Tuesday, November 1, 2011

မြန်မာ့ရေတပ် ၅၅၄ နှင့် ဘင်္ဂလားဒေ့် အက်ဖ်-၁၅ ဖရီးဂိတ်


၂၀၀၉ခုနှစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့်နှစ်နိုင်ငံ ရေပြင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှု ပြဿနာဖြစ်စဉ်က ဘင်္ဂလားဒေ့်ရေတပ် ဖရီးဂိတ်စစ်ရေယာဉ် အက်ဖ်-၁၅ နှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည့် မြန်မာ့ရေတပ် အမြန်တိုက်ခိုက်ရေးယာဉ် ၅၅၄အားတွေ့ရစဉ် ဖြစ်ပါသည်။၅၅၄ အမြန်တိုက်ခိုက်ရေး၏ တိုက်စွမ်းရည်နှင့်တော့ ဘင်္ဂလားဒေ့်၏ စစ်ရေယာဉ်ကို ဖျက်ဆီးနိုင်မည်မဟုတ်ပါ ထို့ကြောင့် မြန်မာ့ရေတပ် အမြန်တိုက်ခိုက်ရေးယာဉ်များတွင် စီ-၈၀၂ ရေပြင်မှရေပြင်ပစ် ဒုံးများတပ်ဆင်ထားသင့်ပါသည်..။

အထက်ပါပုံကို ရေပြင်ပိုင်နက်ပြဿနာတွေ ဖော်ပြတဲ့အခါမှာ အမြဲဖော်ပြတတ်ကြပါတယ်.. ပုံထဲမှာမြင်ရတဲ့ စစ်ရေယာဉ်တွေဟာ မြန်မာ့ရေတပ် စစ်ရေယာဉ်တွေမဟုတ်ပါဘူး အင်္ဂလန်ထုတ် ဖရီးဂိတ် အက်ဖ်-၁၅ နှင့် စင်ကာပူမှ လက်ဆောင်ပေးထားတဲ့ စစ်ရေယာဉ် မီကာ ဖြစ်ပါတယ်...။
ရေပြင်ပိုင်နက် အငြင်းပွားမှုအတွင်းက မှတ်တမ်းပုံတွေအတော်များများ ရှိပင်မဲ့ ဖော်ပြခွင့်မရှိပါခင်ဗျာ... :D
မြန်မာ့ရေတပ်မှ ၅၇ အင်းယား စစ်ရေယာဉ်နှင့်ထိတွေ့မှုမျိုး၊ ၅၅စီးရီး စစ်ရေယာဉ်များ၏ စစ်ရေးလေ့ကျင့်မှု အစရှိသည့်ပုံများကို ဖော်ပြခွင့်မရပါခင်ဗျာ... :D (ရေတပ်ဆိုင်ရာ ဓါတ်ပုံများရှိပါက ပို့ပေးကြပါခင်ဗျာ..။)

No comments:

Post a Comment