Tuesday, September 28, 2010

အောင်ဇေယျ အမျိုးစား ပဲ့ထိန်းဒုံးပါ ဖရီးဂိတ်များ

အခုတလော အလုပ် အရမ်းရှုပ်နေလို့ဘာမှ မတင်နိုင်သေးပါဘူး...ရေးချင်တာကများ အချိန်ကမရ ဖြစ်နေတယ်...
ဟိုတလောကကြားရတဲ. သတင်းတွေမှာ မြန်မာ့ရေတပ်က ရှရုားနိုင်ငံမှ ရေတပ်သုံး အမြောက်တွေ ၀ယ်ယူတယ်လို့ ကြားရပါတယ်။ဒါဟာမြန်မာရေတပ်ထုတ် ဖရီးဂိတ်တွေမှာ တပ်ဆင်ဖို့ ဖြစ်နိုင်ပါတယ်...ဖရီးဂိတ်တွေကို ၂-၃ စင်းထုတ်လုပ်မယ်လို့ ကြားသိရပါတယ်...Google Earth မှ မြင်ရတဲ့ပုံဟာ ဖရီးဂိတ် အောင်ဇေယျ လား၊အသစ်တည်ဆောက်နေတဲ့ နောက် တစင်းလားဆိုတာ အတိအကျ မသိရသေးပါဘူး။ဖြစ်နိုင်တဲ့ လက်နက် တပ်ဆင်မှု ကတော့ ၁၀၀မမ ၁လက်၊FN-90M မြေပြင်မှဝေဟင် ပစ်ဒုံး၊အေကေ-၃၂၀ ၃၇မမ ၄လက်၊စီ-၈၀၂-၈၀၃ ရေပြင်မှရေပြင်ပစ် ဒုံး ၈လက်၊၁၄.၅မမ လေယာဉ်ပစ် စစ်သေနတ် ၄လက် ဖြစ်နိုင်ပါတယ်။

Friday, September 24, 2010

Kamaz-43269 ရုရှားသံချပ်ကာကား


Kamaz-43269 သံချပ်ကာယာဉ်အား Kama Automobile plant မှထုတ်လုပ်ခဲ.ရာ Mustang ကားအုပ်စု၏ ကိုယ်ထည်ကိုသုံးကာ ဘီးကို ၄ဘီးမောင်းအဖြစ် ရုရှားဖက်ဒရေးရှင်း ကာကွယ်ေ၇းဝန်ကြီးဌါန၏ အမှာစာအရ ပြုလုပ်ခဲ့သည်။သံချပ်ကာကားတွင် ကျည်ကာသံကိုယ်ထည်အဆင့် ၅(အေ) တပ်ဆင်ထားပြီး ယာဉ်ဝန်းထမ်း ၂ဦးအတွက် လုံလောက်သော သီးသန့်နေရာနှင့် လိုက်ပါသူဂဦး အတွက် သီးသန့်နေရပါရှိပြီး တံခါး၂ခုနှင့်အပေါ်မှဖွင့်နိုင်သည့်အပေါက်၂ခုပါရှိသည်။သံချပ်ကာကား၏အလေးချိန်မှာ ၁၂တန်ရှိပြီး ကုန်၂.၅ တန်တင်နိုင်သည်။မြင်းကောင်ေ၇၂၄၀ အားရှိ ဒီဇယ်အင်ဂျင်တပ်ဆင်ထားပြီး အမြန်ဆုံးနှုန်း ၁နာရီလျှင် ကီလိုမီတာ၉၀ဖြင့်သွားလားနိုင်သည်။သံချပ်ကာကားသစ်သည်အလွန်အားကိုရပြီး
ပြုပြင်ထိန်းသိမ်းရန်လွယ်ကူသည်။ရုရှားတစ်နိုင်ငံလုံးတွင် ပြုပြင်ရေးဌါန၁၂၄ခု ဖွင့်လှစ်ထားသည်။
ရုရှားနိုင်ငံ၏ နယ်ခြားတပ်ဖွဲ့များတွင် အသုံးပြုရန်အတွက် ပြည့်စုံစွာ စမ်းသပ်ခဲ့၇ာ အလွန်အောင်မြင်ခဲ့သည်။
Kamaz-43269 သံချပ်ကာယာဉ်

Thursday, September 23, 2010

မြန်မာ့တပ်မတော်ရေ ၅၅၁ အမျိုးစား လေယာဉ်ပစ်သေနတ်ပါ သင်္ဘော

မြန်မာရေတပ်မတော်ရှိ ၅၅၁ အမျိုးစား စစ်သင်္ဘောတွေကို ၂.၁.၁၉၉၆ ခုနှစ်မှာစတင် အသုံးပြုပြီး ၅၅၂ ကို ၄.၁.၁၉၉၆ မှာစတင်အသုံးပြုတယ်လို.သိရပါတယ်။ဒီ စစ်သင်္ဘောတွေဟာ ၄၅ မီတာအရှည်ရှိပြီး တန်ချိန် ၂၂၀-၂၃၅ ထိရှိပါတယ်။တပ်ဆင်ထားတဲ.လက်နက်တွေကတော. အစပိုင်းမှာ တရုပ်နိုင်ငံမှ ၃၇မမ သင်္ဘောပစ် အမြောက်တွေတပ်ဆင်ထားပြီးနောက်ပိုင်းမှာ ပိုမိုပစ်အားကောင်းတဲ. Oerlikin ၃၅မမ ပြောင်းပါ လေယာဉ်ပစ်စစ်သေနတ် ၂ လက်၊၃၀မမ ကေအေ၂၃၀ ၁ လက်၊အမျိုးစား၇၄ ၁၂.၇မမ လေယာဉ်ပစ်သေနတ် ၂ လက် တပ်ဆင်ထားပါတယ်။
၁၉၉၆ခုနှစ် တပ်ဆင်စ ၃၇မမ သေနတ်အမျိုစား

ပြောင်းအသစ်တပ်ဆင်ပြီးတွေ.ရပုံ

Saturday, September 18, 2010

မြန်မာ့လေကြောင်းရန်ကာကွယ်ရေးလက်နက်


မြန်မာ့လေကြောင်းရန်ကာကွယ်ရေးလက်နက် ZPU-4 ၁၄.၅မမ ဖြစ်ပါတယ်။မြန်မာနိုင်ငံတွင်း တစ်နေရာပါ။

Friday, September 17, 2010

ဘင်္ဂလားဒေ. ရဲ. တပ်မတော်နည်းပညာ

ကျွန်တော်တို.ရဲ.ရန်သူ ဘင်္ဂလားဒေ. နိုင်ငံရဲ. တပ်မတော် နည်းပညာ အကြောင်းပြောချင်ပါတယ် ဘာလို.လဲဆိုတော့ သူတို.က ကိုယ်ပိုင်နည်းပညာနဲ. အလိုလျောက်ချိနရွယ်ပစ်ခတ်စနစ် တီထွင်နိုင်လို.ပါဘဲ။သူတို.နည်းပညာက ဒီလိုပါ M56 ၁၀၅မမ အမြောက်ကို အမျိုးစား၆၂ တင့်ကားပေါ်တင် ပြီးတော. အမြောက်ရဲ.ထောက်တွေကိုဖြုတ် အမြောက်ဘေးပတ်ပတ်လည်ကနေ သံပြားဂဟေဆော် ပြီးတော. အပေါ် ၁ ပေါက် ဘေး ၁ ပေါက်ဖောက် ဒါပါဘဲ သူတို.ရဲ.မဟာနည်းပညာကတော. ထွင်လည်းထွင်တပ်ပါပေတယ်။
အမျိုးစား၆၂ အလိုလျောက်ချိန်ရွယ်ပစ်ခတ်စနစ်

M56 105မမ အမြောက်

အမျိုးစား၆၂ တင်.ကား

မြန်မာ့အမြောက်တပ် M1985 MLRS

မြန်မာတပ်မတော် အမြောက်တပ်ရဲ. M1985 MLRS ကို မြောက်ကိုးရီးယာ နိုင်ငံမှ ၂၀၀၄ ခုနှစ်မှ စတင် တင်သွင်းခဲ့ပါတယ်။မြောက်ကိုးရီးယား နိုင်ငံဟာ M1985 နှင့် M19991 အတွဲလိုက်ပစ်အမြောက်စနစ်တို.ကို ထုတ်လုပ်ခဲ.ပါတယ်။
M1985 ကို ၁၉၈၅ ခုနှစ် မှာ စတင်ထုတ်လုပ်ခဲ.ပြီး အမြောက်ပြောင်း ၁၂ ပြောင်းပါကာ ၂၄၀မမ ပြောင်းဖြစ်ပြီး တာဝေး ၄၃ကီလိုမီတာ ထိပစ်ခတ်နိုင်ပါတယ်။မြောက်ကိုး၇ီယားနိုင်ငံဟာ ၄င်းစနစ် ကို အီရန် နိုင်ငံကို လည်းရောင်းချခဲ.ပါတယ်။အမြောက်တင်ယာဉ်ဟာ တန်ချိန် ၁၅တန်ရှိပြီး ၁ နာရီ ၆၀ ကီလိုမီတာနှုန်းနဲ. မောင်းနှင်နိုင်ပါတယ်။

M1991 အတွဲလိုက်ပစ်အမြောက်စနစ်ကို ၁၉၉၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ.ပြီး ၄င်းနိုင်ငံရဲ. အားထား၇တဲ. အမြောက်စနစ်ပါ။ယင်းစနစ်ကို ပြည်တွင်းမှာ ဘဲအသုံးပြု ပြီး ပြည်ပ ကို ထုတ်မရောင်းပါဘူး။M1991 စနစ်ကို M1985 စနစ်ရဲ.အားနည်းချက်ကို သုံးသပ်ပြီး နည်းပညာအသစ်များဆက်လက်ပေါင်းစပ်ထားပါတယ်။M1991 စနစ်မှာ အမြောက်ပြောင်း ၂၂ ပြောင်းပါကာ ၂၄၀မမ ပြောင်းဖြစ်ကာ တာဝေး ၄၃ ကီလိုမီတာ ထိဖြစ်ကာ သာမာန် ကျည်များအပြင် ဓါတုလက်နက်များ တပ်ဆင်ပြီး ပစ်ခတ်နိုင်ပါတယ်။အမြောက်ယဉ်ကို ၆ဘီးတပ် ယာဉ်ကို အသုံးပြုပါတယ်။

မြန်မာ့ ၂၄၀မမ အတွဲလိုက်ပစ်အမြောက်စနစ်ဟာ M1985 အမျိုးစားဖြစ်ပြီး အမြောက်ပစ်ယာဉ်ကို M1991စနစ်ရဲ. အမြောက်ပစ်ယာဉ် ကို အသုံးပြုထားပါတယ်။စီးရေအတိအကျ မသိ၇သေးပါဘူး။

Wednesday, September 15, 2010

မြန်မာအမြောက်တပ် Nora B-52 Self-propelled Howitzer


ဒီကနေ.တော့ မြန်မာတပ်မတော် အမြောက်တပ်ရဲ. အလိုလျောက်ချိန်ရွယ်ပစ်ခတ်အမြောက် စနစ် ဖြစ်တဲ. Nora B-52 အကြောင်းပေါ.။Nora B-52 ကို ဆားဘီးယားနိုင်ငံမှ ၂၀၀၃ခုနှစ်မှ စတင်စမ်းသပ်ခဲ.ပြီး ၂၀၀၆ ခုနှစ်မှ စတင်ထုတ်လုပ်ခဲ့ပါတယ်။Yugoimport SDPR မှ ပုံစံထုတ် ထုတ်လုပ်ခဲ.ပါတယ်။၁၅၂မမ အမြောက်ဖြစ်တဲ. M-84 NORA-A ကို KamAZ 63501(သို.မဟုတ်) FAP-2882 8ဘီးတပ်ယာဉ်ပေါ်မှာ တပ်ဆင်ထားခြင်းဖြစ်ပြီး တာဝေးပစ်ခတ်မှုစနစ် မှာ အလွန်ကောင်းမွန်ပါတယ်။လက်ရှိ အသုံးပြုသူတွေကတော့ မြန်မာ၊ကင်ညာ နှင်. ဆားဘီးယားနိုင်ငံတို.ဖြစ်ပါတယ်။အမြောက်ရဲ.ပစ်အားဟာ ၃၉ကီလိုမီတာ ထိပစ်ခတ်နိုင်ပါတယ်။မြန်မာနိုင်ငံကို ၂၀၀၆ ခုနှစ်မှာ စတင်တင်ပို.ခဲ့ပြီ Nora B-52 စနစ်ရဲ.ပထမဆုံး သုံးဆွဲတဲ့ နိုင်ငံဖြစ်ပါတယ်။စက်ယာဉ်ပိုင်းမှာတော့ တန်ချိန် ၂၈တန်၊တာဝေးပစ်ခတ်နိုင်စွမ်း ၂၀-၄၁ ကီလိုမီတာ၊မြင်းကောင်ရေအား ၃၆၀၊အမြန်ဆုံးမောင်းနှင်နိုင်စွမ်း ၁ နာရီ ၈၀-၁၀၀ ကီလိုမီတာဖြစ်ပါတယ်။


Tuesday, September 14, 2010

မြန်မာ့ရေတပ် ၇၇၁ ကော်ဗတ်များ



မြန်မာ့ရေတပ်ထုတ် ၇၇၁ အမျိုးအစားကော်ဗတ်တွေဟာ ဒေသတွင်းက ကော်ဗတ်တွေနဲ. ယဉ်နိုင်ပါတယ်။စွမ်းရည် ချင်း၊ထုထည်ချင်း မှာယှဉ်နိုင်မယ့်နိုင်ငံ မရှိပါဘူး။ဒါကြောင်.လည်း နိုင်ငံတကာ သတင်းတွေမှာ ၇၇၁ ကို ဖရီးဂိတ်လို.ခေါ်ကြပါတယ်။မလေးရှားနိုင်ငံထုတ် ကော်ဗတ်တွေ ဟာလည်း တန်ချိန် ၆၇၅၊မီတာ ၆၂.၃၊၉.၃၊၂.၈ ဘဲရှိပါတယ် အမြန်နှန်းကတော. ၃၆နှော. (၁နာရီ/၆၇ ကီလိုမီတာ) ဖြစ်ပါတယ်။လက်နက်ပိုင်းဆိုင်ရာမှာ မြန်မာက သာပါတယ်။မြန်မာ့ ၇၇၁၊၇၇၂၊၇၇၃ ကော်ဗတ်တွေဟာ တန်ချိန် ၁၂၀၀-၁၃၅၀ ထိရှိပါတယ် လက်နက်စနစ်ကတော့ ၇၆မမ ၁ လက်၊စီ-၈၀၂ (ရေပြင်မှရေပြင်ပစ် ဒုံး) ၄ စင်း၊type-၅၆ ၄ လက်၊ရေငုပ်သဘောင်္တိုက်ဖျက်ရေးဒုံး RBU-1200 (၆ပြောင်းပါ) ၂ ခု တို.ဖြစ်ပါတယ်။ဘင်္ဂလားဒေ့နိုင်ငံမှာတော. ကော်ဗတ် စစ်သဘောင်္တွေမရှိပါဘူး။မြန်မာ့ စစ်ရေယာဉ် ၇၇၁ တွေကို ဆက်လက် အဆင့်မြင့်တင် ဖို.ဆိုရင် တရုပ် ထုတ် FM-90N(မြေပြင် မှ ဝေဟင်ပစ်)ဒုံးတွေ တပ်ဆင် နိုင်ပါတယ်။ဒါဆိုရင် ၇၇၁ အုပ်စုဟာ ဘင်္ဂလားဒေ့ ရေတပ်ကို ကောင်းကောင်း တိုက်ဖျက် နိုင်ပါမယ်။ဘင်္ဂလားဒေ့ရဲ.တစ်ခုတည်းသော FM-90N ပါ BNS Bangabandhu ကို ဖျက်ဆီးပစ်နိုင်ပါမယ်။FM-90N ဒုံးဟာ ၇၇၁ မှာတပ်ဆင်သင့်တဲ့ လက်နက်စနစ် ဖြစ်ပါတယ်။

မြန်မာ့ရေတပ် ၅၅၆ နှင်. ဘင်္ဂလားဒေ့ ဖရီးဂိတ်များ


ကျွန်တော်တို့နိုင်ငံရဲ့ ရေတပ် နဲ့ ဘင်္ဂင်္လားဒေ့ရေတပ် စစ်သင်္ဘောတွေ နှိုင်းယှဉ်မှုကို သတင်းဌါနတွေမှာ မှားယွင်းစွာ အမြဲဖော်ပြတတ်ကြပါတယ်။ဒီလိုဆို တော့လည်းယှဉ်ကြည့်တာပေါ့လေ...
မြန်မာနိုင်ငံထုတ် စစ်သင်္ဘော ၅၅၆ အမျိုးအစား တွေမှာ C-802 SSM(Surface-to-Surface Missile) တွေတပ်ဆင်ထားပါတယ်။လက်ရှိ မြန်မာရေတပ်မတော် မှာ ၅၅၆ အုပ်စု ၅ စီး အပါအ၀င် ဒုံးကျည်တင် တိုက်ခိုက်ရေး အမြန်ယာဉ် ၁၁ စီး ရှိပါတယ်။ဘင်္ဂလားဒေ့ ရေတပ် မှာ ဖရီးဂိတ် စစ်သင်္ဘော ၅ စီး ရှိ ပါတယ် ဒါပင်မဲ့ စစ်သင်္ဘော ၃ စီးမှာဘဲ ဒုံးကျည်တပ်ဆင် နိုင်ပါ တယ်။ကျန် ၂ စီးမှာတော့ ဖရီးဂိတ် အမည်ခံ ရုံပါဘဲ ဘာစွမ်းရည်မှ မည်မည်ရရ မပါပါဘူး။ဒါ့ပြင့် ကျွန်တော်တို့ နိုင်ငံမှာ ဖရီးဂိတ် တွေ၊ ကော်ဗတ် တွေ တပ်ဆင် ထုတ် လုပ် နေချိန် ဘင်္ဂလားဒေ့နိုင်ငံ မှာ တော. တရုပ် ရေတပ် စီးမှ အားကိုးတကြီး ၀ယ်ယူနေရ ပါတယ်။၅၅၆ ရေယဉ် အုပ်စု ၁ စု နှင့် တင် ရန်သူ. ဖရီးဂိတ် တွေကို ဖြိုခွင်းနိုင်ပါတယ်။