Friday, June 1, 2012

မဟာသီဟသူရ ဒုံးတပ်ဖရီးဂိတ် စစ်ရေယာဉ်ကြီး



မြန်မာ့တပ်မတော် (ရေ)ရှိ စစ်ရေယာဉ်များ အဆင့်မြှင့်တင်ရေးဆိုင်ရာ စီမံကိန်းများအရ တရုပ်နိုင်ငံမှ ဝယ်ယူထားသော ဖရီးဂိတ်စစ်ရေယာဉ်များအား စစ်ရေယာဉ်ချင်းပစ်ခတ်မှုတွင် အကဲသာစေရန်အတွက် ရည်ရွှယ်၍ မူလတပ်ဆင်ထားသည့် ဒုံးလက်နက်ထက်ပို၍ ခေတ်မှီ၊ထိရောက်သော စီ-၈၀၂ ရေပြင်မှရေပြင်ပစ်ဒုံးလက်နက်များဖြင့် ပြောင်းလဲတပ်ဆင်ထားပြီးဖြစ်ပါသည်။ ယခုထက်ပို၍ အဆင့်မြှင့်တင်မှု ပြုလုပ်လိုပါက အရှေ့တွင်တပ်ဆင်ထားသော လေယာဉ်ပစ်စက်အမြောက်များအစား FM-90N (သို့) IGLA×၆-ဂ ပူးတွဲများဖြင့် ပြောင်းလဲတပ်ဆင်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ပြောင်းလဲတပ်ဆင်နိုင်ပါက စစ်ရေယာဉ်အတွက် လေကြောင်းရန်ကာကွယ်မှုတွင် လက်ရှိအခြေအနေထက် သိသိသာသာ တိုးတက်လာနိုင်မည်ဟု ယူဆရပါသည်။

Igla × ၆ ပြောင်း တာတိုလေယာဉ်ပစ်ဒုံး


တပ်မတော် (ရေ)၏ မဟာသီဟသူရ ဖရီးဂိတ်စစ်ရေယာဉ်ကြီး

စစ်ရေယာဉ်ပေါ်တွင် တပ်ဆင်ထားသော စစ်လက်နက်များအသေးစိတ်

အထက်ကမူရင်းပုံကို အနည်းငယ် ပြန်ပြုင်ထားပါတယ်။

မြန်မာ့တပ်မတော် (ရေ)တွင် လက်ရှိ ဖရီးဂိတ် (၃) စင်း တာဝန်ထမ်းဆောင်နေပြီး မကြာမှီကာလတွင်ပင် ဖရီးဂိတ် စစ်ရေယာဉ်အသစ်များ ရရှိလာမည်ဖြစ်ရာ တပ်မတော် (ရေ)၏ ဖရီးဂိတ်စစ်ရေယာဉ် (ဂ)စင်း ပိုင်ဆိုင်ရန် ရည်မှန်းချက်မှာ အကောင်အထည်ပေါ်လာတော့မည်ဟု မျှော်လင့်ရပါသည်။ နောက်ပိုင်းတွင် ထုတ်လုပ်သော ဖရီးဂိတ်စစ်ရေယာဉ်များအနေဖြင့် ဒီဇိုင်းပုံစံသစ်များ ခေတ်မှီနည်းပညာများ အများအပြားပါဝင်လာမည်ဟု သိရပါသည်။

(ရေးထားတဲ့ အချက်လက်တွေထဲက အမှားတွေပါခဲ့ရင် ဝေဖန်ပေးကြပါဦးခင်ဗျာ...)

4 comments:

  1. Battleshipရုပ်၇ှင်မှာUSစစ်ရေယာဉ်ကရေဒါကတဆင့်ရန်သူယာဉ်ကြီးရဲ့သွားနေတဲ့အရှိန်နဲ့ေ၇ာက်မယ့်နေရာကိုတွက်ချက်ပြီးဒုံးနဲ့ပစ်တာကိုတွေ့ရပါတယ်။C-801
    C-802နဲ့Uranဒုံးတွေရောအဲ့ဒီလိုစနစ်မျိုးနဲ့ပစ်တာပဲလား။ဒါမှမဟုတ်ဒုံးရဲ့ကိုယ်ပိုင်လမ်းညွှန်မှု့နဲ့ပစ်တာလားဆိုတာသိချင်ပါတယ်။

    ReplyDelete
  2. battle ship မှာ ရေယာဉ်မှာပါတဲ့ ရေဒါစနစ်သုံးလို့မရတဲ့ အတွက် ကမ်းခြေကရှိနှင့်ပြီး လှိုင်းတိုစနစ်သုံး ဆူနာမီ အချက်ပြစနစ်ကို အခြေခံပြီး ဒုံးကျည်တွေပစ်သွားတာပါ။

    ReplyDelete
  3. Could someone please translate the post into English? Thanks a lot!

    ReplyDelete
  4. ကျွန်တော် ဒီ blog ကို အရမ်းကြိုက်ပါတယ်။ မြန့် မာ့တပ်မတော်ရဲ့ စစ်ရေးစွမ်းရည်တွေကို ကျယ်ကျယ်ဝင့်ဝင့် သိချင်နေတာကြာပါပြီ။ လိုက်လည်းရှာမိပါတယ်။ အခုမှ ဒီsite ကို ၀င်မိတာပါ။ မြန်မာ့တပ်မတော်ရေမှာ submarine ရှိလား သိချင်ပါတယ်။ ခေတ်မီ submarine တစ်ဆင်းရှိခြင်းက စစ်ရေးချိန်ခွင်လျှာကို အများကြီးပြောင်းလဲ စေနိုင်တယ်လို့ ထင်ပါတယ်။ မြန့်မာ့ကမ်းရိုးတန်းကို စောင်ရှောက်ဖို့  ဟာကွက်တွေ အများကြီးရှိသေးတယ်လို့ ထင်ပါတယ်။

    ReplyDelete