ၍ ပိုမိုခေတ်မှီသော
လက်နက်များတပ်ဆင်ခြင်းစသည့်ဖြင့် ပြုလုပ်သင့်ပါသည်။ စစ်သည်များ၏ စစ်ဝတ်စုံများမှအစ ပြောင်းလဲတပ်ဆင်ပေးခြင်းဖြင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပိုမိုအားရှိစေမည်ဖြစ်ပါသည်။ ဒေသတွင်းစစ်တပ်များရှိ စစ်သည်များ၏ စိတ်ဓါတ်နှင့်နှိုင်းယှဉ်လျှင်မှု မိမိတို့ဘက်မှ အသာစီးရနေသည်မှာ မှန်သော်လည်း မိမိတို့အနေဖြင့် ဒေသတွင်းရှိ စစ်သည်များနည်းတူ အဝတ်အစားမှစ၍ ရိက္ခာအလုံအလောက်ရရှိနိုင်မှု၊ခြေလျင်တပ်ရင်းများမှ ရဟတ်ယာဉ်များအသုံးပြုနိုင်မှုစသည်ဖြင့် အများနည်းတူရရှိပါက လက်ရှိအသုံးပြုနေသည့် ဗျူဟာများသည် ပိုမိုအသုံးဝင်လာမည်ဖြစ်သည်ဟု သိရပါသည်။


တပ်မတော်(လေ) အပေါ့စားတိုက်ခိုက်ရေးရဟတ်ယာဉ် အမ်အိုင်-၂များအား အဆင့်မြင့်တင်မှု ပြုလုပ်ခဲ့စဉ်က ဖြစ်ပါသည်။
အမ်အိုင်-၂ ရဟတ်ယာဉ်များ

တရုပ်နိုင်ငံတွင် အဆင့်မြင်တင်မှု ပြုလုပ်နေသည့် လေတပ် ဝိုင်-၈ဒီ သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး

အခုတွေ့နေရတဲ့ အချက်တွေအရ မြန်မာ့တပ်မတော်ကြီးကို အဘက်ဘက်မှ ခေတ်မှီတပ်မတော်ကြီး ဖြစ်လာစေရန် အဆင့်မြင့်တင်မှုပြူလုပ်နေသည်ကို တွေ့ရပါသည်ခင်ဗျာ...။ စီးပွားရေတောင့်တင်းလာသည်နှင့်အမျှ မိမိတို့တပ်မတော်ကြီးကို လက်ရှိအခြေအနေထက် ဒေသတွင်းနိုင်ငံများလေးစားလောက်သည့် အဆင့်သို့တက်လှမ်းကြရမည် ဖြစ်ပါတယ်ခင်ဗျာ...။

Tuesday, January 10, 2012

မြေပြင်ပစ်ကူပေး အမ်အိုင်-၁၇ ရဟတ်ယာဉ်များ




မြန်မာ့တပ်မတော်လေ အမ်အိုင်-၁၇ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ကြီးများအား တွေ့ရစဉ်ဖြစ်ပါသည်။ တပ်မတော်လေရှိ အမ်အိုင်-၁၇ ရဟတ်ယာဉ်ကြီးများအား အန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြင့်တင်မှုများ ပြုလုပ်ခဲ့ဘူးပြီး နောက်ပိုင်းနှစ်များတွင် မူရင်းထုတ်လုပ်သော နိုင်ငံဖြစ်သည့် ရုရှားအကူညီဖြင့် အဆင့်မြင့်တင်မှုများ ပြုလုပ်ခဲ့သည်ဟု သိရပါသည်။ လေတပ်ရှိ အမ်အိုင်-၁၇၊၈ ရဟတ်ယာဉ်တချို့တွင် မြေပြင်ပစ်ကူပေးလက်နက်များ တပ်ဆင်နိုင်သည်ဟု သိရပါသည်။

မြေပြင်ပစ်ကူပေး ဗုံး၊ဒုံးလက်နက်များနှင့်အတူတွေ့ရသော အမ်အိုင်-၁၇ ရဟတ်ယာဉ်

အမ်အိုင်-၁၇ ပေါ်တွင်တပ်ဆင်ထားသော ဗုံး၊ဒုံးလက်နက်များအား ပစ်ခတ်စမ်းသပ်နေစဉ်


(ဓါတ်ပုံ-ဖိုးတရုပ်)

ဘင်္ဂလားဒေ့်လေတပ် အမ်အိုင်ဂျီ-၂၉ အသစ်လား..။

ဘင်္ဂလားဒေ့်လေတပ် အမ်အိုင်ဂျီ-၂၉

ယူကရိန်းနိုင်ငံက လေဆိပ်တစ်ခုမှာတွေ့ရတဲ့ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်ပါ...။ မြန်မာ့တပ်မတော်မှ အမ်အိုင်ဂျီ-၂၉ ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်များ အစီးရေ ၂၀ ဝယ်ယူသည့် သတင်းသည် အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့်အတွက် မည်မျှလောက် စိုးရိမ်စိတ်ဖြစ်ပေါ်စေနိုင်ခဲ့သည်ကို အနည်းငယ်လေ့လာရုံမျှဖြင့် သိရှိနိုင်မည်ဖြစ်ပါသည်။ လေကြောင်းရန်ကာကွယ်ရေးဒုံးလက်နက်များ မိမိတို့အနေဖြင့်ပိုင်ဆိုင်ထားကြောင်း ဖော်ပြလိုသည့်အနေဖြင့် Fm-90 တာတိုပစ်ဒုံးလက်နက်စနစ်များအား ထုတ်ဖော်ပြသလာရသည့် အထိဖြစ်ခဲ့ပါသည်။ လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့်လေတပ်တွင် အမ်အိုင်ဂျီ-၂၉ ၁၀စင်းရှိပြီး ယခုတွေ့ရသော တိုက်လေယာဉ်မှာ အဆင့်မြင့်တင်ထားခြင်းပေလော..၊ အသစ်ထပ်မံဝယ်ယူလိုက်ခြင်းပေလော.. ကျွှန်ုပ်အနေဖြင့် အတိအကျမသိရပါ...။

မြန်မာ့တပ်မတော်လေ အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်အသစ်အား စမ်းသပ်မောင်းနှင်နေစဉ် (ပြည်ပတွင်)

မြန်မာ့တပ်မတော်အတွက် ဖြစ်သည်ဟုသိရသော အမ်အိုင်ဂျီ-၂၉ တိုက်လေယာဉ်တစ်စင်းအား တွေ့ရစဉ်ဖြစ်ပါသည်။ မြန်မာ့တပ်မတော်လေရှိ တိုက်လေယာဉ်ပုံများ ဆက်လက်ဖော်ပြပေးပါဦးမည်ခင်ဗျာ...။

Monday, January 9, 2012

New Frigate for Myanmar Navy

၁၀၈ မီတာ ဖရီးဂိတ်စစ်ရေယာဉ် တည်ဆောက်ရေး လုပ်ငန်းခွင်

မြန်မာ့တပ်မတော်ရေ ရေတပ်သင်္ဘောကျင်းတွင် တည်ဆောက်နေသော ၁၀၈မီတာအရှည်ရှိ ဖရီးဂိတ်ကြီးအား တည်ဆောက်နေစဉ် ဖြစ်ပါသည်။ မြန်မာ့ရေတပ်အတွက် အောင်ဇေယျ ဖရီးဂိတ်ကြီးအား ရေတပ်သင်္ဘောကျင်းမှပင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍ ဖရီးဂိတ်ကြီးများတည်ဆောက်နေဆဲဖြစ်ကြောင်း သိရပါသည်။

ကမ်းလွန်ရေနံလုပ်ကွက်တစ်ခုအား စောင့်ရှောက်ပေးနေသည့် ရေတပ်မှ ၅စီးရီး စစ်ရေယာဉ်တစ်စင်း

ပင်လယ်ပြင်တွင် ကြံခိုင်မှုရှိနေစေရန် လေ့ကျင့်နေကြသော ရေတပ်မှစစ်သည်များ

မြန်မာ့ရေတပ်မှ တည်ဆောက်ခဲ့သည့် အောင်ဇေယျဖရီးဂိတ်ကြီးအပြင် ဖရီးဂိတ်များ နောက်ထပ်တည်ဆောက်နေဆဲဖြစ်ပြီး မြန်မာ့ရေပြင်ပိုင်နက်အားကာကွယ်ရန် ရေငုပ်သင်္ဘောတပ်ဖွဲ့များပါ ထည့်သွင်းပါဝင်လာကြတော့မည်ဟု သိရပါသည်။

ကျောက်ဖြူ အခြေဆိုက် ဓညဝတီရေတပ်စခန်းမှ ဟောင်ဇင် ဒုံးတပ်စစ်ရေယာဉ်တစ်စင်း

တရုပ်နိုင်ငံမှ ၁၉၉၆ခုနှစ်ဝန်းကျင်တွင် လက်ခံရရှိခဲ့ခြင်းဖြစ်ပြီး စစ်ရေယာဉ် ၆စင်းစလုံးအပေါ်တွင် စီ-၈၀၁ ရေပြင်မှရေပြင်ပစ် ဒုံးလက်နက်များတပ်ဆင်ထားပါသည်။ မြန်မာ့ရေတပ်မတော်၏ ပထမဆုံး ရေပြင်မှရေပြင်ပစ်ဒုံးတပ်ဆင်ထားသော စစ်ရေယာဉ်များဖြစ်ပါသည်။