Monday, November 28, 2011

ဘော်ဖာယာဉ်တင် လေယာဉ်ပစ်အမြောက်စနစ်

မြန်မာ့ရေတပ် စစ်ရေယာဉ်များ စစ်ရေးလေ့ကျင့်နေကြစဉ်

နိုင်ငံတကာနည်းတူ မြန်မာ့ရေတပ်တွင်လည်း စစ်သည်အမျိုးသမီးများ စစ်မေများအား လက်နက်ငယ် သင်တန်းတစ်ခုတွင် တွေ့ရပုံဖြစ်ပါသည်။

မြန်မာ့တပ်မတော်ရေ ရေတပ်စစ်မေများ ၄၀မမ ဘော်ဖာလေကြောင်းရန်ကာကွယ်ရေး အမြာက်အားလက်တွေ့ပစ်ခတ်မှု လေ့ကျင့်ခန်းပြုလုပ်နေကြစဉ်ဖြစ်ပါသည်။၄၀မမ ဘော်ဖာအမြာက်တင်ထားသော
ယာဉ်သည် အမေရိကန်ထုတ် အမ်၉၀၈ စစ်ယာဉ်ဖြစ်နိုင်ပါသည်။

မြန်မာ့ရေတပ် စစ်မေများ၏ ၄၀မမအမြောက်အား ပစ်ခတ်စမ်းသပ်နေမှုကို တွေ့ရပါသည်။ကမ်းရိုးတန်ရှည်းလျားသော မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ် မဖြန့်ကျက်ထားနိုင်မည် ယခုကဲ့သို့သော ယာဉ်တင်လေယာဉ်ပစ်အမြောက်များသည် အလွန်အသုံးတည့်မည် ဖြစ်ပါသည်။ရွေ့ပြောင်းမှုလွယ်ကူခြင်း၊ယာဉ်တင်စနစ် ဖြစ်သည့်အတွက် အမြောက်အတွက်သီးသန့် အမြောက်ဆွဲယာဉ်မလိုတော့ဘဲ လျင်မြန်စွာ တပ်ချထားနိုင်ခြင်းစသည့် အကျိုးများရရှိစေမည် ဖြစ်ပါသည်..။၄၀မမ ဘော်ဖာများသာမကဘဲ လက်ရှိအသုံးပြုနေသော လေယာဉ်ပစ်အမြောက်အချို့ အား ယာဉ်တင်အမြောက်စနစ် အဖြစ်ပြောင်းလဲအသုံးပြုခြင်းဖြင့် ပိုမိုအကျိုးရှိနိုင်ပါသည်။မြန်မာတပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်များတွင်
လေယာဉ်ပစ်အမြောက်များ၊ပုခုံးထမ်းဒုံးကျည်များ အလုံအလောက်ရှိနေပြီဖြစ်ရာ အချို့ ကိုယာဉ်တင်စနစ်ပြောင်းလဲသင့်ပါသည်။အရင်ကလည်း ကျွှန်တော်တင်ဘူးပါတယ် လေကြောင်းရန်ကာကွယ်ရေး အမြောက်စနစ်ပုံအချို့ ကို အကြောင်းအမျိုးမျိုးကြောင့် ပြန်ဖြုတ်ထားလိုက်ပါတယ်..။
(အခုလို အားလုံးသိခွင့်ရအောင် ပုံတွေအမြဲပို့ပေးတဲ့ ကိုဗညားကို အားလုံးကိုယ်စား အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ...။ပုံရဲ့ဆိုက်ကို အများကြီးလျှော့ထားပါတယ်... :D)

No comments:

Post a Comment